Part 19 (Unicode)

Start from the beginning
                                        

ရင်ရှုပ် - " သမဂ္ဂ Page ကနေတောင် သူငိုနေတဲ့ပုံ တက်လာတယ်လေ... "

သန့် - " အဲ့ဒါက နွေးက လူယုံသတ်တာ ... ရင်ရှုပ် နင် ပါးစပ်ကလေးကနေ ပေါက်ကရ သိပ်မပြောနဲ့ ... ငါ့ဆီမှာ နင်မူးပြီးကနေတဲ့ ပုံရှိတယ်... နင့်အစ်မ မမြင်စေချင်ရင် ငြိမ်နေလိုက်... "

ရင်ရှုပ် - " ဟယ်... အဲ့နေ့က နင်တစ်နေကုန် အလုပ်ရှုပ်နေတာလေ... အဆိုတော်တွေကို အနောက်မှာ ဧည့်ခံတာရယ်၊ အရှေ့ဘက်ကို ကျောင်းသားတွေ ဝင်မရအောင် ပိတ်နေရတာရယ်ဆိုတော့ နင်နဲ့ငါတောင် မတွေ့ဘူးလေ..."

သန့် - " ရင်ရှုပ် ... ရင်ရှုပ် ... နင်က ငါ့ကို လျှော့တွက်လွန်းတာကိုး... အဲ့နေ့က ရိုက်ကူးရေးသမားတွေက ပုံတွေ ငါတို့ကိုပဲ အပ်ရတာလေ... နွေးနဲ့ငါက တင်ဖို့ပုံရွေးတဲ့ဟာ နင့်ပုံက ငါ့ဆီရောက်လာတာပေါ့ ... နင့်အစ်မ မသိစေချင်ရင် နင်အငြိမ်နေ... "

ရင်ရှုပ် - " နင် ယုတ်မာတာ ကြည့်စမ်း... အဲ့ဒါကြောင့် နင့်မမက နင့်ကို ပလစ်တာ... "

သန့် - " ဟဲ့... တိတ်စမ်း ... ဆယ်တန်း စာမေးပွဲနဲ့ ဆိုတော့ သူမအားလို့ နေမှာပေါ့..."

ရင်ရှုပ် - " နင်ပဲ အကောင်းမြင်... လည်လွန်းတဲ့ဘီး ချီးနင်တယ်တဲ့... နင်လည်း သူနဲ့မှ ခံရပြီ... "

သန့် - " တော်စမ်းပါ... မမက ငါ့ကို ဘယ်တော့မှ ထားသွားမှာ မဟုတ်ဘူး... "

ရှမ်းမ - " ငါတော့ မထင်ဘူး... နင်မကြာချင် စော်ပစ်ခံရတော့မှာ... ဂုဏ်ယူပါတယ် သူငယ်ချင်း... "

ပြောပြောဆိုဆိုနှင့် လက်ခုပ်ထတီးသော ရှမ်းမကြောင့် ရင်ရှုပ်က အော်၍ရယ်သကဲ့သို့ သန့်ကတော့ မျက်စောင်းထိုးမိလေသည်။

..............................

တစ်ညတစ်ခါ ပုံမှန်လာနေသော ဖုန်းကို မကိုင်ဘဲ ထားလိုက်ရသည်မှာ
ကျွန်မ သန့်အပေါ်၌ ရက်စက်ခြင်း မဟုတ်ပေ။

ကျွန်မတို့နှစ်ဦး၏ ဘဝရှေ့ရေးအတွက် ဆုံးဖြတ်ချက် ချလိုက်ခြင်းပင်။

Messenger သို့ ဝင်လာသော "ဘာလို့ဖုန်းမကိုင်တာလဲ" ဟူသည့် သန့်၏ စာကြောင့် စိတ်မကောင်း ဖြစ်ရပြန်သည်။

The Rope (Own Creation)Where stories live. Discover now