T S P(Ch-4)

11.7K 1.1K 47
                                    

{ Unicode }

................

ဝမ်ရိပေါ်ကညလုံးပေါက်ပြန်မလာခဲ့ဘူး။ရှောင်းကျန့် ဟာဧည့်ခန်းထဲမှာ ဝမ်ရိပေါ် ကိုတစ်ညလုံးထိုင်စောင့်ခဲ့တယ်။

"ရှောင်းကျန့်! ဘာလုပ်နေတာလဲ"

မိုးစင်စင်လင်းတော့မှပဲ ကားသော့ကိုလှည့်ကာအိမ်ထဲဝင်လာတဲ့ ဝမ်ရိပေါ်! အလုပ်မသွားပဲဧည့်ခန်းထဲမှာထိုင်နေတဲ့ ရှောင်းကျန့်ကိုမြင်တော့မေးလေ၏။

"မင်းကရောဘယ်တွေသွားနေတာလဲ"

ဝမ်ရိပေါ်ကိုကြည့်လို့​ပြန်မေးလိုက်တော့ ဝမ်ရိပေါ် ကမျက်ခုံးတစ်ဖက်ကိုပင့်တင်ကာသူ့ကိုကြည့်တယ်။ခေါင်းကိုဖြေးဖြေးခါရမ်းကာ ရှောင်းကျန့်ကိုကျော်သွားဖိို့လုပ်လေတယ်။ ဒါကမဖြေနိုင်ဘူးဆိုတဲ့သဘော။

"ဝမ်ရိပေါ်ကွာရှင်းရအောင်"

ရပ်တန့်သွားတဲ့ခြေလှမ်းတွေ!ဝမ်ရိပေါ်ကမြန်ဆန်စွာပင် ရှောင်းကျန့် ကိုလှည့်ကြည့်လေတယ်။

"မင်းဘာပြောလိုက်တာလဲ?"

"ကြားတဲ့အတိုင်းပဲ...ကွာရှင်းကြမယ်...
ရန်သူတွေလိုမျိုး တစ်ယောက်နဲ့တစ်ယောက်မုန်းတီးမသွားခင် ကွာရှင်းရ​အောင်"

"ဟက်...မင်းကအသစ်တွေ့နေလို့လား "

ဝမ်ရိပေါ်ကစူးစမ်းလိုသောမျက်လုံးတွေနှင့်မေးလေတယ်။

"အသစ်တွေ့နေတဲ့လူကဘယ်သူလဲဆိုတာ
မင်းနဲ့ငါအသိဆုံးပါ....ငါ့ဘက်ကဘာမှပြောစရာမရှိဘ.."

"မင်းပြောချင်တာက ငါ့ကိုလား!"

"No..No..No ငါပြောချင်တာက ကိုယ့်ကိုကိုယ်အသိဆုံးပဲလို့​ပြောချင်တာ...ကျစ်...ကြာတယ်ကွာ...ငါတို့တစ်ယောက်နဲ့တစ်ယောက်ခံစားချက်တွေမှမရှိတော့ပဲ ကွာရှင်းကြတာပိုမကောင်းဘူးလား! "

ရှောင်းကျန့်ကချက်ချင်းစကားလမ်းကြောင်းပြောင်းကာ ကွာရှင်းဖို့ထပ်ပြောတယ်။ဝမ်ရိပေါ် က ရှောင်းကျန့် ကိုကြည့်နေတယ်။မျက်မှောင်တွေလည်းကျုံ့ထားတယ်။ရှောင်းကျန့်ရဲ့မျက်ဝန်းတွေထဲမှာ ဟိုအရင်ကလိုနွေးထွေးမှုမျိုးလုံးဝမတွေ့ရတော့။အနည်းငယ်ရဲနေတဲ့မျက်ဝန်းတွေ။အရင်က ထိုမျက်ဝန်းတွေကိုမြင်ရင် သူ့စိတ်တွေထိန်းမရအောင် ခုန်လှုပ်ဖူးတယ်။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now