T S P(Ch-23)

8.3K 931 50
                                    

{ Unicode }

နောက်တစ်ခေါက်ထပ်ရောက်ခဲ့ပြန်ပြီ ။
ဒီအိမ်ကြီးကိို ပထမတစ်ခါက ဝမ်ရိပေါ်ရဲ့လက်ကိုကိုင်ပြီး ဝင်ခဲ့တာ ။အခုတစ်ခါကတော့ ရှေ့ကနေ ကရောသောပါးမပြေးရုံတမယ်သွားနေတဲ့ ဝမ်ရိပေါ် ကိုစိတ်ပူလို့လိုက်ဝင်လာတာ။အပေါ်ထပ်ကိုပြေးတက်သွားပြီး ဝမ်မားမားရဲ့အခန်းရှေ့မှာရပ်တန့်သွားတဲ့ ဝမ်ရိပေါ် ။မျက်ဝန်းအိမ်မှာခိုတွဲနေတဲ့မျက်ရည်စတွေကအခုထိထွက်ကျမလာသေး ။ပြေးလာတဲ့အရှိန်ကြောင့် ဝမ်ရိပေါ် ရဲ့ရင်ဘတ်တစ်နေရာက တုန်ရီမောဟိုက်နေတယ် ။

"မား...."

အဖျားခတ်ကာတုန်လှုပ်နေတဲ့အသံကြောင့်မားဆိုတဲ့နာမ်စားကိုတောင်ကောင်းကောင်းမခေါ်နိုင် ။ အသံကတိုးတိမ်လို့ဝင်သွားပြီး
တစ်ဝက်တစ်ပျက်မှာတင်ရပ်သွားတယ် ။

"ကျွန်တော်ရောက်လာပြီ "

အတင်းအားယူပြုံးပြီး ခြေလှမ်းတွေကိုရှေ့ဆက်တိုးလိုက်တဲ့ ဝမ်ရိပေါ်ကမျက်ရည်မကျအောင်ထိန်းထားဆဲ....။‌ ရှောင်းကျန့်သက်ပြင်းခပ်တိုးတိုးချလိုက်တယ်။ ကားပေါ်မှာတည်းက လူကငြိမ်နေပေမဲ့ တုန်ရီနေတဲ့မျက်ဝန်းကခံစားချက်တွေကြောင့် မကောင်းတာတစ်ခုခုဖြစ်သွားမှန်းသူသိလိုက်ပါတယ်။

"မား..."

ဝမ်ရိပေါ် ကပက်လက်ကုလားထိုင်ထက်မှာလဲလျောင်းနေတဲ့ ဝမ်မားမားဆီတရွေ့ရွေ့တိုးသွားတယ်။

"မား...မားရဲ့သားရောက်လာ...ဟင့်.."

ဘေးမှာရှိနေတဲ့ ရိဖေး ကဆက်မပြောနိုင်တော့ဘဲ ရှိုက်သံထွက်ကာမျက်ရည်ကျတယ်။ဝမ်ပါးပါးက ရှောင်းကျန့် ကိုမြင်တော့ခပ်ယဲ့ယဲ့လေးပြုံးပြပါသေးတယ် ။ပြီးတော့ ရှောင်းကျန့် ရဲ့ပုခုံးကိုခပ်ဖွဖွဆုပ်ကိုင်လိုက်ပြီး ခေါင်းငြိမ့်ပြကာ အခန်းထဲကထွက်သွားသည်။

"ကျွန်တော်ရောက်လာပြီလေ..မား"

ဝမ်မားမားရဲ့ကုလားထိုင်ဘေးမှာ ဒူးထောက်ထိုင်ချလိုက်ပြီး မားမားရဲ့လက်အစုံကိုတယုတယကိုင်ယူလိုက်တယ် ။ဝမ်မားမားရဲ့မျက်ဝန်းတွေကမှိတ်နေချေပြီ။ဝမ်ရိပေါ် ရောက်လာတာတောင်မသိတော့ပေဘူး။အနည်းငယ်နွေးနေသေးတဲ့မားရဲ့လက်ကိုပါးပြင်ပေါ်အပ်လိုက်တယ် ။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Where stories live. Discover now