Part 18 (Unicode)

Start from the beginning
                                        

သန့် - " အေး... သူတို့ကို ပြန်ပြောလိုက်... ရင်ထဲမှာ မမပဲ ရှိတာလို့ ... "

နွေး - " ချီး... လာပြောင်မနေနဲ့... နင့်လိုလူကိုမှ ရွေးကြိုက်တဲ့လူတွေကို ငါတကယ် အံ့သြတယ်... "

သန့် - " ဒါကတော့... ငါက Attraction ရှိတယ်လေ... ဟဲဟဲ... ထားပါ... Event ပြီးရင် ဝိုင်းကြမှာမလား... ငါပါမယ်နော်... ဘယ်လောက်ထည့်ရမလဲ... "

နွေး - " ကိစ္စမရှိဘူး... ငါစိုက်ထားမယ်လေ... နောက်မှ ပြန်ပေး..."

.......................................

သူငယ်ချင်းတွေနဲ့ စုံရင် ဟိုပြောသည်ပြောနဲ့ Limit ကျော်အောင် သောက်တတ်တဲ့ အကျင့်သည် သန့်အတွက် ဖျောက်ဖျက်ပစ်သင့်သော အကျင့်များထဲမှ တစ်ခုပင်။

Event အပြီး သောက်ရင်း ခြောက်နာရီကျော်သွားသဖြင့် အဆောင်သို့ ပြန်အိပ်၍လည်း မရချေ။ နွေးကလည်း သူ့အိမ်သို့ မဖြစ်မနေ ဆိုင်ကယ်ပြန်ပို့ရမည် ဖြစ်သဖြင့် သန့်နှင့်အတူ အိမ်မပြန်နိုင်ပေ။ သို့ဖြစ်၍ သန့်သည် ၅၉ကားကိုစီးကာ မာမီ့အိမ်သို့သာ ပြန်လိုက်ရလေသည်။ ကားမှတ်တိုင်မှ လမ်းကူးသည်နှင့် အိမ်ကိုတန်းရောက်သည်မို့ မိမိနှင့် ပိုအဆင်ပြေမည် အထင်နှင့် ထိုအိမ်သို့သာ ပြန်ခဲ့လိုက်လေသည်။

မိမိကလည်း သောက်လာသည်မို့ အဆူခံရမည် စိုးသဖြင့် ဘာမှမဖြစ်ခဲ့ဟန်ဖြင့် ဧည့်ခန်းအတွင်း မာမီ့ဘေးနား ထိုင်ကာ ဖုန်းသုံးနေလိုက်၏။

မာမီ - " ဒီဘူးက ဘယ်သူပေးလိုက်တာလဲ... "

သန့် - " သြော်... မာမီ့အတန်းထဲကလေ... ပထမနှစ်က ကလေးမ... "

မာမီ - " ယမုံဝင့်ဝါလား... "

သန့် - " မဟုတ်ပါဘူး... အသန့်လေးမှာ သူတစ်ယောက်တည်း ရှိတာမှ မဟုတ်တာ... "

မာမီ - " ဒါဆို ဘယ်သူလဲ... "

သန့် - " အာ... ဘယ်သူဖြစ်ဖြစ်ပေါ့... အထဲက ချောကလက် ထုတ်စားမလို့မလား... ယူစား... မနက်က တီချယ်နှင်းတို့ကိုတောင် ခွဲပေးလိုက်သေးတယ်... "

မာမီက ထိုဘူးကို ဖွင့်လိုက်ရင်း

မာမီ - " အထဲမှာ စာပါတယ်ဟ... "

သန့် - " ပါတော့ရော ဘာလုပ်ရမှာလဲ... "

မာမီ - " ဟယ်... နင်ကလည်း သနားပါတယ်... ပြန်ကြိုက်လိုက်ပါလား... "

The Rope (Own Creation)Where stories live. Discover now