T S P (Ch-17)

8.6K 953 50
                                    

{ Unicode }

"Ring....Ring...Ring.."

ညကြီးသန်းခေါင် ဖုန်းကထမြည်ပြန်သည်။
အိပ်ချင်မူးတူးကောက်ကိုင်တော့ ဟိုဘက်ကစကားသံကြောင့် ဝုန်းခနဲထထိုင်လိုက်မိတယ်။ထပ်ဖြစ်ပြန်ပြီလား ဝမ်ရိပေါ်! ငါ့ကိုအေးဆေးနေခွင့်ပေးပါလား ။

Hubby လို့အမှတ်ခံထားရတဲ့ နာပါတ်ပိုင်ရှင်ဖြစ်နေတော့ ဝမ်ရိပေါ်မူးရူးတိုင်းသွားခေါ်ရတော့မှာလား ။လွန်ခဲ့တဲ့သုံးနှစ်က Myanmar ဘက်ရောက်နေလို့တော်သေးတယ် ။ တရုတ်ကဖုန်းcall တွေဝင်မလာလို့ ။စိတ်ထဲကသာပွစိပွစိပြောနေပေမဲ့ အပြင်မှာလူက ဝမ်ရိပေါ် ကိုကားထဲထည့်ပြီးပြီ။သူ့အိမ်ကိုရောက်တော့ သိထားတဲ့ code နာပါတ်လေးကိုပဲရိုက်ထည့်လိုက်တယ်။

09585105

သူတို့နှစ်ယောက်ရဲ့မွေးနေ့နဲ့ မဂ်လာဆောင်တဲ့နေ့ ။အထဲထိရောက်အောင်တွဲပြီးဝင်သွားရသည်။အိပ်ခန်းကဘယ်မှာမှန်းမသိတာနဲ့ ဧည့်ခန်းထဲကဆိုဖာပေါ်ပဲ တင်ထားလိုက်တယ်။အိမ်ထဲကပြန်ထွက်မယ်အလုပ် တစ်စုံတစ်ခုကိုသတိရသွားပြန်တယ်။

ရှောင်းကျန့် အိမ်ထဲကပြန်ထွက်သွားတော့
ဝမ်ရိပေါ် မျက်လုံးတွေပွင့်လာတယ်။မျက်နာကြက်ကိုစိုက်ကြည့်နေပြီး အချိန်တော်တော်ကြာတဲ့ထိ တုပ်တုပ်မလှုပ်ခဲ့။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မနက်လင်းတော့ ဝမ်ရိပေါ်မီးဖိုချောင်ထဲဝင်သွားလိုက်တယ်။ညက ရှောင်းကျန့် ဝင်သွားတာသူသိလိုက်လို့။ရေခဲသေတ္တာကိုဆွဲဖွင့်တော့ အဝါရောင်အရည်အချို့အပြည့်ဖြည့်ထားတဲ့ ဖန်ခွက်လေးကိုတွေ့တယ်။ဖန်ခွက်လေးကိုကိုင်ပြီး သေချာကြည့်လိုက်တယ်။ ပြီးတော့နည်းနည်းသောက်ကြည့်တယ်။

အင်း.... ။ ဒီအရသာပဲ..... ။
မပြောင်းလဲသေးပါလား.....။
နည်းနည်းသောက်ရုံနဲ့တင် လန်းဆန်းသွားတာမို့ တစ်ခွက်လုံးမော့ချလိုက်တော့တယ်။သောက်ပြီးတာနဲ့ ထုံးစံအတိုင်းပြင်ဆင်ပြီး အလုပ်သွားဖို့လုပ်လေသည်။

TSP♥

"ခန..."

ဆိုပြီးပိတ်ခါနီးဓာတ်လှေကားအပေါက်ထဲကို လက်ထိုးကာဝင်လာသူက ရှောင်းကျန့်!
အထဲမှာရှိနေတာက ဝမ်ရိပေါ်..!
ဒီနေ့ ရှောင်းကျန့် ခေါင်းလျှော်လာပုံရတယ်။
သူသုံးနေကြရှန်ပူနံ့က ဓာတ်လှေကားထဲမှာသင်းလို့။ အကြိုက်တွေကလုံးဝမပြောင်းလဲသေးဘူးပဲ ။ စတော်ဘယ်ရီနံံ့ကိုခုထိသုံးတုန်း။အစကတော့ လူက လေးယောက်ပဲ။
နှစ်ယောက်ထွက်သွားတော့ သူနဲ့‌ ရှောင်းကျန့် ပဲကျန်တော့တယ်။ကလိန်ကလုံနဲ့ မက်ဆေ့ချ်တွေပို့နေတဲ့ ရှောင်းကျန့် က ဝမ်ရိပေါ် ကိုရှိတယ်တောင်မထင်ဘူး။မက်ဆေ့ချ်ကိုလည်းကောင်းကောင်းမပို့ ။ပြုံးလိုက် ရယ်လိုက်နဲ့ ပို့နေလေသည်။ဝမ်ရိပေါ် စူးစမ်းချင်စိတ်ကဖြစ်လာသည်။သူ့ကောင်လေးနဲ့များ ပို့နေတာလား ဘာလားပေါ့။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now