T S P(Ch-14)

9.1K 957 25
                                    

{ Unicode }

"ရိပေါ် အဲ့အဝတ်လေးကမ်းပေးပါဦး"

အိမ်သန့်ရှင်းရေးလုပ်နေတဲ့ ရှောင်းကျန့်က တီဗီစင်ကို သုတ်ဖို့အတွက် အဝတ်လှမ်းတောင်းတယ်။ဝမ်ရိပေါ် ကဂိမ်းထဲနစ်နေပြီး ရှောင်းကျန့်ကိုအင်းဆိုပြီး သမန်ကာလျှံကာပြောတယ်။လက်တွေ့မှာတော့ ဂိမ်းပဲဆော့နေတယ်။အဝတ်ကလက်ထဲရောက်မလာတာမို့ ရှောင်းကျန့်က သက်ပြင်းချပြီး သူ့ဟာသူသာထယူလိုက်တယ်။

ရှောင်းကျန့်ကအားနေတဲ့လူမဟုတ်ဘူ ။အလုပ်နားတဲ့ရက်လေးမှာ သူနားချင်တယ်။ဒါပေမဲ့ ယူထားတဲ့ယောကျာ်းအကောင်းစားလေးက အိမ်နဲ့ပတ်သတ်ရင် ဘာဆိုဘာမှစိတ်မဝင်စားတာမို့ သူချည်းပဲလုပ်နေရတယ်။ရတယ် ။ သူသည်းခံနိုင်သေးတယ်။အိမ်ရှေ့ကိုသန့်ရှင်းရေးလုပ်ပြီးတော့ ဗိုက်ကဆာလာတယ်။အဲဒါနဲ့ပဲ ဝမ်ရိပေါ် ကိုသူပြောလိုက်တယ်။

"ရိပေါ်...တစ်ခုခုမှာထားလိုက်...ငါဒါတွေလျှော်ပြီးရင် တူတူစားကြမယ်...ဝမ်ရိပေါ်ရေ..ငါပြောတာကြားလား"

"အင်း..ကျန့် ကိုယ်ကြားတယ်...မှာထားမယ်...မှာထားမယ်"

မှာထားမယ်သာပြောပေမဲ့ ဖုန်းကိုအကြည့်မပြတ် ။ ရှောင်းကျန့် လည်းဘာမှမပြောတော့ပဲ လိုက်ကာတွေကိုသယ်ပြီး လျှော်ဖွတ်ရေးလုပ်ငန်းစလိုက်တယ်။နာရီဝက်လောက်ကြာတော့ လျှော်ဖွတ်တာလည်းပြီးသွားလေတယ်။ဗိုက်ကလည်းတော်တော်ကြီးကို ဆာနေပြီ။လူကရင်တွေပါတုန်နေတယ်။

"ရိပေါ်ရေ...မှာထားတာတွေရောက်လာပြီလား"

အော်ပြောပြီး ဝမ်ရိပေါ် ဆီသွားတော့
သူကပြူးကြောင်ကြောင်နဲ့ လာကြည့်နေလေတယ်။

"မရောက်သေးဘူးလား"

"ဘာရောက်ရမှာလဲ"

"နေ့လည်စာအတွက်မင်းကိုမှာထားလို့ငါပြောတယ်လေ..."

"မပြောပါဘူး..ငါတောင်ဗိုက်ဆာနေတာ..
မင်းဘာမှမချက်မပြုတ်ဘူးလား"

ရှိသမျှအိမ်အလုပ်တွေကုန်းရုန်းလုပ်ပြီး ဒီလိုရင်ဝကိုအကန်ခံလိုက်ရတော့ ရှုးရှုးရှဲရှဲဖြစ်လာတယ်။

"ဝမ်ရိပေါ် ငါဘာတွေလုပ်နေရလဲမင်းမမြင်ဖူးလား.... မနက်တည်းကတောက်လျှောက် အိမ်အတွင်းရော အပြင်ရောသန့်ရှင်းရေးလုပ်နေရတာ.... မင်းငါ့ကိုမချက်မပြုတ်ဘူးလားမပြောနဲ့..ယောကျ်ားလေးတန်မဲ့ သန့်ရှင်းရေးတွေသိမ်းကြုံးလုပ်နေတာတောင် လွန်နေပြီ"

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now