အသက်ထက်ပိုသော(၃၅)

Mulai dari awal
                                    

"သေစမ်း အမဲကောင်ကြီး ........"

လက်ထဲကထီးနဲ့အားရပါးရဆော်ပစ်လိုက်တာ ထိုလူသတိလစ်လဲကျသွားသည် ။ ထိုလူကိုနံရံမှာမှီလိုက်ပြီး ဦးထုပ် နဲ့ Maskကိုချွတ်လိုက်တော့မှ မိုးသောက်ဖြစ်နေမှန်းသိလိုက်ရပါတော့သည် ။

"ဟင် အစ်ကို ....... ဘာလို့အစ်ကိုဖြစ်နေရတာလဲ ၊ ဘာလို့လဲ ၊ အစ်ကိုသတိထားပါဦး ...... အစ်ကို ......"

မိုးသောက်ကိုပါးသုံးချက်ရိုက်ကာ ညင်ညင်သာသာလေးလှုပ်နှိုးလိုက်ပါသည် ။ သူရဲ့ညင်သာမှုကြောင့် မိုးသောက်မျက် မှောင်ကြုံ့ကာနိုးလာသည် ။

"အား ကျွတ် ကျွတ် ....... နာလိုက်တာကွာ ၊ ငါ့ကိုဘယ်ကောင်ရိုက်တာလဲကွ ......"

ခွန်း မိုးသောက်ဘေးမှာငုတ်တုပ်လေးထိုင်နေပြီး မျက်နှာငယ်လေးနဲ့ ခေါင်းငိုက်စိုက်ကျသွားကာ ခွန်းဆီမှအသံတိုးတိုး စကားသံလေးထွက်လာသည် ။

"ကျွန်‌တော်ရိုက်လိုက်တာပါအစ်ကို ...... ဟင့် ကျွန်တော်ကအစ်ကိုမှန်းဘယ်လိုလုပ်သိမှာလဲ ၊ အရင်တစ်ခေါက်ကလို ဖြစ်မှာစိုးလို့အားနဲ့ရိုက်ချပစ်လိုက်တာပါ အီးဟီး ဟင့် ...... ကျွန်‌တော်တောင်းပန်ပါတယ် ......"

"ဘာမှမဖြစ်ပါဘူး ၊ ကိုယ်ဘာမှမဖြစ်ဘူး ၊ ဒီမှာကြည့် ကိုယ်ကဒေါင်ဒေါင်မြည်ကောင်းနေတာပဲ ၊ မငိုနဲ့တော့နော် ......"

"ဒါနဲ့ အစ်ကိုကဘာလို့ကျွန်တော့်နောက်ကိုအဲ့လိုကြီးလိုက်လာရတာလဲ ......."

"ဪ ဪ မင်းကိုတစ်ယောက်တည်းလွှတ်လိုက်ရတာစိတ်မချလို့ပါ အဟမ်း ဒါနဲ့ ဒီကိုဘာလာလုပ်တာလဲ ......"

ခွန်းကနှုတ်ခမ်းလေးဆူပြီး မိုးသောက်ကိုကြည့်ကာ ......

"အစ်ကို သဝန်တိုပြီးလိုက်လာတာမဟုတ်ဘူးလား ......"

"ဘာ အဟမ်း ဘာတွေပြောနေတာလဲ အဟမ်း အဟမ်း ......"

"အဲ့တာဆိုအစ်ကိုကသဝန်မတိုဘူးပေါ့ ၊ ရတယ်လေ အဲ့တာဆိုပြန်လိုက်တော့ ၊ သူငယ်ချင်းနဲ့လုပ်စရာရှိတာဆက်လုပ် လိုက်ဦးမယ် ......."

ခွန်း မိုးသောက်ကိုထားခဲ့ပြီး အပေါ်ကိုဆက်တက်သွားသည် ။ ခွန်းကသူ့သူငယ်ချင်းနဲ့ဘာလုပ်မှာလဲ ။ ခွန်းပြောသွားတာ ပြန်ကြားယောင်ပြီး မိုးသောက်စိတ်တွေယောက်ယက်ခက်လာပါ‌တော့သည် ။ အစကတည်းကကောင်မလေးတွေနဲ့သွား လာနေတာကို မိုးသောက်လုံးဝမကြိုက် ။ ကောင်မလေးတွေကလည်း ခွန်းအနားဆိုအရမ်းကပ်သလိုလို ။ ခွန်းကတော့ အပြစ်ကင်းမဲ့စွာရယ်‌မောနေတာပါပဲ ။ မိုးသောက်ကတော့ တစ်ယောက်တည်းလောင်မြိုက်နေပါတော့သည် ။ မိုးသောက် မနေနိုင်တော့ပဲ ခွန်းအနောက်ကိုပြေးလိုက်ပြီး ခွန်းရဲ့လက်ကိုဆွဲထားလိုက်ပြီး .......

အသက်ထက်ပို​သော(Completed)Tempat cerita menjadi hidup. Temukan sekarang