T S P(Ch-40)

7.1K 845 37
                                    

{ Unicode }

"ဖြန်း!!"

ပူခနဲဖြစ်သွားတဲ့ပါးတစ်ဖက်နဲ့အတူ ပါးပါးရဲ့ဒေါသသံနဲ့စကားသံတွေထွက်လာတယ်။

"မွေးရကျိုးမနပ်တဲ့ကောင်...ခွေးဇာတ်ခင်းပြန်ပြီ..မင်း ငါ့မျက်နှာကိုအိုးမဲသုတ်ရတာပျော်လား...ဟမ်"

"တော်ပါတော့ မရိုက်ပါနဲ့ ၊ ကျန့်ကျန့် မဟုတ်ဘူးဆိုတာကိုရှင်းပြလိုက်လေ"

လက်တပြင်ပြင်ဖြစ်နေတဲ့ ရှောင်းပါးပါးကိုမားမားကတားရင်း ရှောင်းကျန့်ကိုရှင်းခိုင်းနေတယ် ။ ဘာကိုလဲဆိုတာ ရှောင်းကျန့်သိနေပြီမို့ ပါးပါးရှေ့မှာဒူးထောက်ချလိုက်သည်။

"တောင်းပန်ပါတယ်ပါးပါး...ဒီစကားကလွဲပြီးတခြားပြောစရာမရှိတော့ပါဘူး"

ခေါင်းကိုငုံ့ကာစကားဆိုနေတဲ့သားကိုကြည့်ပြီး ရှောင်းးမားမားကအံ့သြသည်။

"ကျန့်ကျန့်...တကယ်ပဲအဲ့ကောင်လေးနဲ့ထပ်ပြီးတော့"

"တောင်းပန်ပါတယ် ပါး မား ၊ သူ့ကိုလက်ခံပေးပါ ၊ ကျွန်တော်တို့ကိုလက်ခံပေးပါ"

"ရှောင်းကျန့်!!...မင်းကငါ့သားမဟုတ်ဘူး..လက်လည်းမခံပေးနိုင်ဘူး...မင်းအခုချက်ချင်းငါ့အိမ်ကနေထွက်သွားတော့...ငါမင်းကိုသတ်မိတော့မယ်"

"ကျွန်တော်တောင်းပန်ပါတယ်"

ပါးပါးကဒေါသအရမ်းကြီးတာ အခုချိန်မှာစကားနားထောင်ပြီး အိမ်ပေါ်ကနေဆင်းတာကအကောင်းဆုံးဖြစ်လိမ့်မယ်။ဘယ်ကနေဘယ်လိုသိသွားလဲမသိပေမဲ့ ရှောင်းကျန့် ပြတ်ပြတ်သားသားပဲဆုံးဖြတ်လိုက်ရတယ် ။

luggageဆွဲလို့ထွက်လာတဲ့ ရှောင်းကျန့်ကို ရှောင်းမားမားကမသွားဖို့အတင်းတားတယ်။
ပါးပါးကတော့မျက်ကွယ်ပြုကာ တစ်သက်လုံးသားအဖြစ်ကနေစွန့်ပစ်တယ်ဆိုတဲ့အကြောင်းပြောတယ်။

မားမားကိုတောင်းပန်ကာ အရာအားလုံးကိုလွှတ်ချပြီးလူတစ်ယောက်ဆီပြေးလာမိသည်။

ငါ့မှာမင်းပဲရှိတော့တယ်။
မင်းကလွဲပြီးကျန်တာတွေကိုငါလွှတ်ချခဲ့ပြီမို့
မင်းပဲရှိတော့တယ်။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Donde viven las historias. Descúbrelo ahora