Part 18 (Unicode)

Start from the beginning
                                        

သန့် - " အဲ့တုန်းက အမြင်ကပ်တယ်... အခုက... အခုက... "

သန့်၏စိတ်ကို သိပါသော်လည်း သန့်၏နှုတ်ဖျားမှ ဖြေမည့်အဖြေကို မျှော်လင့်မိပါသည်။

ကျွန်မ - " ဘာလဲ... အခုကျ မုန်းသွားရောလား... "

သန့် - " မမုန်းပါဘူး... ကြည့်မရဖြစ်ရုံလေးပဲ... "

ကျွန်မ - " ကြည့်မရဘူး ဟုတ်လား... အဲ့ဒါဆို ဖုန်းချလိုက်တော့မယ်... "

သန့် - " ဘာလို့လဲ... မမရဲ့... "

ကျွန်မ - " ဟုတ်တယ်လေ... အသန့်လေးက မမကို ကြည့်မရဘူးဆို... ကြည့်မရတဲ့လူနဲ့ ဖုန်းပြောမနေနဲ့တော့ ... "

သန့် - " ဟွန့်... စိတ်ကောက်တာလား ... "

ကျွန်မ - " ကောက်စရာလား... "

သန့် - " မကောက်လည်း ပြီးရောပေါ့... မမ မမက အသန့်လေးကို ဘယ်လိုစသိခဲ့တာလဲ..."

ကျွန်မ - " ဟင်... တို့တွေ ခရီးသွားတုန်းက သိခဲ့ကြတာလေ... "

သန့် - " မဟုတ်ဘူးလေ... အသန့်လေးကို ဘယ်လိုစပြီး သတိထားမိတာလဲလို့ ... တွေ့ကြတာက တစ်ယောက်နဲ့တစ်ယောက် ဘယ်တူမလဲ... ဘယ်သူအရင်မြင်ခဲ့တယ် ဘာညာပေါ့... "

ကျွန်မ - " သိလား... မြင်တာကတော့ မမ အရင်စမြင်ခဲ့တာ... "

သန့် - " ဟုတ်လား... "

ကျွန်မ - " အင်း... ရယ်ချင်တာလေ အဲ့တုန်းက ... အန်တီက အရှေ့ကနေ စကားပြောနေတာကို အသန့်လေးက အနောက်ရောက်နေလို့ မကြားတာလားမသိဘူး ... အဲ့လိုလေ... "

သန့် - " ဟုတ်လား... အသန့်လေးတောင် သေချာမမှတ်မိတော့ဘူး ... အသန့်လေး မှတ်မိတာက အသန့်လေးတို့ သားအမိကို ရယ်နေခဲ့တဲ့ အစ်မကြီးကိုပဲ... "

ကျွန်မ - " တစ်ချိန်လုံးချေမိုးနေပြီးတော့ သူများအိပ်နေတော့မှ ခိုးနမ်းခဲ့တဲ့ ကလေးလေးကိုလည်း မှတ်မိနေပါတယ်ရှင်... "

သန့် - " မမနော်... ဘာမှန်းလည်းမသိဘူး... ဒါဆို ... ဘယ်လို စချစ်မိခဲ့တာလဲ... "

ကျွန်မ - " ထားဝယ်ရောက်တော့ မနက်ခင်းအစောကြီး အသန့်လေးက ရေချိုးပြီးအပြန် မမကို ချောတယ်လို့ ပြောခဲ့တာလေ... "

The Rope (Own Creation)Where stories live. Discover now