Part 19 (Unicode)

Start from the beginning
                                        

ကျွန်မနှင့်သန့်တို့ ပုံမှန်ပင် ဆက်လက်၍ စကားပြောဆို ဖြစ်ကြပေသည်။

သံယောဇဉ် မပြတ် တည်ရှိခဲ့ကြပေသည်။

သန့် - " မနေ့က ဖုန်းမကိုင်လို့ ထပ်မဆက်တော့တာ... "

ကျွန်မ - " အင်း... လိုင်းက တစ်ခါတစ်ခါ မကောင်းဘူး အသန့်လေးရဲ့... "

သန့် - အင်း... အသန့်လေး ဆက်သွယ်ရေးဝန်ကြီး ဖြစ်တော့မှ မမအိမ်ရှေ့မှာ ဖုန်းတိုင်လာထောင်ပေးမယ်... "

ကျွန်မ - " အင်း... လုပ်လိုက်လေ... "

သန့် - " ဟင်း... ကျောင်းပြီးတာနဲ့ ထွက်သွားတော့မယ့်ဟာကို... "

ကျွန်မ - " အဲ့သည့်စကား ထပ်ပြောပြန်ပြီ ... "

သန့် - " ဟင်... "

ကျွန်မ - " ထွက်သွားမယ်ဆိုတဲ့ စကားလေ... အချိန်တန်ရင် ခွဲရတော့မှာ သိပေမယ့် မမ အဆင်သင့်မဖြစ်သေးဘူး... ကြိုးစားရဦးမယ်... "

သန့် - " အသန့်လေးက 2021 မှာ ဘွဲ့ထပ်ရမှာဆိုတော့ 2022 မှ ထွက်သွားဖြစ်မှာလေ မမရယ်... နှစ်နှစ်ကြီးတောင် ကျန်သေးတယ်... ပြီးတော့ အခုရော တစ်နှစ်နေလို့ တစ်ခါတွေ့ရဖို့တောင် အနိုင်နိုင်... ဖုန်းပြောလိုက်၊ စာပို့လိုက်၊ Video call ခေါ်လိုက်နဲ့ဟာ... အသန့်လေး ထွက်သွားလို့လည်း ပိုဝေးသွားမှာမှ မဟုတ်တာ... ပြီးတော့ ကျောင်းပိတ်ရင် ပြန်လာမှာပဲဟာ... "

ကျွန်မ - " အဲ့လိုဆိုပေမယ့် အခုက တစ်နိုင်ငံတည်းမှာ ရှိနေရသေးတယ်လေ... "

သန့် - " မမလိုတွေးကြေးဆို အသန့်လေး ပညာတော်သင်သွားရင်လည်း တစ်ကမ္ဘာတည်းမှာ အတူရှိနေရသေးတာပဲလေ... "

ကျွန်မ - "ကြည့်... စကားတတ်တိုင်း လျှောက်ပြောနေပြန်ပြီ... "

သန့် - " ဟုတ်တယ်လေ... အသန့်လေးက Parallel Universe ကို ရောက်သွားတာမျိုးမှ မဟုတ်တာ ... "

ကျွန်မ - " Parallel Universe ဆိုတာ ဘာကြီးလဲ... "

သန့် - " အင်း... အပြိုင်ကမ္ဘာပေါ့ ... အသန့်လေးတို့ နေထိုင်တဲ့ ဘဒ္ဒကမ္ဘာလိုပဲ နောက်ထပ်ကမ္ဘာရှိနေနိုင်တာမျိုးပေါ့... ဘုရားရှင်ရဲ့ တရားတော်တွေထဲမှာ အနန္တစကြာဝဠာ ဆိုတာ ပါတယ်လေ... ကမ္ဘာအပါအဝင် အခြားဂြိုဟ်ကြီးတွေ တည်ရှိတဲ့ ဒီစကြာဝဠာကြီးက ဒီတစ်ခုတည်း တည်ရှိတာမဟုတ်ဘူး... အလားတူ စကြာဝဠာတွေ ရှိနေနိုင်တယ်... ဒါကို သိပ္ပံပညာရှင်တွေကပါ လက်ခံထားကြတယ်... အဲ့သည့် Parallel Universe မှာ အသန့်လေးလည်း ရှိတယ်... မမလည်း ရှိတယ်... ဒါပေမယ့် ဆုံစည်းပုံ၊ ပက်သတ်ဆက်နွယ်ပုံက တူချင်မှ တူနိုင်မယ်... "

The Rope (Own Creation)Where stories live. Discover now