T S P(Ch-32)

7.6K 831 57
                                    

{ Unicode }

"ပါးပါးရဲ့စကားကိုတည်နိုင်လား?"

"ပါးပါးကမင်းကိုပြောပြီးရင်ဘယ်တုန်းက ကတိကဝတ်ဖျက်ဖူးလို့လဲ"

လိလုကထိုစကားကိုသဘောကျဟန်ပြုံးတယ်။

"ဒါဆို..စေ့စပ်ပွဲပြီးတာနဲ့ အိမ်ခွဲနေလို့ရတယ်နော်..ပြီးမှနောက်တစ်မျိုးမလုပ်နဲ့"

လိလုရဲ့ပါးပါးကပြုံးကာခေါင်းငြိမ့်ပြသည်။

"ဒါဆိုလိလုကိုခွင့်ပြုပါဦးပါးပါး"

ပါးပါးကိုနှုတ်ဆက်လို့အပေါ်ကိုတက်လာလိုက်တယ်။ပါးပါးရဲ့အခန်းထဲကထွက်တာနဲ့ အပြင်ကဧည့်ခန်းမှာ မားမားကျန်ရစ်ခဲ့တဲ့ပစ္စည်းအချို့ကိုတွေ့လို့ ငမ်းငမ်းတက်ကြည့်နေ ၊ ခွဲဝေနေကြတဲ့ ဟိုသားအမိကိုတွေ့တယ် ။အကောင်းဆုံးကတော့လျစ်လျူရှုခြင်းပဲ။
လျစ်လျူရှုလိုက်ပြီး အခန်းကိုပဲဦးတည်လိုက်တယ်။ဒီစိတ်ဆင်းရဲစရာကောင်းတဲ့အိမ်ကြီးကနေ မကြာခင်ထွက်သွားခွင့်ရတော့မှာပါ။ ရှောင်းအိမ်ကသားရေ ရှင့်ကိုပဲအားကိုးရတော့မယ်။

........

ကျောပေးကာခွေခွေလေးနှင့်ကျုံ့ကျုံ့လေးလှဲနေသော လူအနားကို ဝမ်ရိပေါ်တိုးကပ်သွားတယ် ။နှစ်ယောက်စာနေရာက ထောင့်ဆုံးထိရောက်အောင်ကပ်နေတဲ့သူကြောင့် ဝမ်ရိပေါ်အတွက်အကျယ်ကြီးဖြစ်နေသလိုလိုပင်။

Tentထဲကမီးရောင်ကြောင့် အပြင်ဘက်ကနေကြည့်ပါက အတွင်းထဲမှ လှုပ်ရှားနေတဲ့ပုံရိပ်တွေကိုမြင်ရမှာအသေအချာ...။Mercury Lamp ကိုပိတ်လိုက်တော့ ကျောပေးထားတဲ့ ခန္ဓာကိုယ်လေးကအနည်းငယ်တုန်သွားသယောင် ။ဆတ်ခနဲဖြစ်သွားတယ် ။

အမှောင်လွှမ်းသွားတဲ့ Tentထဲမှာ ဝမ်ရိပေါ် အခုထိကျောမခင်းရသေး..ငုတ်တုတ်အနေအထားနဲ့ ရှောင်းကျန့်ကိုတစ်ခုခုပြောချင်နေဟန် ထိုင်ကြည့်နေလေသည်။လေးဘက်ထောက်အနေအထားနဲ့အနားကို ဖြေးဖြေးချင်းတိုးကပ်သွားတော့ အသံစူးစူးကမတိုးမကျယ်လေးထွက်လာတယ်။
ရန်တွေ့နေသလိုလေး...

"မင်းမဟုတ်တာကြံရင် အသေပဲ"

မှားလို့..ရန်တွေ့တာမဟုတ်ဘူး၊ ခြိမ်းခြောက်နေတာ..

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now