Yibo's POV

8.3K 820 37
                                    

{ Unicode }

ဘယ်အချိန်ကစလို့ဝေးကွာခဲ့မှန်းလည်းမသိခဲ့ဘူး ။
ဝေးကွာခြင်းရဲ့ အကြောင်းပြချက်ကလည်း
တိတိကျကျမရှိခဲ့ဘူး ။

သေချာပြန်စဥ်းစားကြည့်တော့လည်း
မင်းမရှိတော့တဲ့ သုံးနှစ်အတွင်း ငါတော်တော်လေးအထီးကျန်ခဲ့တာပဲ ။

Clubရောက်နေလည်း ထင်သလောက်စိတ်မပါဘူး ။
ဒါပေမဲ့ ငါကတကယ်ကိုမုန်းဖို့ကောင်းတဲ့ကောင်.....
မသိစိတ်ကအထီးကျန်နေပေမဲ့ ငါ့ကိုယ်ငါလွတ်လပ်သွားတယ်ဆိုပြီး ခံယူခဲ့တယ် ။

တစ်ချို့သောမနက်ခင်းတွေဆိုလည်း
ရေခဲသေတ္တာဖွင့်ပြီး အသင့်ပြင်ထားမဲ့ မနက်စာတစ်ခွက်ကိုရှာကြည့်မိတယ် ။

သတိပြန်ဝင်လာရင် စိတ်စွဲတာပါလေဆိုပြီပေါ့ပေါ့တန်တန်ပဲသဘောထားလိုက်ပြန်ရော။

ဒါပေမဲ့...တစ်ခါတလေကျရင်တော့ စိတ်ထဲကနေတကယ်ကို သတိရမိတဲ့အချိန်လည်းရှိတယ်။

ဒီလိုအချိန်ရောက်ရင်တော့ သောင်စပ်က ခုံတန်းလေးဆီကိုသွားပြီး ပင်လယ်ကြီးကိုငေးကြည့်ဖြစ်တယ် ။

လှပတဲ့အမှတ်တရတွေကငါမှတ်မိသလောက်
အဲ့နေရာမှာအပြည့်ပဲလေ...။

အိမ်ဟောင်းလေးမှာဆိုရင် မင်းနဲ့ရန်ဖြစ်ပြီး
တစ်ယောက်တစ်ခွန်းအော်ဟစ်ခဲ့တဲ့ အတိတ်တွေရှိတယ် ။

မင်းသွားလေ့ရှိတဲ့စာကြည့်တိုက်လေးကျတော့ ပိတ်သွားပြီ ။
သွားလို့မရတော့ဘူး....
တစ်ချို့တစ်ချို့သော အရာတွေက စောစီးစွာပျောက်ကွယ်ကုန်တယ်။

ဥပမာ.....

စာကြည့်တိုက်လေးပိတ်သွားသလို....

မင်းနဲ့ငါ့ကြားကအချစ်တွေထွက်ပြေးကုန်သလို .....

ငါအိပ်ယာထနောက်ကျလို့ မင်းပြင်ပေးထားတဲ့ မနက်စာလေးရဲ့ပူနွေးခြင်းတို့က အေးစက်ကုန်သလို......

အခုမှဒါတွေကိုပြန်တူးစွနေလို့ကော ဘာထူးမှာတဲ့လဲ...။

ငါမသိဘူး....ငါမင်းကိုပြန်လိုချင်တာပဲသိတယ်။

မားမားကိုကတိပေးလိုက်ပြီ...
မင်းကိုချစ်ပေး ၊ ဂရုစိုက်ပေးပါ့မယ်လို့....

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now