T S P(Ch-29)

7.9K 895 55
                                    

{ Unicode }

လှေကားပေါ်ကနေအေးဆေးစွာဆင်းလာတဲ့
လိလုကိုသူမရဲ့ မိထွေးဖြစ်သူက လက်ပိုက်ပြီးစောင့်နေတယ်။

"ကြင်ဖက်တစ်ခေါက်ပဲတွေ့ရသေးတယ်..ချက်ချင်းကိုသဘောကျသွားတာပဲနော်"

လိလုကသူမရဲ့စကားတွေကို မထီမဲ့မြင်ပြုကာ အကျီလက်ကိုအေးဆေးခေါက်ရင်း ပြန်တုံ့ပြန်တယ် ။

"ကိုယ်သဘောကျလို့ သဘောကျတယ်ပြောတာပဲ.. သူများအိမ်ထောင်ရေးဖြိုခွဲနေတာလည်းမဟုတ်ဘူး.. သူများပိုင်ပစ္စည်းကိုလုနေတာလည်းမဟုတ်ဘူး..ဘာတွေလာဖြစ်နေတာလဲ"

"လိလုနင်ဘာစကားပြောတာလဲ"

လိလုရဲ့စကားတွေကသူမကိုတစ်နည်းတစ်ဖုံနဲ့စော်ကားနေမှန်းသူမသိတယ်။

"ကြားတဲ့အတိုင်းပဲလေ....လူစကားပြော​နေတာ...နားမလည်လို့လား"

လိလုကသူမရဲ့ပုခုံးကိုဖြတ်တိုက်ကာ ထွက်သွားတော့ သူမရဲ့မိထွေးလုပ်တာက လိလုရဲ့ဖခင် သူမယောကျ်ားဆီဖုန်းဆက်ပြီး တိုင်တောတာပင်....။

မိထွေးဘက်ကပါတဲ့သမီးက သူ့ကိုမနာလိုဖြစ်နေတာသူကောင်းကောင်းသိတယ်။ ရှောင်းအိမ်ရဲ့သားက သူဋေးမဟုတ်တာတောင် ၊ ထွန်းပေါက်ပြီတော်လွန်းနေတဲ့သူမဟုတ်တာတောင် ၊ မိထွေးကသူမသမီးကို လိလုအတွက်ဆိုပြီးရည်ရွယ်ထားတာမှန်သမျှကို ဖြတ်လုစေချင်တယ် ။လိလုလည်းအဲ‌ဒီ့ ရှောင်းကျန့်ဆိုသူကိုသဘောကျလွန်းနေတာတော့မဟုတ်။လိလုကနားငြီးတာတွေ မခံနိုင်ဘူး။ဒါပေမဲ့ ရှောင်းကျန့် ပုံကသူဘာပြောပြောအူတူတူလေးနဲ့ နားထောင်မဲ့ပုံပေါက်လို့ သဘောကျတယ်လို့ပြောလိုက်တာ..။

အိမ်ထောင်မပြုမချင်း မိဘအိမ်ကနေ ထွက်သွားခွင့်မရှိဘူးဆိုတဲ့ ပါးပါးကြောင့် သူရှောင်းကျန့် ကိုလက်ထပ်မှဖြစ်မယ် ။နောက်ပိုင်းသဘောမကျရင် ကွာလိုက်ရုံပဲလေ ။ ဘာခက်တာမှတ်လို့....။ဟုတ်တယ်..လိလုဆိုတဲ့မိန်းကလေးက ဘာကိုမှခေါင်းထဲမထားတာ ။ ချစ်တာတွေ ၊ မေတ္တာတွေသူနားမလည်ဘူး ။ သူ့အတွက်အဆင်ပြေစေမဲ့အရာဆို ဘာပဲဖြစ်ဖြစ်သူလုပ်မယ် ။ သူသိတာက မိထွေးနဲ့ပါးပါးတို့ရဲ့ ဝေးရာကိုအေးဆေးထွက်သွားနိုင်ဖို့ပဲ ။ ပါးပါးရင်ကိုစုံမကန်ပဲနဲ့ ထွက်သွားနိုင်ဖို့ဆို တစ်စုံတစ်ယောက်ကိုလက်ထပ်လိုက်တာကအကောင်းဆုံးပဲ ။သူမသိတယ် ။ ဘယ်သူမှသူမအနားမှာ ကြာကြာနေနိုင်မှာမဟုတ်ဘူး ။ ဒါကြောင့်လည်း ရှောင်းအိမ်ရဲ့သားနဲ့ကိစ္စကိုလွယ်လွယ်ကူကူပဲလက်ခံခဲ့တာ.....။ အချိန်တန်ရင်ကွာလိုက်ယုံပဲဆိုတဲ့သဘောမျိုးနဲ့ပေါ့....။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Nơi câu chuyện tồn tại. Hãy khám phá bây giờ