အသက်ထက်ပိုသော(၃၁)

Start from the beginning
                                    

"ဟုတ်ကဲ့ဥက္ကဋ္ဌ ဒါဆိုကျွန်တော်သွားလိုက်တော့မယ်နော်"

"အေးအေး"

ကုတင်မှာပါတဲ့စားပွဲလေးကိုဖြန့်ပေးလိုက်ပြီး ဝက်ခြေ ထောက်စွပ်ပြုတ်ပူပူလေးကို ပန်းကန်ထဲထည့်ပေးလိုက်
သည် ။ စိုင်းလင်းအပြင်ကိုထွက်သွားတာနဲ့စိုးပိုင်နဲ့တန်းတိုးတော့သည် ။

"အာ ကျက်သရေတုံးလိုက်တာ"

"ဪ အသေးလေး မင်းခုဏကငါ့ကိုတက်နင်းသွားတာမင်းသိလား"

"သိတယ်လေ ၊ ခင်ဗျားကြားဖြတ်လို့လျှာရှည်တဲ့ခြေထောက်ကို အသိတရားရသွားအောင်တက်နင်းပေးလိုက်တာလေ ၊ မကျေနပ်ရင်လဲသာသေလိုက်"

စိုးပိုင်နဲ့စိုင်းလင်းနဲ့ကတစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းမဆိုင်လိုက်လေနဲ့ ။ ဆိုင်လိုက်တာနဲ့ရန်ဖြစ်ကြတော့တာပါပဲ ။ ခုဏကလည်းဆိုင်ရှေ့မှာရန်ဖြစ်ခဲ့ကြပြီးပါပြီ ။ ဝက်ခြေထောက်စွပ်ပြုတ်ဆိုင်လေးကသိပ်တော့မကြီးပေမဲ့ ဝယ်သူ အရမ်းများလို့တန်းစီစနစ်နဲ့ဝယ်ယူရသည် ။ ဒါကို နောက်မှရောက်လာတဲ့စိုးပိုင်ကကြားဖြတ်ပြီးနေရာယူလိုက်တော့ စိုင်းလင်းရဲ့ဒေါသကိုသွားဆွလိုက်သလိုဖြစ်သွားသည် ။

"ဒီမှာ စိုင်ပိုးကောင်"

"ဘာ ဘာ ဘာ ...... မင်းငါ့ကိုဘယ်လိုခေါ်လိုက်တယ်"

"စိုင်ပိုးလေ စိုင်ပိုး ပြန်ပြောင်းလိုက်ရင်စိုးပိုင်ပဲပေါ့ ၊ တမင်အမြင်ကပ်လို့ပြောင်းပြန်ခေါ်တာဘာဖြစ်ချင်လဲ ၊ ခင်ဗျားကြားမဖြတ်နဲ့ ရောက်တဲ့နေရာကနေပဲပြန်တန်းစီ"

"ဟားဟားပဲရမယ်ကောင်လေး ၊ ဒီလမ်းကမင်းမပိုင်ဘူး"

"ခင်ဗျား...... ရတယ်လေ..... ခင်ဗျားအနောက်မှာတန်းမစီရင် ကျွန်တော်ဒီလမ်းမပေါ်မှာ ကယ်ကြပါဦး ဒီလူကကျွန်တော့် ကိုမဖွယ်မရာလုပ်နေပါတယ်လို့အော်ပစ်လိုက်မယ်ဆိုရင်ခင်ဗျားကတော့စတီးလက်ကောက်လေးနဲ့ကြည့်လှနေတော့မှာပဲ"

"မင်း...... "

"ဘာလဲ ဘာဖြစ်ချင်လဲ ၊ စတီးလက်ကောက်ဝတ်မလား နောက်မှာနေမလား ရွေးလိုက်"

စိုးပိုင် ဒေါသအလိပ်လိုက်နဲ့အနောက်မှာတန်းစီလိုက်သည် ။ စိုင်းလင်းကလည်းဝယ်ပြီးတာနဲ့ စိုးပိုင်ရဲ့ခြေထောက်ကို တမင်တကာတက်နင်းခဲ့ပါသေးသည် ။

အသက်ထက်ပို​သော(Completed)Where stories live. Discover now