T S P(Ch-24)

8.7K 1K 83
                                    

{ Unicode }

ဝမ်မားမားရဲ့ ခေါင်းတလားမြေမချခင် ဝမ်ရိပေါ် ကနောက်ဆုံးအကြိမ်အနေနဲ့ သုံးကြိမ်ဦးတိုက်ပြီး ဂါဝရ ပြုလေတယ် ။ညိုးငယ်နေသောမျက်နာနဲ့ ဝမ်မားမားရဲ့ အသက်မဲ့နေတဲ့ ကိုယ်ခန္ဓာနားကိုတိုးကပ်သွားပြီး တစ်ခုခုပြောတယ် ။

ဝမ်ရိပေါ် ရဲ့အပြုအမူတွေကို ကြည့်ရင်း
ယွီပင်း တို့လည်းစိတ်မကောင်းဖြစ်ရုံမှတပါး။ရိဖေး ကတော့အမကြီးဖြစ်တဲ့အတွက် စျာပနမှာ အတတ်နိုင်ဆုံးမျက်ရည်မကျအောင် စိတ်ကိုခိုင်ခိုင်ထားလေသည်။ငိုကြွေးခြင်းကိုတော်တော်နဲ့မရပ်တဲ့ ဝမ်ရိပေါ်ရဲ့အနားမှာ ရှောင်းကျန့်ကတစ်ချိန်လုံးရှိနေပေးတယ် ။ဝမ်ရိပေါ် ရဲ့ဆွေမျိုးအချို့က ရှောင်းကျန့် ကိုဘာသဘောနဲ့လဲဆိုတဲ့ပုံစံတွေနဲ့ ကြည့်ကြပေမဲ့လည်း ဂရုမစိုက်အားသေးဘူး ။

ဝမ်ရိပေါ်ကအခုလောလောဆယ် ဘယ်သူ့စကားမှနားမဝင်ဘူး ။ ရှောင်းကျန့် ကိုပဲအားကိုးတကြီးကပ်တွယ်နေတယ် ။သူ့အနေနဲ့ ဝမ်ရိပေါ် ကိုနှစ်သိမ့်ပေးဖို့လိုတယ်လေ..။

ခေါင်းတလားကိုမြေချပြီးတဲ့အထိ ရိ​ပေါ်ကအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ ဒူးထောက်ပြီးထိုင်နေဆဲ ။မျက်ရည်တွေထပ်မကျတော့ပေမဲ့ အစ်မို့နေတဲ့မျက်ဝန်းတွေက သူလုံလုံလောက်လောက်ငိုပြီးပြီဖြစ်ကြောင်း ဖော်ပြလေတယ် ။

"ရိပေါ် ကိုအကူညီတောင်းပါရစေ"

"ဟုတ်ကဲ့...ကျွန်တော်ကူညီပေးလိုက်ပါ့မယ်"

ဝမ်ပါးပါးကခေါင်းငြိမ့်လို့အရင်ထွက်သွားလေသည်။

"ရိပေါ် ငါပြန်တော့မယ် မားမားလည်းကောင်းရာမွန်ရာကိုရောက်မှာပါ ကိုယ့်ကိုကိုယ်ဂရုစိုက်ဦး"

ယွီပင်းကလည်း ဝမ်ရိပေါ် အနားကိုသွားကာနှုတ်ဆက်တော့ ယဲ့ယဲ့လေးပြုံးပြကာခေါင်းငြိမ့်သည်။အားလုံးကနှုတ်ဆက်ကာ အလျှိုလျှိုပြန်သွားပေမဲ့ ဝမ်ရိပေါ် ကမထသေး ။ ကိုယ့်ကိုကိုယ်အပြစ်တင်နေတဲ့စိတ်က ဝမ်ရိပေါ် ထံမှာကြီးစိုးနေတယ် ။ကောက်ကာငင်ကာကြီးသူ့ဘဝထဲကနေထွက်သွားတဲ့ မားမားကြောင့် သူဖော်မပြတတ်အောင်ဝမ်းနည်းနေတယ် ။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now