အသက်ထက်ပိုသော(၄၂)

Start from the beginning
                                    

"ဟင့်အင်း ရာရာချီထားချင်သေးတယ်"

သျှင်းမြတ် ရာရာ့ဘေးနားမှာဝင်ထိုင်လိုက်သည် ။ သျှင်းကရာရာလေးကိုသူ့ပုခုံးပေါ်မှာမှီစေလိုက်သည် ။

"အချိန်တွေကမြန်လိုက်တာနော် ၊ ကိုယ်တို့စတွေ့ခဲ့ကြတာမနေ့တနေ့ကလိုပဲ"

သျှင်းကရာရာလေးရဲ့ခေါင်းလုံးလုံးလေးကိုနမ်းလိုက်သည် ။ ရာရာလေးပြုံးလိုက်သည် ။

"ဒေါ်လေးသာမရောင်းစားခဲ့ရင်ရာရာလည်းကိုကိုနဲ့တွေ့မှာမဟုတ်လောက်ဘူး"

"အခုလိုအခြေအနေတွေကိုကလေးမိဘတွေမြင်ရင်ကိုယ့်ကိုသဘောကျပါ့မလား"

"သဘောကျမှာကျိန်းသေပါတယ် ၊ ကိုကိုကရာရာ့အတွက်တံတိုင်းကြီးတစ်ခု ၊ သမီးလေးရဲ့ဖေဖေကကိုကိုမို့လို့ ဖေဖေနဲ့မေမေသဘောကျမှာပါ"

"ကိုကို့ကလေးလေးပင်ပန်းသွားရပြီ ၊ ခဏအိပ်လိုက်ပါဦး ၊ သမီးလေးအိပ်တဲ့အချိန်ကလေးအိပ်ထားမှပေါ့"

"ကိုကိုကရော"

"ကိုကိုကဘာမှမဖြစ်ဘူး အကြမ်းခံနိုင်တယ် ၊ အခုအချိန်မှာကလေးကသွေးနုသားနုလေး ကျန်းကျန်းမာမာရှိနေမှဖြစ်မှာ ၊ အိပ်လိုက်နော်"

"ဒါဆို ရာရာခဏအိပ်မယ်နော်"

ဗိုက်ခွဲထားရတာကြောင့် နေရထိုင်ရတာပင်ပန်းနေမယ်ဆိုတာသျှင်းခံစားမိသည် ။ ဒီကြားထဲ လမ်းတောက်လျှောက်သမီးကိုချီထားပြီးဘယ်သူ့လက်ထဲမှလည်းမထည့် ။ အခုတော့သမီးလေးကိုပုခတ်ထဲထည့်လိုက်သည် ။ သမီးလေးကတော့အိပ်နေလိုက်တာ ။ အိပ်နေတဲ့သမီးလေးကသူ့မျက်လုံးထဲမှာတော့ တောင်ပလွန်းတဲ့ရတနာတစ်ပါးလိုပင်ဖြစ်နေသည် ။

"ဘာမှမတွေးဘဲနှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက်နော်"

ရာရာလေးရဲ့နားထင်ကိုနမ်းလိုက်ပြီး စောင်လေးခြုံပေးကာအခန်းထဲကထွက်လာခဲ့လိုက်သည် ။ အခန်းထဲကထွက်လာတော့ အခန်းရှေ့မှာမတ်တပ်ရပ်နေကြသည့်သူငယ်ချင်းတစ်သိုက် ။

သျှင်းမြတ် - မင်းတို့ကဒီမှာဘာလုပ်နေကြတာလဲ

မိုးသောက် - အိန်ဂျယ်လေးဆီလာတာလေ အဲ့တာ မဝင်သင့်တဲ့အခြေအနေနဲ့တိုးတော့ဒီအတိုင်းရပ်နေတာ

အသက်ထက်ပို​သော(Completed)Where stories live. Discover now