ချိန်းထားတဲ့နေရာကိုရောက်တော့ကျွန်တော်တို့နှစ်ယောက်ကိုမေတ္တာပို့တဲ့အသံတွေဆူညံသွားတယ် ရောက်လာပြီလားမေးသောမိုးစက်အားပြန်ဖြေရင်းကျွန်တော်လက်ခလယ်ထောင်ပြကာမေတ္တာပို့သူများအားယဉ်ကျေးစွာပဲပြန်လည်နူတ်ဆက်လိုက်သည် နိူင်းခ ကတော့အရက်ဝိုင်းထဲတောင်ရောက်နေလေရဲ့ ဒါမျိုးတော့ဒီကောင်ကစိတ်ချရတယ် ကျွန်တော်နဲ့သူပေါင်းမယ့်သာပေါင်းဖြစ်ကြတာအကျင့်စရိုက်ချင်းလက်သန်းလောက်တောင်မတူညီ ဒါပေမဲ့လည်းဒီကောင့်မှာလည်းကျွန်တော်ပဲရှိသလိုကျွန်တော့်မှာလည်းဒီကောင်ပဲပေါင်းစရာရှိတာကိုး တွေးနေရင်းမှ ဟျောင့်ကြယ်ရောင် မင်းဘဲကြီးဒီနေ့မပါဘူးလားလို့ထမေးသောရဲရင့်အားနူတ်ခမ်းရွဲ့ကာပုခုံးတစ်ချက်ပင့်ပြတော့ ဘာလဲအချစ်စမ်းကြပြန်ပြီလားဟုပြိုင်တူထမေးကြသောယောကျား်စပ်စုစိန်များအားကျွန်တော်စကားပြန်မပြောချင်တော့ရေတစ်ခွက်ကိုပဲမော့ယူသောက်လိုက်တယ်
မင်းသူ့ကိုအမြဲအနိုင်ယူနေရင်ဟိုဘဲကဘေးနားကဝိုင်းနေတဲ့မဒီတွေနဲ့ပါသွားမယ်နော်ဟုထပြောလာသောမိုးစက်အားကျွန်တော်တစ်ချက်ပဲပြုံးပြလိုက်ရင်း အခုတောင်သူအာ့မဒီတွေဆီပါသွားပါစေဆုတောင်းနေတာဟုပြောရင်း
အမြဲထိုင်နေကျနေရာကိုသွားပြီးရေကန်ထဲသို့ခြေထောက်လေးတွေစိမ်နေလိုက်တယ်တမ်းဒီနေရာရောက်ရင်
ခြေထောက်ရေစိမ်ရင်းနားကြပ်တတ်သီချင်းနားထောင်တတ်တာကျွန်တော့်အကျင့်...
(အားလုံးတူတူရှိနေပေမဲ့အမြဲတမ်းသီးသန့်လိုဖြစ်နေတတ်တာကိုကကျွန်တော့်ရဲ့ဆွဲဆောင်မူတစ်မျိုးတဲ့လေ) လူတစ်ယောက်ပြောဖူးတဲ့စကားပါ ...
အခုလည်းရောက်ရောက်ချင်းနားကြပ်ကောက်တတ်တဲ့ကျွန်တော့ကို
အကြောင်းသိတဲ့သူဝာို့ကတော့ဘာမှမပြော
သူ့တို့တစ်ခုခုပြောချင်ပြီဆိုရင်လည်း ကျွန်တော်စိတ်လိုလက်ရအနားလာနေတဲ့အချိန်မှဒါမှမဟုတ်အိမ်ပြန်ရောက်မှပြောဖြစ်ကြတော့တယ် သူငယ်ချင်းတွေ နန္ဒမျိုး အိမ်မှာအခုလိုဆုံပြီးအရက်သောက်နေကြပေမယ့်ကျွန်တော် ကေတာ့တခါဖိုး မှမသောက်ဖြစ်...ဒါပေမဲ့ဝတ္တရားမပျက်တော့အမြဲရောက်လာတတ်မြဲဖြစ်သည်...
ဟုတ်သည်ကျွန်တော်သည်ယောကျာ်းလေးဖြစ်ပေမယ့်ဘီယာမကြိုက် သောက်လည်းမသောက်နိုင်ဘူး တစ်ခွက်လောက်ဆိုတာနဲ့မူးတော့တာခေါင်းတောင်မထောင်နိုင်ဘူးအာ့ကြောင့်မသောက်ဖြစ်သလိုသူတို့သည်လည်းမတိုတ်ကြ...
ကျွန်တော်ထိုင်နေရင်းဖုန်းထဲကသီချင်းရွေးဖြစ်တော့ အဲလက်စ်ရဲ့ ကလေးရယ်သီချင်း ဘာရယ်မဟုတ်ဘူးအာ့ခေါင်းစဉ်ကိုပဲနှိပ်ပြီးနားထောင်နေလိုက်မိတယ်....ဘာ့ကြောင့်နားထောင်မိတယ်ဆိုတာကိုတော့ကျွန်တော်မစဉ်းစားချင်တော့ဘူး....
ဒီလိုနဲ့ဘေးနားကိုရောက်လာတဲ့မိုးစက်ကိုကျွန်တော်မော့ကြည့်လိုက်တယ်... မင်း ကိုဘုန်းနဲ့အဆင်ပြေလား တဲ့ (ဒီစကားကသူမေးနေကြမေးခွန်း ကျွန်တော်တို့ဖုန်းပြောတိုင်း...အပြင်မှာတွေ့တိုင်း.... Line ပေါ်မှာ chat တိုင်း.... msg ပို့ီု
င်း.....နည်းနည်းတော့ရီစရာကောင်းသားဗျ တခြားသူတွေလည်းအာ့လိုမေးတဲ့အခါ နေပါကွာစိတ်မဝင်စားဘူးလို့ဖြေတတ်ပေမယ့်သူမေးတိုင်းတော့ကျွန်တော့အဖြေကပြေပါတယ်ကြီးဖြစ်နေတတ်တာဗျ)
....
အင်း အဆင်ပြေပါတယ်....
ဪ ... ကောင်းပါတယ် ကိုဘုန်းကမင်းအပေါ်အရာရာအကုန်သည်းခံတော့မင်းစိတ်ချမ်းသာမှာပေါ့ မင်းတို့အတွဲကိုအားကျတယ်ကွာလို့ပြောလာသောမိုးစက်မင်းအားကျွန်တော်ကြည့်ရင်းအားရပါးရရယ်ချလိုက်သည်
ပြီးမှ မင်းဆော်ကလည်းမင်းကိုအလိုလိုက်တာငါတို့မြင်နေရတာပဲမင်းတို့ Relationship ကမှတကယ့်အားကျစရာကွ ငါတို့က Normal မဟုတ်တော့လူတွေပြောတာခံရတယ်ကွလို့ပြုံးရင်းပဲပြန်ဖြေရင်းနေရာမှထထွက်လာခဲ့မိသည်....
ဝိုင်းထဲရောက်တော့လည်းဘီယာမသောက်တတ်တော့အမြည်းနဲ့ရေတွေပဲလှိမ့်သောက်လိုက်စားလိုက်လုပ်
နေမိသည့်ကျွန်တော် ဒီနေ့ဘာကိုစိတ်အလိုမကျမှန်းမသိ ....
ဖုန်းထဲကဂိမ်းဆော့တော့လည်းခဏခဏရူံးနေတော့ဖုန်းပါရိုက်ခွဲပစ်ချင်မိသည်အထိ...
နိူင်းခ ကိုကြည့်တော့လည်းအရှိန်ရနေတယ့်ပုံနှင့်မို့ဘာမှမပြောလိုတော့...
ဒီလိုနဲ့လှိမ့်ပိတ်ထိုင်ရင်း ဖုန်းထဲကိုနံပါတ်စိမ်းနဲ့ဖုန်းကောလ်ဝင်လာသည် ကောက်ကိုက်လိုက်တော့ထင်သည့်အတိုင်း ကိုဘုန်း...
ကျွန်တော်ပြုံးမိသွားလားမသိ မစဉ်းစားချင်ပါ ပြောဘာကိစ္စရှိလို့လဲbro ဖုန်းမှားနေတယ်broလို့ပဲပိတ်ပိတ်ပြောနေတဲ့ကျွန်တော့်ကို ကိုဘုန်းကတော့လေသံတိုးတိုးနဲ့တောင်းပန်မြဲပါပဲ ကျွန်တော်သူ့ကိုစိတ်မကြည်တိုင်းသူနဲ့ပက်သက်တဲ့ဖုန်းတိုင်းကို blacklist ထဲထည့်တတ်လို့ဖုန်းကဒ်အသစ်ဝယ်ဝယ်ပြီးထည့်ဆက်နေရလို့သူ့မှာဖုန်းကဒ်အရောင်းဆိုင်တောင်ပြန်ဖွင့်လို့ရနေလောက်ပြီ အာ့မျိုးစိတ်ရှည်စွာသူမမှားတဲ့အမှားအတွတ်လည်းချော့တတ်တဲ့ ကိုကို့ ကိုကျွန်တော် သူများကိုတော့မပေးလိုက်နိုင်ပါ ဒါပေမယ့် သူသာတစ်ယောက်ယောက်နဲ့ငြိသွားမယ်ဆိုရင်လည်းဆွဲထားမယ့်သူမျိုးထဲကျွန်တော်ကြယ်ရောင်သွေးမပါကြောင်း ကိုကို သိလောက်မှာပါ.....
ကိုကို့ဖုန်းကိုဒီတိုင်းဘာမှမပြောပဲချလိုက်ပေမယ့်ကျွန်တော့်စိတ်တွေခုဏကထက်ပိုကြည်နေသလိုပါပဲ ... ဘာလို့ဆိုရင်ခင်ဗျားတို့စောင့်ကြည့်နေလေ အလွန်ဆုံးနာရီဝက်ပဲ ကိုကိုတစ်ယောက် နန္ဒတို့အိမ်ရှေ့ကိုသူ့ကားလေးနဲ့ရောက်ချလာတော့မှာကြိုသိနေတာကိုး ..... ကျွန်တော်လည်းရေကန်ထဲခြေထောက်သွားစိမ်ရင်းစောင့်နေလိုက်တယ် ခဏနေသူလာရင် အမောမပြေအောင်လေ
ကျွန်တော်ထင်တဲ့အတိုင်းပဲနာရီဝက်လောက်နေတော့ခြံထဲကိုကားတစ်စီးဝင်လာသံကြားတယ်ကျွန်တော်မသိချင်ယောင်ဆောင်ပြီးနားထောင်လက်စ သီချင်းကို ပြောင်းပြီးနားထောင်လိုက်တယ် ဘာလို့လဲဆိုတော့ကိုဘုန်းဆိုတဲ့လူကြီးကကျွန်တော်နားထောင်တဲ့သီချင်းကိုကအစလိုက်ကြည့်ပြီးကျွန်တော့်စိတ်တွေလိုက်ဖတ်နေတတ်သူမို့လေ အခုလည်းကြည့်ဝင်လာရုံပဲရှိသေးတယ်ရေစိမ်နေတဲ့ကျွန်တော့ခြေထောက်တွေကိုရေထဲကဆယ်ပြီး towel တစ်ခုနဲ့လာသုတ်နေရင်း စိုးရိမ်စိတ်တွေပြည့်နေတဲ့မျက်နှာကြီးနဲ့လူတကာကိုရေစိမ်နေတာကြာပြီလားလိုက်မေးနေလေရဲ့ ... အားလုံးကတော့အဖြစ်သည်းရန်ကောဆိုတဲ့အကြည့်နဲ့ကြည့်နေလည်းသူမရှက် ... ပြီးတော့မှကျွန်တော့်ဖိနပ်ကိုယူပြန်စီးပေးပြီး ဘာစားချင်လဲကြယ်လေး ကိုကိုဘာဝယ်ပေးရမလဲ ဟုကလေးကိုမေးသလိုချော့မေးနေသော ကိုဘုန်းအားကျွန်တော်တခါတလေ မေးလိုက်ချင်ပါသည် ကိုကိုကျွန်တော့်ကိုဘာကြောင့်အခုလောက်ထိချစ်ရပါသလဲလို့ လေ.....
YOU ARE READING
ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....
Teen Fictionခင်ဗျား အနား မွာ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နေနေ သ၍သူ ခင်ဗျား အနားကိုဘယ်တော့မှရောက်မလာနိုင်ဘူး Z #သွေး
