​T S P(Ch-11)

9.2K 986 21
                                    

{ Unicode }

အထီးကျန်လိုက်တာ!
တစ်ယောက်တည်း ဒီအိမ်ထဲမှာတစ်နေကုန်နေရဦးမယ်။အလုပ်နားရက်ရောက်တိုင်း ဝမ်ရိပေါ် ခံစားရတာက သူတစ်ယောက်တည်း အရမ်းပျင်းဖို့ကောင်းတယ်ဆိုတာပဲ။ယွီပင်းကလည်းခရီးတွေထွက်ပြီး ပျော်ပါးနေတယ်။
​ပျင်းပျင်းရှိတာနဲ့ပဲ Laptop ဖွင့်ပြီးဖိုင်အဟောင်းတွေထဲလျှောက်ဝင်ကြည့်နေလိုက်တယ်။ဓာတ်ပုံဖိုင်တွေထဲဝင်ရင်း ဝင်ရင်းနဲ့
ဟိုးအောက်ခြေကပုံတွေအထိ ရောက်သွားတယ်။ပုံတစ်ပုံအရောက် သူ့မျက်ခုံးတစ်ဖက်ပင့်တက်သွားသည်။

သူ့ပုံတွေငါမဖျက်ရသေးဘူးလား?

ဘေးတစ်စောင်းအိပ်ပျော်နေတဲ့လူကို ခိုးရိုက်ထားတဲ့ပုံ ၊ အနီရောင်အကျီလေးနဲ့ ရှောင်းကျန့် ကိုသူအဲ့အချိန်တုန်းက အရူးအမူးတစ်ဖက်သတ်လိုက်ကြိုက်ခဲ့တယ်။စာကြည့်တိုက်ရဲ့ထောင့်စွန်းတစ်နေရာမှာ အိပ်ပျော်နေတဲ့သူကို ဓာတ်ပုံလည်းခိုးရိုက်ဖူးသလို ၊ ပါးပြင်နုနုကိုလည်း ခိုးနမ်းဖူးတယ်။

အဲ့နေ့က ရှောင်းကျန့် ကတက္ကသိုလ်စာမေးပွဲဖြေပြီးတဲ့နေ့ ။စာမေးပွဲပြီးသွားတာတောင် စာကြည့်တိုက်မှာစာလာဖတ်နေသေးတဲ့ ရှောင်းကျန့် ကသူ့အတွက် အရမ်းချစ်ဖို့ကောင်းသလောက် ၊အရမ်းလည်းလေးစားဖို့ကောင်းတယ်။

rkမဟုတ်တဲ့ ရှောင်းကျန့် ကသူ့လိုအလေလိုက်မနေဘူး ။အချိန်ကိုကောင်းကောင်းအသုံးချလေ့ရှိတယ်။
ဝမ်ရိပေါ် ကတော့ ရှောင်းကျန့် ဘယ်သွားသွားလျှောက်လိုက်နေခဲ့တာပါပဲ။စာကြည့်တိုက်မှာစာအုပ်လေးပိုက်ပြီး အိပ်ပျော်နေတဲ့ သူ့ကိုတွေ့တော့ တိတ်တိတ်လေးဓာတ်ပုံခိုးရိုက်မိတယ်။ပါးဖောင်းဖောင်းလေးကို မနေနိုင်မထိုင်နိုင် ခိုးနမ်းမိတော့ ကံမကောင်းစွာပဲ လူမိသွားလေတယ်။မထူးဇာတ်ခင်းပြီးဖွင့်ပြောလိုက်တော့ နီရဲသွားတဲ့မျက်နာများ ပန်းသီးလေးလိုပဲ ။

ပန်းသီးဆိုလို့ မနက်က ရှောင်းကျန့် ဝယ်လာတဲ့ပန်းသီးလေးတွေကိုသွားမြင်သည်။
တစ်လက်စတည်းတွေးမိတာက ဒူးခေါင်းကပွန်းရာကိုဂရုစိုက်မှာမဟုတ်လောက်ဘူး ။
ရှောင်းကျန့် ကနမော်နမဲ့အရမ်းနိုင်တာ ။ဒါပေမဲ့လည်းငါနဲ့မှမဆိုင်တော့တာလေဆိုပြီး
ဓာတ်ပုံလေးတွေကိုပဲပြန်ကြည့်ဖြစ်တယ်။ဓာတ်ပုံလေးတစ်ပုံကကောင်းမွန်တဲ့ အမှတ်တရတွေဆီခေါ်ဆောင်သွားတော့
ဝမ်ရိပေါ် ပြုံးမိတယ်။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Kde žijí příběhy. Začni objevovat