T S P(Ch-12)

9.2K 976 29
                                    

{ Unicode }

ဝမ်ရိပေါ် ကိုချစ်မိနေမှန်း ရှောင်းကျန့် အစကမသိခဲ့ဘူး။သူ့စိတ်ထဲအသေးအမွှားလေးကစ ဂရုပြုနေမိတာကို ပုံမှန်လို့ပဲထင်ခဲ့တယ်။ဝမ်ရိပေါ် ဘက်ကဖွင့်ပြောပြီးတဲ့အထိ အသိမိတ်ဆွေနေရာကနေ သူမတက်ရဲခဲ့ဘူး။နောက်ပိုင်းကြားလူတွေဝင်ဝင်လာမှ ဝမ်ရိပေါ်ကိုသူချစ်နေမှန်းသိခဲ့တာ ။အခုသူ့ရှေ့မှာ သူလိုလူနောက်တစ်ယောက်ကိုထပ်တွေ့ရတော့ သူပြုံးမိတယ်။

သူနဲ့ဝမ်ရိပေါ် ရဲ့အဆုံးသတ်ကမလှပခဲ့ပေမဲ့လို့ အစပြုခဲ့ပုံလေးတွေကတော့ ချစ်ဖို့ကောင်းခဲ့ပါတယ်လေ။ဘယ်လိုပဲမေ့ဖျောက်ပစ်ပါစေ။ဝမ်ရိပေါ် ဆိုတဲ့လူနဲ့ပတ်သတ်တဲ့မှတ်ညဏ်တွေက အရှင်းကိုပျောက်မသွားဘူး။ကံကြမ္မာကြီးကလည်းသူ့ကိုမျက်နာသာမပေးလေဘူး။မေ့လောက်ပြီဆို ပြန်ပြန်တွေးမိအောင်လုပ်တယ်။ တိုက်ဆိုင်မှုတွေနဲ့ပြန်ဆုံတွေ့စေတယ်။

အေးစက်နေတဲ့ရင်ခုန်သံတွေကလည်း
ဘယ်အချိန်တော့မှ တစ်စုံတစ်ယောက်အတွက်များ ပြန်ခုန်လှုပ်မှာလဲမသိဘူး။ပြန်လည်ကုစားတာကတော်တော်ကြာတာပဲလို့လည်းတွေးမိတယ်။

နောက်နေ့မနက်ရောက်တာနဲ့ ရှောင်းကျန့်
ကအလုပ်နဲ့နီးမဲ့နေရာလေးမှာ တိုက်ခန်းလေးတစ်ခန်းလောက်လိုက်ရှာလေတယ်။အကျိုးဆောင်နဲ့လည်းမဆက်သွယ်ချင်ဘူး။
ပိုက်ဆံပိုကုန်တာကလွဲ ၊ ဘာမှကောင်းတာလည်းမဟုတ်ဘူးလို့သူထင်တယ်။လမ်းမကြီးကိုထွက်တော့ ဝမ်ရိပေါ် ရဲ့အိမ်ကိုဖြတ်ရသေးတယ်။အေးအေးချမ်းချမ်းလေးမို့ အဲ့လိုအိမ်လေးမှာနေရရင်သိပ်ကောင်းမှာပဲလို့တောင် တွေးလိုက်မိတယ်။သူ့ကိုဆိုမတောင်းလည်းဖြည့်ပေးတတ်တဲ့ မိုးနတ်မင်းကြီးကကြားသွားတယ်ထင်ပါ့။အိမ်ရှေ့တံခါးမှာချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ်လေးကိုသူမြင်လိုက်တယ်။

House For Rent တဲ့!

တော်..တော်...မနေချင်တော့ဘူး။ကားကိုအဲ့အိမ်နားကနေမြန်မြန်လေးသာမောင်းထွက်လိုက်တော့သည်။

....................

မနေ့ညနေက ဝမ်ရိပေါ်၊‌ ရှောင်းကျန့် ကိုထပ်တွေ့ခဲ့တယ်။‌ ရှောင်းကျန့်တစ်ယောက်တည်းတော့မဟုတ်ဘူး။ ဘေးမှာကျောင်းအကျီနဲ့ကောင်လေးတစ်ယောက်လည်းပါတယ်။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now