သန့် - " ဟင်... မမကလည်း ... ဟွန့် "
ကျွန်မ - " ဟွန့် ... ဟွန့်... "
သန့် - " ဟာ... မမနော် ... မစနဲ့... ငိုမှာ... "
ကျွန်မ - " မစပါဘူး... အတည်ပြောတာ... "
သန့် - " ကိုယ့်ကို Artist မို့လို့ ကိုယ့်အနုပညာကို သဘောကျလို့ ပေးတာလည်း ဖြစ်နိုင်တာပဲ... အဲ့သည့်ပွဲအတွက် အသန့်လေး ဘယ်လောက်ပင်ပင်ပန်းပန်း ကြိုးစားခဲ့ရသလဲ... "
ကျွန်မ - " အင်းပါ... ဟုတ်ပါပြီ... "
သန့်- " သတိရတယ် မမရယ်... သြော်... သိလား မမ... မမကို စတွေ့တုန်းကလေ အသန့်လေး မမကို အမြင်ကပ်ခဲ့တာ... "
ကျွန်မ - " ဟယ်... ဘာလို့လဲ... "
သန့် - " အသန့်လေးနဲ့ မေနဲ့ စကားများနေတာကို မမက ကြည့်ပြီးရယ်နေခဲ့တာကိုး... "
ကျွန်မ - " ဟုတ်လား ... ရယ်မိသွားတာလား ... "
သန့် - " ဟုတ်တယ်လေ... သူများသားအမိက ပွစိပွစိ စကားများနေတာကို ဆိုင်လည်း မဆိုင်ဘဲ ကြည့်ပြီး ရယ်နေတာလေ... အမြင်မကပ်ဘဲနေမလား... မမရဲ့ First Impression က အရေးကြီးတယ်လေ... အဲ့တုန်းက တကယ် အမြင်ကပ်တာ... အသန့်လေးကို ရုတ်တရက်ကြီး ထီးလာဆောင်းပေးတဲ့အချိန်မှသာ ... "
ကျွန်မ - " ဟုတ်လား... အမြင်ကပ်ခဲ့တယ်ပေါ့ ... "
သန့် - " ဒါပေါ့... တော်တော်ရယ်ချင်စရာကောင်းလို့လား..."
ကျွန်မ - " ဟုတ်လား... ရယ်ခဲ့မိတယ်ပေါ့ ... မသိတော့ဘူး... မမှတ်မိတော့ဘူး... "
သန့် - " မမနော်... ဘာလို့ မမှတ်မိရတာတုန်း ... အသန့်လေးဆို မမနဲ့ ပတ်သတ်ရင် အကုန် မှတ်မိတယ်... ဘယ်နေ့မှာ ဘာဝတ်ခဲ့တယ်ဆိုတဲ့ အသေးအဖွဲလေးကအစ... "
ကျွန်မ - " မမက အသက်ကြီးပြီလေ... ဒီတော့ မေ့တတ်ပြီပေါ့ ... ပြီးတော့ မမက အသန့်လေးလို ဉာဏ်လည်းမကောင်းဘူးလေ... "
သန့် - " ဟုတ်ပါပြီ... အဖွားကြီးရယ်... တကယ်ပဲ... အသန့်လေးကတော့လေ အသန့်လေးရဲ့ မှတ်ဉာဏ်တွေက မမအတွက်ပဲ... "
ကျွန်မ - " အင်း... ဟုတ်ပါပြီ... ဒါနဲ့ အရင်တုန်းက အမြင်ကပ်ခဲ့တယ်ဆိုတော့ အခုရော... "
သန့် - " ဟင်... အခု... "
ကျွန်မ - " အင်းလေ... ညီမလေးက မမကို အရင်တုန်းက အမြင်ကပ်ခဲ့တယ်ဆိုတော့ အခုရောလို့ ... "
YOU ARE READING
The Rope (Own Creation)
Teen FictionAs my own style, I rated this story as 13 yrs old & above. (Zawgyi) တချို့သော ကြိုးတွေက မထုံးနိုင်ပေမယ့်လည်း ရုန်းနိုင်ခဲတယ်လေ... Summary အလွန်ထက်မြက်တဲ့ သန့်ကြယ်စင်ဆိုသော မိန်းကလေး ရည်းစားဟောင်းနှင့် ပြဿနာတက်ကာ စိတ်ပြေလက်ပျောက် ခရီးထွက်လာရင်း သန္တာ...
Part 18 (Unicode)
Start from the beginning
