T S P(Ch-10)

10.1K 966 39
                                    

{ Unicode }

မနက်ခင်းတွေကပုံမှန်အတိုင်းပဲ လှုပ်ရှားလည်ပတ်နေတယ်။ဒီနေ့companyမသွားဘဲအိပ်ရေးဝအောင်အိပ်ပစ်လိုက်တာမို့ နေတော်တော်မြင့်မှနိုးလာတယ်။ကော်ဖီခွက်လေးကိိုကိုင်ပြီး မှန်ကာပြတင်းအပြင်ဘက်ကိုငေးမိသည်။လက်ထဲကခပ်နွေးနွေးကော်ဖီကို တစ်ငုံ ငုံလိုက်ပြီး အပြင်ဘက်ကိုကြည့်မိတော့ လှုပ်စိလှုပ်စိနဲ့ ရွေ့နေတဲ့လူတစ်ယောက်ကိုမြင်ပြီး မျက်ဝန်းတွေပါပြူးကျယ်ရသည်။

မနိုင်မနင်းနဲ့အထုတ်တွေကိုဆွဲထားပြီး ဖြေးဖြေးချင်းသွားနေတဲ့ လူကိုကြည့်ကာမှတ်ချက်ချမိတယ်။အားနည်းတာကလည်းအရင်ကအတိုင်းပါပဲလား။

မြင်ကွင်းထဲကပျောက်ခါနီးမှာ ရုတ်တရက်ဆန်တဲ့အဖြစ်ပျက်တစ်ခုကြောင့် ဝမ်ရိပေါ် အိမ်အောက်ကိုပြေးဆင်းသွားမိတယ်။ကိုယ်တိုင်တောင်မသိလိုက်ပါဘဲနဲ့ပေါ့..

.........................

ဟင်းချက်ပေးမယ်ဆိုပြီး ပိုက်ဆံအိတ်ကို လက်ကကိုင် ၊ လမ်းပြင်ထွက်ကာ ကုန်စုံဆိုင်လေးဘာလေးရှိမလားထွက်ကြည့်ရသည်။မူးနောက်နေအောင်ရှာပြီးတော့မှ ဆိုင်လေးတစ်ဆိုင်တွေ့တယ်။လမ်းထိပ်ကကုန်စုံဆိုင်လေးကနေ ဟင်းချက်စရာတွေဝယ်ပြီး အပြန်......

မနိုင်မနင်းနဲ့အထုတ်တွေကတစ်ဖက် ၊ ပိုက်ဆံအိတ်ကြီးကိုင်လာမိတဲ့ ကိုယ့်ကိုကိုယ်လည်းအပြစ်တင်လို့မဆုံး ။ပိုက်ဆံအိတ်ချိုင်းခြားညှပ်ပြီး အထုတ်တွေကိုလက်နဲ့အပြည့်သယ်လိုက်​တော့  မောင်ကံဆိုးဘဝက အလစ်သမားနဲ့တိုးတယ်။ ချိုင်းခြားကပိုက်ဆံအိတ်ကို ဖြတ်လုသွားပြီး လူကိုလည်းဆောင့်တွန်းသွားလိုက်တာများ သူ့ပထွေးအမှတ်နဲ့ အမြင်ကတ်ပြီးလုပ်သလားမှတ်ရတယ်။
တော်သေးတယ် ၊ ပိုက်ဆံအိတ်ထဲမှာ ယွမ်တစ်ရာတောင်မပြည့်တာမို့ အော်ဟစ်ပြီးလည်းဖမ်းပေးဖို့မလုပ်တော့ပဲ ပြုတ်ကျသွားတဲ့ ပစ္စည်းတွေကိုပြန်ကောက်ဖို့လုပ်လိုက်တယ်။

လက်ထဲကပန်းသီးအိတ်လေးလွတ်ကျကုန်ပြီး လမ်းပေါ်မှာပန်းသီးတွေပျံ့ကြဲကုန်တယ်။
ဝယ်လာတဲ့ ပစ္စည်းပစ္စယတွေလည်းပွစာကျဲလို့ ။နောက်ကနေဆောင့်တွန်းသွားတာမို့ မှောက်ရက်ကျပြီး ဒူးခေါင်းလည်းစုတ်သွားတယ်။

ဒုတိယအကြိမ်မြောက်ချစ်ခွင့်ပန်ခြင်း( The Secondary Propose!)Unde poveștirile trăiesc. Descoperă acum