အသက်ထက်ပိုသော(၃၈)

Start from the beginning
                                    

"မေမေတို့လည်းပြန်ကြရအောင်လေသားငယ် နော်"

"ဟုတ်"

အိမ်မှာရာရာလေးကိုထားခဲ့ဖို့စိတ်မချသည့်မေမေကရာရာလေးကို သူမရုံးသို့ခေါ်သွားသည် ။ ရာရာလေးကိုသားလေး တစ်ယောက်လိုပဲသေချာဂရုစိုက်ပေးသည့်မေမေကြောင့်ရာရာလေးဝမ်းသာမျက်ရည်ကျရပြန်သည် ။

"ဘာလို့ငိုရတာလဲသားငယ်ရဲ့ ၊ ကိုကို့ကိုလွမ်းလို့လား"

"မေမေကသားမေမေနဲ့အရမ်းတူလို့ ၊ သားကိုအရမ်းဂရုစိုက်တာပဲ"

"မေမေ့သားလေးပဲဂရုစိုက်တာပေ့ါကွယ် ၊ မေမေ့ကိုသတိရနေတာလား"

ရာရာလေးကခေါင်းတဆက်ဆက်ညိမ့်ရင်း ......

"မေမေ့ကိုရော ဖေဖေ့ကိုရော ပြီးတော့ ဒေါ်လေးကိုလည်းလွမ်းတယ်"

မိသားစုဝင်တွေကိုဆုံးရှုံးလိုက်ရတဲ့ရာရာလေးကိုသူမသနားမိသည် ။ မိဘကိုဆုံးရှုံးထားရတာဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ ။

"သားမှာမိဘတွေမရှိတော့ဘူးလို့ဘယ်သူပြောလဲ ၊ သားဖေဖေနဲ့မေမေက သားရဲ့ဒီနှလုံးသားထဲမှာလေ ၊ နောက်ထပ်မိဘ ကတော့ ဟောဒီမှာပါရှင် ၊ ဒီမေမေချောချောလေးရှိတယ်လေ ၊ မငိုနဲ့တော့ တိတ် ၊ ကိုကိုသိသွားရင်မေမေအဆူခံရမှာရှင့် ၊ သူ့ကလေးကိုဘာလို့ငိုအောင်လုပ်ရတာလဲဆိုပြီးမေးတော့မှာရှင့်"

ရာရာလေးကသွားအစွယ်လေးတွေပေါ်သည်အထိ မျက်လုံးလေးတွေပိတ်ကျသွားသည်အထိရယ်သည် ။ ဒီကလေးကို မြင်သူမချစ်ဘဲနေနိုင်ပါ့မလား ။ ဒါ့ကြောင့်သူမရဲ့သားကဥစ္စာ‌ခြောက်နေတာလည်းအပြစ်ပြောလို့မရ ။ ဒီကလေးကို မမသီရဲ့သားမှန်းမသိခင်အိမ်မှာစတွေ့ကတည်းကတောင် သူမချစ်သည် ။ အခုမြေးလေးကိုပါလွယ်ထားရတော့ပိုလို့ အချစ်တွေတိုးရသည် ။ ညဘက်တွေဆို ကိုကိုနဲ့လေလှိုင်းပေါ်ကစကားပြောရတာလည်းအမော ။

"ကိုကိုညစာစားပြီးပြီလား"

"ပြီးပြီ ၊ ကလေးရောဒီနေ့ဘာတွေစားလဲ"

"မေမေကဒီနေ့ပင်လယ်စာခေါက်ဆွဲလုပ်ကျွေးတယ် ၊ ဒါနဲ့ ကိုကိုသောက်ထားတယ်မလား"

အသက်ထက်ပို​သော(Completed)Where stories live. Discover now