ဒီနေ့အိပ်ယာထရတာပိုပြီးသက်တောင့်သက်သာရှိနေသလို စိတ်ကလည်းကြည်လင်နေတယ် နာရီကိုကြည့်တော့ကျွန်တော်ထနေကျပုံမှန်အချိန်ထက်ပိုစောနေပေမယ့်လည်း လူကတော့နည်းနည်းအလျင်လိုနေတယ်
တွေးနေတဲ့အတွေးတွေကိုလက်စဖြတ်ပြီး ကိုယ်လက်သန့်စင်ပြီးနောက် ဘယ်သူမွမစေခိုင်းပဲမီးဖိုခန်းထဲဝင်လာမိတယ် သူနိုးလာရင်အဆင်သင့်ဖြစ်အောင်လို့ပြင်ဆင်ပေးနေမိပြီ... နှုတ်ကနေလည်း မကြားတကြားလေးဆိုနေမိတာက bunny phyo ရဲ့ချစ်သူ့အနား (မနက်ခင်းလေး အိပ်ရာနိုးရင်...နင့်အပြုံးလေးနဲ့ငါနိုးချင်...အလှဆုံးသောမင်းကိုငေးကြည့်ရင်း...)
အတွေးတွေနယ်ချဲ့လာလိုက်တာ ဖုန်းringtoneသံကြားမှပဲအသိပြန်ဝင်တော့တယ် Ph screen မှာပေါ်နေတဲ့
contact nameကိုကြည့်တော့ ကြယ်ရောင်
Hello.. ဆိုသည်နှင့်တစ်ပြိုင်နက် တစ်ဖက်ကစီးကြိုလာသည့်အသံ
ဟျောင့် နိူင်း မင်းဘယ်မှာလဲ
ဘာဖြစ်လို့လဲ စောစောစီးစီး
ငါတိုင်ပင်စရာရှိလို့
ငါ....ငါ အလုပ်လုပ်တော့မလို့
ဟင်....ကြယ်ရောင် မင်းတကယ်ပြောနေတာလား မင်းအလုပ်လုပ်တော့မလို့?
ငါနားကြားမှားတာတော့မဟုတ်ပါဘူးနော် ကြယ်ရောင်
အာ...မဟုတ်ပါဘူး ငါတကယ်ပြောနေတာ နှိုင်း
ဟမ် ဘာအတွက်လဲ
နောက်မှငါသေချာပြောပြမယ်ကွာ
အခုက မင်းကို ဦးဆုံးလှမ်းသတိပေးတာ
မဟုတ်ရင် မင်းစိတ်ကောက်နေမှာစိုးလို့
အေးပါကွာ မဟုတ်တာတွေလည်းကြံစည်မနေနဲ့ဦး မင်း
သိပါတယ် ဖေ့သားကြီးရာ ဒါဆိုနောက်မှတွေ့မယ်ကွာ
Ok Bye ကြယ်ရောင်
ok Bye!
ကြယ်ရောင်နဲ့ဖုန်းပြောပြီးမှကိုယ့်အသံကိုပြန်တိုးမိတယ်
တော်ပါသေးရဲ့ သူနိုးမသွားလို့....ဟူး...
ကြယ်ရောင့်ဖုန်းကိုချပြီး လုပ်လက်စလေးဆက်လုပ်နေလိုက်တယ်
---------------
ဟေ့ရောင်....မင်းဘာလုပ်နေတာလဲ ဘယ်လိုရောက်?
မိုးစက်အသံကြားမှသီချင်းညီးတာရပ်မိတယ်
အိပ်ချင်မူးတူး ရုပ်လေးနဲ့အရက်နာကျနေသော ဆရာသမားအား Morning ဟုနူတ်ဆက်ရင်း လောကွတ်ချော်လိုက်သည်..
နိုးပြီလား
မင်းမမှတ်မိဘူးလား ညကငါတို့သောက်ကြတယ်လေ
မင်းအရမ်းသောက်ထားတော့မထနိုင်တာနဲ့ ငါပဲပြန်ပို့ပေးခဲ့တာ ငါလည်းမိုးအရမ်းချုပ်နေလို့ ဒီမှာပဲအိပ်လိုက်တာ
YOU ARE READING
ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....
Teen Fictionခင်ဗျား အနား မွာ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နေနေ သ၍သူ ခင်ဗျား အနားကိုဘယ်တော့မှရောက်မလာနိုင်ဘူး Z #သွေး
