T S P(Ch-6)

10.5K 1K 27
                                    

{ Unicode }

................

ရှောင်းကျန့် မီးဖိုခန်းထဲမှာ အလုပ်ရှုပ်နေလေသည်။စျေးအသင့်တင့်နဲ့ အလုပ်နဲ့နီးတဲ့ နေရာလေးတစ်ခုမှာ သူတိုက်ခန်းတစ်ခန်းငှားထားတယ်။မိဘတွေကိုလွန်ဆန်ကာ ဝမ်ရိပေါ်နှင့်လက်ထပ်ခဲ့သည်မို့ မိဘအိမ်ကိုသူပြန်လို့မရ။
ပါးနဲ့မားက စိတ်အရမ်းပြတ်သားတယ်။
ကျောခိုင်းပြီးရင် ဘာဖြစ်ဖြစ်လှည့်မကြည့်တော့ဘူး။ကံကောင်းတာလား ၊ ဆိုးတာလားတော့မသိ၊ရှောင်းကျန့် ကလည်းအဲ့အမွေကိုဆက်ခံထားလေသည်။

ပထမဆုံးအသုံးပြုမဲ့မီးဖိုချောင်လေးနဲ့ ဝမ်ရိပေါ်မရှိတဲ့ပထမဆုံးမနက်ခင်းကိုသူဖြတ်သန်းရမယ်။ဝမ်ရိပေါ် အတွက်မနက်စာပိုပြင်ပေးစရာမလိုပဲနဲ့ပေါ့။

သို့ပေမဲ့ လက်ကပဲအကျင့်ဖြစ်နေတာလား ၊
မသိစိတ်ကြောင့်ပဲလားတော့မသိ ၊ ထမင်းကိုတစ်ယောက်စာကြော်လိုက်ပေမဲ့ ကြက်ဥကတော့ နှစ်လုံးကြော်လိုက်မိလေတယ်။ကြက်ဥကြော်ပန်းကန်လေးကို ခနမျှတွေတွေလေးစိုက်ကြည့်နေပြီးတော့ ကိုယ့်စိတ်ကိုကိုယ်ဖြောင်းဖြရသည်။

* အစမို့လို့ပါ ၊ နောက်ပိုင်းကျရင်အဆင်ပြေသွားလိမ့်မယ် ။ နှစ်လုံး​ကြော်မိ​တော့လည်း ဘာအရေးလဲ ။ နှစ်လုံး လုံးစားလိုက်မှာပေါ့။
အားတောင်ရှိသေးတယ် *

ကိုယ့်ဟာကိုယ်သာပြောပြီး မနက်စာကိုကြက်ဥကြော်နှစ်လုံးနဲ့စားဖြစ်သည်။အချိန်ကမေ့ပစ်ဖို့ နေသားကျဖို့အကောင်းဆုံးဆေးတစ်ခွက်ပဲတဲ့။အချိန်ကြာရင်ငါမေ့နိုင်သွားမှာပါ။

T S P♥

"အားးးး......ခေါင်းကလည်းကွာ..."

အခန်းတစ်ခုလုံးကိုနေရောင်တွေ ပြင်းထန်စွာထိုးဖောက်ဝင်ရောက်လာတော့မှ ဝမ်ရိပေါ်နိုးသည်။ညကလည်းသောက်တာလွန်သွားတာမို့
အိမ်ကိုဘယ်လိုပြန်ရောက်နေမှန်းတောင်မသိလိုက် ။ယွီပင်း တွဲပို့ပေးသွားတာဖြစ်မယ်ထင်တယ်။တရိပ်ရိပ်ထိုးနေတဲ့နားထင်ကိုဖိကာ ဒယိမ်းဒယိုင်နဲ့ပဲ မီးဖိုချောင်ထဲဝင်လာသည်။ရေခဲသေတ္တာကိုဆွဲဖွင့်လိုက်ပြီး ရေအေးတစ်ခွက်ကိုမော့ချကာ ပူလောင်နေတာတွေကို
ဖြေလျော့ရသည်။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now