T S P(Ch-21)

9.2K 985 77
                                    

{ Unicode }

"ဝမ်ရိပေါ်!"

တံခါးကိုဆွဲဖွင့်လိုက်တာနဲ့ပေါ်လာတဲ့ မျက်နာကြောင့် ရှောင်းကျန့်မျက်လုံးလေးတွေဝိုင်းသွားသည်။

"အင်း..ငါအထဲဝင်လို့ရမလား"

"ဘာလို့ဝင်မှာလဲ"

အထဲကိုဝင်ရန်ပြင်နေတဲ့ ဝမ်ရိပေါ် က ရှောင်းကျန့်ရဲ့လက်နဲ့ဟန့်တားခြင်းကိုခံလိုက်ရလေသည်။

"ငါ...ဒီတိုင်း...."

ဘာပြောရမှန်းမသိတဲ့ ဝမ်ရိပေါ် ကို ရှောင်းကျန့် ကလည်းစူးစိုက်လို့ကြည့်နေလေသည်။

"ဗိုက်ဆာလို့"

ပြောထွက်လာတဲ့စကားက အဓိပ္ပာယ်တစ်စက်ကလေးမှမရှိ။

"ဗိုက်ဆာရင် စားသောက်ဆိုင်ကိုသွားပေါ့
ဝမ်ရိပေါ်! ငါ့ဆီလာရအောင် ငါကမင်းရဲ့အမေလည်းမဟုတ်ဘူး...ငါမင်းကိုဘာမှမကျွေးနိုင်ဘူး...ပြန်တော့"

"ဒါပေမဲ့...ငါကမင်းကိုပဲစားချင်တာ"

"ဘာ!!"

ဟိုမရောက်ဒီမရောက်စကားကြောင့် ရှောင်းကျန့် အော်တော့ပြာပြာသလဲရှင်းပြသည်။

"မဟုတ်ဘူး...ငါပြောချင်တာက မင်းရဲ့လက်ရာ...မင်းချက်တဲ့ဟာကိုစားချင်တာ..."

ပြောနေရင်းတဖြေးဖြေးနဲ့အသံတိုးသွားလိုက်တာများ ဝမ်ရိပေါ် မဟုတ်တဲ့အတိုင်း။

"မင်းဘာမှထွေထွေထူးထူးမဟုတ်ရင်လည်း
ပြန်ပါတော့...ပြီးတော့မင်းပြောထားတယ်လေ....ငါတို့ရင်းရင်းနီးနီးမနေပါဘူးလို့...
ဘေးလူတွေအထင်အမြင်လွဲစေမယ့်​ကိစ္စမျိုးမလုပ်ကြရအောင်"

ရှောင်းကျန့် ကပြောလို့ပြီးတာနဲ့တံခါးကိုပိတ်ချလိုက်လေသည်။ဘာမှမပြောနိုင်ဘဲကျန်နေတာက  ဝမ်ရိပေါ်! ရှောင်းကျန့် ပိတ်ထားတဲ့တံခါးကိုမျက်နာချင်းဆိုင်ပြီးခနရပ်နေမိတယ်။ခနလေးပါပဲ...ပြီးတာနဲ့ကျောခိုင်းပြီး ထမင်းစားပွဲဝိုင်းအသေးလေးဆီပြန်သွားလိုက်တယ်။

အပြည့်ရှိနေတဲ့ဟင်းရည်အိုး ပူပူနွေးနွေးလေးကတစ်ယောက်စာပဲချက်ထားပေမဲ့ များနေသေးသယောင် ၊ မကုန်ဘူးလို့ ရှောင်းကျန့် ထင်နေတယ်။ ဗိုက်ဆာတာနဲ့ငါ့ဆီလာတာဘာများဆိုင်လို့လဲ ။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now