သန့် - " မကြိုက်ပါဘူး... ဘာကိစ္စနဲ့ ကြိုက်ရမှာလဲ... အာရုံပဲ... "
သန့်က ပြောရင်း ဖုန်းကိုသာ ဆက်ကြည့်နေလေ၏။
သန့် - " မာမီ ... ဒီမှာကြည့်စမ်း... ဒီနေ့ပုံတွေ နွေးတင်ထားတာ... "
သန့်က မာမီ့ဘက်သို့ ဖုန်းကို ပေးလိုက်လေ၏။ မာမီက ဖုန်းကို ယူ၍ နွေးတင်ထားသော ပုံများကို ကြည့်နေလေ၏။
ထိုစဉ် သန့်က နေရာမှ ထရပ်ကာ
သန့် - " ရေသွားချိုးလိုက်ဦးမယ်... "
ပြောကာ ဖုန်းကို မာမီ့လက်ထဲ ထားခဲ့၍ ထွက်လာလေ၏။
ရေချိုးခန်းအတွင်း ရေချိုးနေရင်းမှ သန့် တွေးလိုက်မိသည်မှာ...
သန့် - " ဟင်... ငါမေ့ပြီး ဖုန်းကို ပေးခဲ့မိတာ ... နေ့လယ်က မမကို စာပို့ထားတာ တွေ့သွားရင် ပြဿနာပဲ... "
ရေချိုး၊ အဝတ်အစားလဲပြီး၍ အိမ်ရှေ့ ပြန်ထွက်လာလေသောအခါ မာမီက သန့်၏ ဖုန်းကို ဘေး၌ ချထားလေ၏။
မာမီ - " အသန့်လေး... နင် နင့်မမနဲ့များ အဆက်အသွယ်ရှိနေသေးတာလား... "
သန့် - " ဟင့်အင်း... ဘာဖြစ်လို့လဲ... "
မာမီ - " သြော်... အဆက်အသွယ်များ ရှိနေသေးလားလို့ပါ... ဟင်း... မမရေ ချစ်တယ်တဲ့လား... "
သန့်က မာမီ့ကို တစ်ချက် လှည့်ကြည့်လိုက်ကာ
သန့် - " ဘာလဲ ... ပြောလို့မရဘူးလား... ကိုယ့်ရည်းစားဟောင်းကို ချစ်လို့ ချစ်တယ် ပြောတာ ဘာမှားလို့လဲ... "
မာမီ - " ငါ့ကိုကျ အဆက်အသွယ် မရှိတော့ဘူးလို့ လိမ်တယ်လေ... သူက နင့်အပေါ် ဘယ်လောက်ကောင်းနေလို့လဲ ... ဘာကိစ္စ ဒီမိန်းမကို အဲ့လောက်ကြိုက်နေရတာလဲ... နင် ဆေးမိနေတာလား... အသန့်လေး... "
သန့် - " သူက ဘာဖြစ်နေလို့လဲ... "
မာမီ - " ကြည့်မရလို့ ... အမြင်ကပ်တယ်... သူ့ကို Block ပေး ... "
သန့် - " ဆက်ဆံရေးတစ်ခု ပြတ်တောက်သွားတာနဲ့ပဲ Block ပစ်ရမှာလား... အသန့်လေးက မှားတဲ့သူ မဟုတ်လို့ မBlock နိုင်ဘူး... လိပ်ပြာမလုံတဲ့သူတွေကသာ Block ပစ်ကြတာ... အသန့်လေး သူနဲ့ ပတ်သတ်ရင် လိပ်ပြာလုံတယ်... အတတ်နိုင်ဆုံး ချစ်ပေးခဲ့တာပဲလေ... "
ESTÁS LEYENDO
The Rope (Own Creation)
Novela JuvenilAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 18 (Unicode)
Comenzar desde el principio
