T S P (Ch-5)

11.1K 1.1K 37
                                    

{ Unicode }
...............

"ဒုတ်.... ဂလုံ...!"

ဘယ်လောက်တောင်အိပ်ပျော်နေမိလဲမသိ။
အသံဗလံတွေကြားမှပဲနိုးလာလေသည်။
နိုးနိုးချင်းထထိုင်လိုက်တာ ခေါင်းကမိုက်ခနဲပဲ။

"အားး...ကျစ်.."

ညကသောက်ထားတဲ့အရှိန်ကခုထိမပြေသေး ၊ တဝဲလည်လည်နဲ့ရစ်နေတုန်း ။

"ဒုန်း...ဂလွမ်!!"

အသံတွေကထွက်လာပြန်တာမို့ နောက်ကျိကျိဖြစ်နေတဲ့ ခေါင်းကိုလက်နဲ့ကိုင်ကာ အိမ်ရှေ့ကိုထွက်လာသည်။

"ရှောင်းကျန့် !"

အိမ်ထဲမှာအသံတွေဆူညံနေအောင်လုပ်သူက
ရှောင်းကျန့် ။ သူ့ရဲ့ပစ္စည်းတွေလာယူနေခြင်း။

"အာ...sorry..ဘဲလ်တီးတာထွက်မလာလို့
ကိုယ့်ဟာကိုဖွင့်ပြီးဝင်လာတာ "

အားနာသလိုပုံစံမျိုးနဲ့ပြောနေတဲ့ ရှောင်းကျန့် ကတစ်ရက်တစ်မနက်တည်းနဲ့ တခြားလူတစ်ယောက်လိုပြောင်းလဲသွားလေသည်။နေပါဦး..လူတစ်ယောက်က တကယ်ပဲအဲ့လောက်မြန်မြန်ပြောင်းလဲနိုင်တယ်ပေါ့!

"ပေးပေး...ငါလုပ်ပေးမယ်"

မနိုင်မနင်းနဲ့ အသုံးဆောင်တွေကိုသယ်မနေတာတွေ့ရတော့ အားပိုသန်တဲ့ ဝမ်ရိပေါ် ကပဲကူညီပေးလိုက်သည်။ဝမ်ရိပေါ် ကူညီပေးနေတဲ့အချိန်မှာ ရှောင်းကျန့် ကမီးဖိုထဲဝင်ပြီးဘာတွေလုပ်နေသလဲမသိ။အချင်းချင်းစကားလည်းမပြောဖြစ်ကြပဲ လုပ်စရာရှိတာကိုသာလုပ်နေမိကြသည်။ရှောင်းကျန့်ရဲ့ပစ္စည်းတွေကိုကားထဲထည့်သွင်းပေးပြီးတဲ့အချိန်ထိ ရှောင်းကျန့် ကအေးစက်စက်မျက်နာနဲ့နေနေတုန်း။ကားထဲကိုဝင်လိုက်ပြီးစက်နှိုးကာ ကားထွက်ခါနီးမှ စကားလှမ်းပြောတယ်။

"ကျေးဇူးပဲကွာ.... ငါမနက်စာပြင်ပေးခဲ့တယ်..စားလိုက်ဦး..."

"ဟမ်...အင်း..."

ဖျော့တော့တော့ပြုံးကာစကားတစ်ခွန်းဆိုတယ်။

"နှုတ်ဆက်ခဲ့ပါတယ် ဝမ်ရိပေါ် ငါသွားပြီ!"

မှဲ့နက်ကလေးကိုထင်းနေအောင်ရယ်ပြကာ
ကားတစ်စီးကိုမောင်းလို့ ထွက်သွားပြန်တယ်။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now