Part 19 (Unicode)

Start from the beginning
                                        

ကျွန်မ - " အင်းနော်... အသန့်လေး ပြောတော့လည်း ဟုတ်သလိုလိုပဲ... "

သန့် - " ဟုတ်ကိုဟုတ်တာ... ဒီစကားတွေ လူတကာကို ပြောလို့မရဘူး... လူကို ရူးနေတယ်ပဲ ပြောပြီး လက်မခံကြဘူး... လူငယ်တွေ အသုံးမကျဘူး အသုံးမကျဘူးနဲ့ သူတို့ လူကြီးတွေကပဲ ဖျက်စီးပစ်နေတာကိုကျ မသိဘူး... Generation တစ်ခုလောက်က အလယ်မှာ ပစ်စလက်ခတ်ဖြစ်သွားခဲ့တာ ... ကြိုးစားတဲ့ လူငယ်တွေကိုဆို နေရာမပေးချင်ကြဘူး... တအားဖိတယ်... ပြောရင်တော့ စေတနာ ဘာညာနဲ့ ... တကယ်က လူငယ်တွေ တအားတော်လာရင် သူတို့နေရာကို လုသွားမှာ ကြောက်ကြတာ.. လူတွေကို မယုံနဲ့ မမ ... Nobody can 100% honest နော်... "

ကျွန်မ - " အင်းပါ... သက်ငယ်စကားသက်ကြီးကြားနေရတယ်... "

သန့် - " မမကတော့ ထင်မယ်... အသန့်လေးက ဆရာလုပ်တယ်ဆိုပြီး... မမ အနှစ်၂၀ ဆိုတဲ့ အတောအတွင်း အသန့်လေး လူအမျိုးမျိုးနဲ့ ကြုံခဲ့ဖူးတယ်... အသန့်လေးရဲ့ ဘဝ အတွေ့အကြုံက မမထက်တောင်မှ များနေနိုင်သေးတယ်... "

ကျွန်မ - " အဲ့တစ်ခုတော့ ထောက်ခံတယ်... ဘာလို့ဆို မမက အိမ်မှာပဲ အနေများလို့ ပြင်ပ အတွေ့အကြုံ သိပ်မရှိဘူး... ဆရာမသာဖြစ်လာတယ်... ရွာတွေမှာ တာဝန်ကျတော့လည်း အဆောင်နဲ့ကျောင်းက တစ်ဝန်းတည်း... အခု ကိုယ့်ရွာကိုယ်ပြန်ရောက်တော့လည်း အိမ်နဲ့ကျောင်းက လွဲရင် ဘာမှမသိဘူး... အဲ... သိတာ တစ်ခုတော့ရှိတယ်... "

သန့် - " ဘာတုန်း... "

ကျွန်မ - " အသန့်လေးကိုလေ... "

သန့် - " ဟင်... ဒီတောသူမက ဒါမျိုးကျတော့ လည်သွားပြန်ပြီ... "

ကျွန်မ - " အချစ်နဲ့တွေ့ရင် လူတိုင်းက ကဗျာဆရာတဲ့... မမအတွက်ကတော့ အချစ်နဲ့တွေမှ လိမ္မာပါးနပ်လာခဲ့တာဆိုတော့ အချစ်နဲ့တွေ့ရင် လူတိုင်းဟာ ပညာရှိပဲ... "

သန့် - " အင်းပေါ့... ဘာလို့ဆို မမ ချစ်မိတဲ့လူက အသန့်လေးလို ဉာဏ်ကောင်းတဲ့သူ ဖြစ်နေတာကိုး... ဟဲဟဲ... အသန့်လေးကတော့လေ မမကို ချစ်မိခါမှ အရင်ကလိုမဟုတ်ဘဲ တုံးသွားတာ... "

ကျွန်မ - " သြော်... သောက်ကလေးလေး... နင်က ငါ့ကို တုံးတယ်လို့ ပြောလိုက်တာပေါ့လေ... "

The Rope (Own Creation)Where stories live. Discover now