Part 18 (Unicode)

Start from the beginning
                                        

သန့် - " ဘာတွေ လျှောက်ပြောနေတာလဲ... အဲ့ဒါ ရေချိုးခန်းကျောက်ပြားတွေက ရေညှိတွေနဲ့ ချောတယ်လို့ ပြောတာလေ... "

ကျွန်မ - " အေးပါ... ကျောက်ပြားထည့်ပြောဖို့ မေ့သွားလို့... အဲ့အချိန်မှာ သြော်...သူက ခပ်ချေချေနေတတ်ပေမယ့် စိတ်ရင်းကောင်းသားလို့ တွေးခဲ့မိတာ... လုံးဝချစ်မိနေပြီဆိုတာ ကိုယ့်ကိုယ်ကို လက်ခံခဲ့တာကတော့ ကျိုက္ခမီမှာ အသန့်လေးက ဟိုဘက်ရွာက ညီအစ်မနဲ့ အပြင်မှာ အခန်းငှါးပြီး သွားနေခဲ့တဲ့အချိန်က ... "

သန့် - " ဒါဆို အသန့်လေးက အရင် ချစ်မိခဲ့တာပဲ... "

ကျွန်မ - " ဟုတ်လား... "

သန့် - " အင်း... အသန့်လေးကို ရှင်ပင်ခရုဘုရားမှာ မမ ထီးလာဆောင်းပေးတဲ့အချိန်မှာ တန်းပြီး ကြွေသွားရော... မမက အသန့်လေး သဘောကျမိတဲ့ ပထမဆုံးလူပဲ... အင်း ... ပထမဆုံးနဲ့ နောက်ဆုံး အသန့်လေးဘက်ကနေ လိုက်ဖူးတဲ့သူဆိုလည်း မမှားဘူး... "

ကျွန်မ - "ဂုဏ်ယူဝမ်းမြောက်မိပါတယ်ရှင်... "

...........................

Valentine's Day Event ရှိတာကြောင့် အသန့်တစ်ယောက် အဆောင်မှ ခပ်မြန်မြန် ထွက်လာလေ၏။

Event Circle ၌ နွေးတစ်ယောက်လည်း အလုပ်ရှုပ်နေလေ၏။

သန့် - " နွေး ငါရောက်ပြီ... ရော့ ဒီမှာ ချိတ်ဖို့ စာတွေ ညကထပ်ရေးလာတယ်..."

နွေး - " ညက ရေးရင်း သောက်ထားသေးတယ်မလား... မဟုတ်ရင် နင် ဒီထက် စောပြီးရောက်မှာ... "

သန့် - " အေး ... မဖြစ်တော့ဘူး... ငါ့ကို မမ လာထိန်းမှ ဖြစ်တော့မယ်... "

နွေး - " ဘာလဲ... အတူတူသောက်ဖို့လား... "

သန့် - " ဟဲ့... ငါ့ မမက ငါ့လို အရက်သမား မဟုတ်ဘူး... သြော်... နွေး ငါ့ကို ပန်းစည်း တစ်စည်းချန်ထားပေး... ငါခဏနေ အတန်းသွားတက်ရင်း ငါ့အသည်းလေးကို ချောင်းလိုက်ဦးမယ်... ဒီနေ့ Friday ဆိုတော့ YUOE သွားမယ် ထင်တာပဲ... "

နွေး - " ဟုတ်တယ်... နင့်မမ နင့်ကို လာထိန်းမှ ဖြစ်မှာ... ဘယ့်နှယ့် နင်တို့ ပြတ်သွားပေမယ့် တစ်ယောက်နဲ့တစ်ယောက် ချစ်နေသေးတာပဲ... ပြန်တွဲကြတာ မဟုတ်ဘူး... သူ့ဖာသာနေတဲ့ တီချယ်အိသက်ကိုလည်း ခုထိ သွားသွားပြီး မျက်နှာပြောင်နေတုန်း... "

The Rope (Own Creation)Where stories live. Discover now