Part 19 (Unicode)

Start from the beginning
                                        

သန့် - " ဟာ... ဒါမျိုးကျ ဉာဏ်ကောင်းသွားပြန်ပြီ... ဆိုလိုရင်းကို တန်းသဘောပေါက်... "

ကျွန်မ - " ငါ ဖုန်းချပစ်မှာနော်... "

သန့် - " အဲ့ဒါနဲ့ပဲ ချိန်းခြောက်နေ... အင်းပေါ့ ဒီလူက မနေနိုင်အောင် အသည်းစွဲ ချစ်မိနေတာကိုး... ချေထားပေါ့ရှင်... ရှင်က ချေလေလေ ကျွန်မက ကြွေလေလေနဲ့... ချစ်ခြင်းငယ်ပြိုင်မှာ ရှုံးနိမ့်သူပေါ့ရှင်... "

ကျွန်မ - " ကြည့်... အဲ့လို တတ်နေလွန်းလို့ကို စိတ်မဆိုးနိုင်တာ... တစ်ခါလောက်တော့ အသန့်လေးကို စိတ်ဆိုးကြည့်ချင်တယ် ... ခက်တာက အသန့်လေး ဘာလုပ်လုပ် ခွင့်လွှတ်နေနိုင်တာပဲ... "

သန့် - " အဲ့လောက်ထိ ချစ်တယ်ပေါ့လေ... "

ကျွန်မ - " ဟင်... မသိဘူးလေ... မပြောတတ်ဘူး... "

...........................

သန့်က ကျွန်မနဲ့ မတန်လောက်အောင်ကို တော်လွန်းတဲ့ကလေးပါ... ကျွန်မက သူ့ဘဝရှေ့ရေးအတွက် ခလုတ်ကန်သင်း ဖြစ်မိနေမှာကို ကျွန်မစိုးရိမ်မိသည်...

ပတ်ဝန်းကျင်၌ သန့်ကို ရဲဝံ့စွာ ကျွန်မ လက်မတွဲနိုင်သည့်အတွက်လည်း အားနာမိပေသည်။ ယခုကဲ့သို့ ရှေ့ဆက်နေကြလျှင် သံယောဇဉ်ပိုတိုးရန်သာ ရှိပြီး နှစ်ဦးနှစ်ဖက် နာကျင်ရပေမည်။

ကျွန်မ သန့်ကို ရှောင်နေခဲ့မိသည်။

...........................

မဥ္ဇူဆောင်၏ မြေညီထပ် Hall အတွင်း အသန့်တို့ သူငယ်ချင်းသုံးဦးသား အတူထိုင်နေကြ၏။

သန့် - " ဟဲ့... ငါ့မမကလေ ငါ့ဖုန်းကို မကိုင်တာ တစ်ပတ်လောက်ရှိပြီ... ကျောင်းသင်္ကြန် ကတည်းကပဲ... "

ရင်ရှုပ် - " အဲ့ဒါကြောင့် အဲ့နေ့က နင်ငိုနေတာလား... "

ရှမ်းမ - " ဟင်... ကျောင်းသင်္ကြန်တုန်းက အသန့် ငိုသေးတယ်လား... "

ရင်ရှုပ် - " နင်မသိဘူးလား... သာဒီးလူက လိုသလိုသုံး ဆိုတဲ့အချိန် အဲ့ကောင်မ စင်အောက်မှာ အော်ငိုတာလေ... "

ရှမ်းမ - " ဟုတ်လား... ငါမသိလိုက်ဘူး... "

သန့် - " ဘယ်သိမလဲ ... နင်က ဘဲနဲ့ သာယာနေတာကိုး... "

The Rope (Own Creation)Where stories live. Discover now