T S P(Ch-41)

7.2K 837 53
                                    

{ Unicode }

လူတစ်ယောက်ကိုချစ်ဖို့ဆိုတာလွယ်လွယ်လေးတဲ့။ဒါပေမဲ့ မုန်းဖို့မေ့ဖို့ကတော့ သေအောင်ခက်သတဲ့ဗျာ။ရင်ဘတ်တစ်နေရာမှာ နက်နက်ရှိုင်းရှိုင်းနေရာယူခဲ့တဲ့လူတစ်ယောက်။ဒီလူကိုယ့်အပေါ်မှာ တာဝန်လစ်ဟင်းခဲ့တာတွေ ၊ မကောင်းခဲ့တာတွေကို သိပေမဲ့လည်း နောက်တစ်ကြိမ်အခွင့်အရေးထပ်ပေးမိတယ်။

နှစ်ခါမြောက်တော့ငါမမှားလောက်ပါဘူး။

တရိပ်ရိပ်ဖြတ်ပြေးနေတဲ့ သစ်ပင်ရိပ်တွေကိုငေးရင်း စက်ဘီးနောက်ကနေ ရှောင်းကျန့်ရဲ့ခါးကိုကိုင်ထားကာ ဝမ်ရိပေါ်ကနောက်ကလိုက်စီးတယ်။

စက်ဘီးသိပ်မစီးတတ်တဲ့ ရှောင်းကျန့်က handleငြိမ်အောင်မထိန်းနိုင်သေး။ယိမ်းထိုးနေတဲ့စက်ဘီးလေးမလဲကျစေဖို့ရာ ဝမ်ရိပေါ်ကနောက်ကနေ ခြေထောက်နဲ့လမ်းကိုထိပြီးတစ်ချက်တစ်ချက် ထိန်းပေးရသည်။

"ဝမ်ရိပေါ်..လေးလ်ိုက်တာကွာ"

"မင်းအားမရှိတာပါ ၊ ကိုယ်နောက်ကနေထိန်းပေးထားတာတောင် သေချာဖြောင့်အောင်မသွားနိုင်သေးဘူး"

"ဘယ်သွားနိုင်မှာလဲ ငါ့ခါးကိုကိုင်နေတာကိုး ယားစိစိနဲ့ ၊ တခြားနေရာကိုင်"

"တကယ်တခြားပြောင်းကိုင်ရမှာလား"

"နှာဘူးကောင်! ငါပြောချင်တာ ပုခုံးတို့ဘာတို့"

စက်ဘီးကိုလည်းငြိမ်အောင်ကြိုးစားထိန်းရင်း နောက်ကနေရိသဲ့သဲ့လာလုပ်နေတဲ့ ဝမ်ရိပေါ်ကိုလည်းအော်ရသေးတယ်။တော်သေးတယ် ။ ပန်းခြံလမ်းမှာလူရှင်းနေလို့ ၊ မဟုတ်ရင်အကုန်ဝင်တိုက်မိကုန်မှာ ။

"အော် ကိုယ်လည်းဘာပြောလို့လဲ ၊ ပုခုံးတို့ဘာတို့ကိုပဲပြောတာ ၊ မင်းဘာသာမင်းအတွေးတွေမှောင်မိုက်နေပြီးတော့"

"ဝမ်ရိပေါ် မင်း..တော်ပြီ...မစီးတော့ဘူး"

"အာ..ရှောင်းကျန့်!"

"ဘုန်း!!!"

"အာ့..သေပါပြီ"

စက်ဘီးကြီးကိုပစ်ချပြီး ရှောင်းကျန့်ကလွတ်ရာကျွတ်ရာရှောင်ထွက်ပေမဲ့ ကားယားခွကြီးနောက်ကလိုက်စီးတဲ့ ဝမ်ရိပေါ်ကတော့ စက်ဘီးနဲ့အတူလဲကျသွားသည်။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Nơi câu chuyện tồn tại. Hãy khám phá bây giờ