သန့် - " အကျင့်ပါနေပြီ... အင်္ဂလိပ်စာဌာနမှာ မျက်နှာသွားမပြောင်ရရင် မနေတတ်တော့လို့ ... သူ့သမီးကိုတောင် တောင်းထားပြီးသား... အမေ မရလို့ သမီးယူမယ် ဆိုပြီး... ငါ မမကိုတောင် အသန့်လေးရဲ့ ခိုင်ဆိုတာ ပထမနှစ်တုန်းက Crush တဲ့ ဆရာမ နောက်တော့ ဒီအတိုင်း စနေတာဆိုပြီး ရှင်းထားရသေးတယ်... မမက ငါ့ကို တအားချစ်တာဟ အကုန်နားလည်ပေးတယ်... ငါ မမနဲ့ ပြန်မတွဲပေမယ့် ရည်းစားထပ်မထားတော့ဘူး... နှစ်ယောက်လုံး အဆင်ပြေတဲ့တစ်ချိန် အတူနေမယ်... "
နွေး - " မမက ဘယ်လောက်ချစ်လဲ မချစ်လဲတော့ မသိဘူး... ညီမလေးကတော့ တော်တော်ချစ်တယ်... "
သန့် - " ဟမ်... ဘယ်က ညီမလေးတုန်း... "
နွေး - " နင့် ex လေ... "
သန့် - " ဘယ်တစ်ယောက်လဲ... "
နွေး - " နောက်ဆုံးတစ်ယောက်... New Year မှာ ဖြတ်လိုက်တဲ့ တစ်ယောက်... "
သန့် - " သိပြီ... ၂၀၂၀မှာ ရည်းစားမထားတော့ဘူးဆိုတဲ့ စိတ်ကူးနဲ့ ပြတ်အောင်မနည်းလုပ်ခဲ့ရတဲ့တစ်ယောက်... "
နွေး - " အေး... နင့်ရဲ့ အူကြောင်ကြောင်လုပ်ကွက်တွေမှာ ကျန်ခဲ့ရတဲ့တစ်ယောက်... သူနဲ့တွဲနေတုန်းများ နင့်မမကို အိမ်ပေါ်ခေါ်တင်ခဲ့တာ တကယ် နင့်ကို အံ့သြတယ်... "
သန့် - " ငါက မမကို ချစ်တာကိုးဟ... အမှန်ကလေ... သူ့ကို ငါအဖြေပေးတုန်းက ငါနဲ့ မမနဲ့က အဆက်အသွယ် ပြတ်နေတာ... တွဲနေရင်း ငါဘွဲ့ယူခါနီးမှ အဆက်အသွယ်ပြန်ရလို့ အဲ့ဒါကြောင့် တွဲခဲ့မိတာ... အခုက တကယ်... ရည်းစားထပ်မထားတော့ဘူး... "
နွေး - " ထပ်ထားလည်း နင့်မမ မဟုတ်ဘူး ... ငါက နီးနီးနားနားကနေ သတ်ပေးမယ်... "
သန့် - " မမကို လွမ်းလိုက်တာဟယ်... နေဦး လကုန်ရက် ငါအားတာပဲ... မြောင်းမြပြန်ဦးမယ်... လိုက်မလား ငွေဆောင်သွားကြမယ်လေ... "
နွေး - " ငါ့ကို ဗေဒင်ဆရာက အနောက်အရပ်ကပင်လယ်ကို မသွားရဘူးတဲ့... စာမေးပွဲပြီးမှ ငပလီ သွားမယ်လေ... "
သန့် - " သြော်... အေး... သိပ်ပြီး ထူးခြားနေဦးမယ်... "
နွေး - " အဲ့ဒါ အသာထား... နင့်ရဲ့ အဆက်တွေက နင့်နာမည်နဲ့ ပစ္စည်းတွေ ပို့ခိုင်းထားတယ် ... နင်သွားခါနီးရင်ပြော... ထည့်ပေးလိုက်မယ်... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 18 (Unicode)
Start from the beginning
