T S P(Ch-43)

8.5K 787 59
                                    

{ Unicode }

မှောင်မိုက်တဲ့ညတွေမှာ အလင်းပေးနိုင်မဲ့မီးအိမ်တစ်လုံးလိုချစ်သူမျိုး။
အေးစက်တဲ့အငွေ့အသက်တွေကြားထဲ နွေးထွေးမှုနဲ့လွှမ်းခြုံစေမဲ့ချစ်သူမျိုး။
ဥပေက္ခာလှလှလေးတွေပေးခဲ့မိတာတောင် ကိုယ့်ကိုပဲပြန်ရွေးချယ်လက်ခံပေးတဲ့ချစ်သူမျိုး။

မင်းတို့မှာရှိလား?
ငါ့မှာတော့ရှိတယ်ကွ။ငါ့ချစ်သူက နှုတ်ခမ်းအောက်မှာမှဲ့နက်ကလေးနဲ့သိပ်လှတယ်။
ကောက်ကြောင်းအလှတွေမရှိတဲ့ ယောက်ျားလေးတစ်ယောက်။မင်းတို့မှာတော့ချစ်သူတောင်ရှိမယ်မထင်ပါဘူး။ငါပြောတာဟုတ်တယ်မလား။

"ဖြန်းးးး"
(ရေပက်သံ)

အတွေးတွေလွန်နေတုန်း ယောက္ခမကြီးရဲ့အေးစက်စက်ရေတွေက လွင့်စင်လာတယ်။

"ထွက်သွားစမ်း!!"

ရင့်သီးလှတဲ့စကားသံတွေကိုလျစ်လျူရှုကာဒူးထောက်မြဲ ဒူးထောက်နေလိုက်သည်။

"ကျွန်တော့်တို့ကိုခွင့်ပြုပေးပါ..ပါးပါးမကြိုက်တဲ့အချက်တွေကိုကျွန်တော်ပြင်ပါ့မယ်"

"မင်းအခုဘယ်သူ့ကိုပါးပါးလို့ခေါ်လိုက်တာလဲ"

"ဗျာ"

"ဝမ်ရိပေါ်!! မင်းကမျက်နှာတော်တော်ပြောင်တဲ့ကောင်ပဲ"

"တော်ပါတော့..ရှင်ကလည်းစိတ်ကြီးလိုက်တာ..ကောင်လေး..သွားတော့..မြန်မြန်သွားတော့"

ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့ကြားထဲကို ရှောင်းမားမားက၀င်လာပြီး ဝမ်ရိပေါ်ကိုရေပုံးနဲ့ဖြတ်ရိုက်ဖို့လုပ်နေတဲ့ ရှောင်းပါးပါးကိုဆွဲရသည်။

"ကောင်လေး.မင်းသွားပါတော့..မြန်မြန်ထပြီးသွားတော့"

"ကျွန်တော် ရှောင်းကျန့်ကိုကတိပေးထားတယ် ၊ မားနဲ့ပါးတို့သဘောတူညီတဲ့လက်ထပ်ပွဲတစ်ခုကိုပေးပါ့မယ်လို့‌ ၊ ကျွန်တော်တို့ကိုသဘောတူပေးပါ ပါး မား..."

ခေါင်းမာစွာနဲ့ပဲဆက်တိုက်တောင်းဆိုနေတဲ့ ဝမ်ရိပေါ်က​ပြန်ခိုင်းလို့မရသလို ရှောင်းပါးပါးကရေပုံးကြီးတစ်ကားကားနဲ့ရိုက်မယ်ပဲလုပ်နေလေတယ်။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now