ကျွန်မ - " ဒါဆို Parallel Universe မှာ မမတို့က အတူရှိနေနိုင်တာပဲ ... "
သန့် - " ဒါပေါ့... အသန့်လေးက ဒီ့ထက် ချမ်းသာပြီးအောင်မြင်တဲ့သူ ဖြစ်နေမယ် ထင်တယ်... ဟီးဟီး... "
ကျွန်မ - " ရှင်သိပ်လောဘကြီး... "
သန့် - " အသန့်လေးဘဝ ဒီ့ထက်မြင့်တဲ့နေရာရောက်မှ မတွေဝေဘဲ မမကို လူရှေ့ထုတ်ပြရဲမယ် ထင်တယ်... တောင်းပန်ပါတယ် မမ... အသန့်လေး သတ္တိနည်းနေသေးတယ်... "
ကျွန်မ - " မမလည်း သတ္တိမဲ့သူပါကွယ်... "
သန့် - " ပြီးတော့ အသန့်လေးက အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိတာနော်... မမကိုမှ မဟုတ်ဘူး ဘယ်သူ့ကိုမှ အသန့်လေး လက်မထပ်ဘူး... အဲ့ဒါတော့ယုံ... မမကို လက်မထပ်နိုင်သလို အသန့်လေး တခြားသူနဲ့လည်း လက်မထပ်ဘူး... ကတိပေးတယ်... "
ကျွန်မ - " အဲ့လိုလုပ်စရာ မလိုပါဘူး... မမထက် အသန့်လေးအပေါ် ကောင်းတဲ့လူ တွေ့လာခဲ့ရင် သူနဲ့လက်တွဲလိုက်... မရေရာတဲ့ သံယောဇဉ်နဲ့ အသန့်လေးကို ဆွဲမထားဘူး..."
သန့် - "သန္တာရောင်က အဲ့လောက်တောင် ရက်ရောတယ်ပေါ့လေ... မမ ရက်ရောလည်း အလကားပဲ... အသန့်လေးက အဲ့လိုကတိကို ပေးရတာ အကြောင်းရှိတယ်... Phobia တစ်ခုလို့ဆိုရမယ်ထင်တယ်... အသန့်လေးက အိမ်ထောင်ပြုရမှာကို ကြောက်တဲ့ Psycho ရှိနေတာ... Gamophobia လို့ ခေါ်တယ်... လက်ထပ်ရမှာကို သေမှာထက် ကြောက်တဲ့လူမျိုးပေါ့... အဲ့ဒါကြောင့် မေမေက အသန့်လေးကို အိမ်ထောင်ပြုဖို့ စီစဉ်ပေးမယ် ပြောတိုင်း ငြင်းနေခဲ့တာ... အသန့်လေး စိတ်ရောဂါအထူးကုနဲ့တွေ့ပြီး ဆွေးနွေးခဲ့ဖူးလို့ ကိုယ့်ကိုယ်ကိုယ် သိခဲ့ရတာ ... မေမေ့ကို ပြောပြတာ မေမေက မယုံချင်ဘူး... အင်းလေ... ဒါမျိုးတွေက လူတစ်ရာမှာ တစ်ယောက်လောက်ပဲ ဖြစ်နိုင်တဲ့ဟာ... အသန့်လေး ပညာတော်သင်သွားချင်တာ အဲ့ဒါကြောင့်လည်းပါတယ်... ဟိုက ဆရာဝန်တွေက ဒီနိုင်ငံမှာထက် ပိုတော်တယ်လေ... နည်းနည်း ဆွေးနွေးတိုင်ပင်ချင် လို့လေ... "
ကျွန်မ - " ထူးဆန်းလိုက်တာ... အဲ့လိုရောဂါတွေလည်း ရှိသေးတာလား... "
သန့် - " ဒီ့ထက် ထူးဆန်းတာတွေတောင် ရှိသေးတယ်... လူကြီးတွေဆို ပြောလေ့ရှိတယ်လေ... ဆုတ်ခေတ်ရောက်လာပြီ ... ထူးဆန်းတာတွေ ဖြစ်လာတယ်၊ လူတွေက တစ်ယောက်နဲ့တစ်ယောက် အကြင်နာတရားမရှိတော့ဘူး၊ သတ်ကြဖြတ်ကြနဲ့ ဘာညာ ဆိုပြီး... တကယ်တော့လေ ဒါတွေက အရင်ကတည်းက ဖြစ်နေကြတာပဲ... အခုခေတ်လို Social Media တွေ မရှိ၊ ရုပ်သံတွေမရှိခဲ့သေးလို့ တစ်နေရာမှာ တစ်ခုခုဖြစ်ရင် မသိခဲ့ကြတာ ... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 19 (Unicode)
Start from the beginning
