Part - 4 with Unicode

319 16 1
                                        

ဟာ လူယုတ်မာ ငါ့ကိုကြည့်ပြီးဘာတွေတွေးနေပြန်ပြီလဲဆိုကာကြယ်ရောင် ခေါင်းအုံးဖြင့်ကောက်ပေါက်လိုက်မှ ကျွန်တော့်
အတွေးတွေလွင့်ပျယ်သွားတော့သည်
ဆူပုတ်ကာကြည့်နေတာတောင်ချစ်ဖို့ကောင်းလွန်းလှသော
ကြယ်ရောင့်အားတမင်စချင်လာ၍
ပြုံးစိစိမျက်နှာဘေးနှင့်မျက်ခုံးတဖက်ပင့်ပြလိုက်တော့

လက်သီးပြင်ကာ ဆွဲထိုးဖို့ကြံရွယ်နေသောကြောင့်မနညး်ပတ်ပြေးလိုက်ရသေးသည် ဟာဘာဖြစ်တာလဲ မျက်ခုံးလေးပင့်ပြတာကိုဘာတွေအတွေးပေါက်နေတာလဲ
ဘာမှမတွေးဘူးထိုးချင်လို့ကိုတမင်ထိုးတာဟုတ်ပြီလားဟုဘုဆတ်ဆတ်အဖြေလေးပေးသည် ထိုသို့ဘုဆတ်ဆတ်ပြောတတ်တာလေးကိုလည်းကျွန်တော်ချစ်သည် ...

တစွတ်ထိုးဆန်တတ်တာလေးကိုလည်းကျွန်တော်ချစ်သည် ...
တစ်ယောက်တည်း အတွေးတွေများပြီးငြိမ်နေတတ်တာလေးကိုရော တခါတလေကလေးဆန်ပြီးတခါတလေအတွေးတွေကသိပ်လေးနက်နေတတ်တာကိုရော....ဈေးရောင်းနေတဲ့ကလေးတွေ ၊အဘိုးအဘွားတွေအပြင်အရွယ်စုံဆိုဒ်စုံကိုအမြဲသနားနေတတ်တာလေးကိုရော အကုန်ပါပဲသူနဲ့ပက်သတ်ရင်ကျွန်တော်သူညှပ်ပစ်လိုက်တဲ့လက်သည်းလေးတွေကအစမြတ်နိုးမိသည် ....

"မင်းဘာလို့လာတာလဲ...."

ငါမင်းနဲ့တွေ့ချင်လို့

"ငါတို့အခုလိုခဏခဏမတွေ့သင့်ဘူးလို့မင်းမထင်ဘူးလား:"

ငါဂရုမစိုက်ဘူးကြယ်ရောင် မင်းပြောချင်တာကိုငါသိတယ် ငါကမင်းနဲ့အေးဆေးတွေ့ချင်တာတခြားသူတွေနဲ့ရောထွေးပြီးတွေ့တာမျိုးကငါတို့နှစ်ယောက်ဆိုတဲ့စကားမျိုးသုံးခွင့်မရှိဘူး မင်းကိုယုယပြခွင့်မရှိဘူး မင်းကိုဂရုစိုက်ခွင့်တွေမရှိဘူး အာ့လိုအခြေအနေမျိုးမဟုတ်ပဲငါမင်းနဲ့အခုလိုနှစ်ယောက်တည်းခဏခဏတွေ့ချင်တာ

"ငါတို့နှစ်ယောက်ကတွဲတာကိုက silent လေကွ လူသိခံလို့ဘယ်ဖြစ်မလဲ တစ်ယောက်ယောက်သိသွားရင်မင်းရောငါရောမျက်နှာပျက်မယ့်အပြင်ပတ်ဝန်းကျင်ကထိုးနှက်မယ့်စကားတွေမင်းခံနိုင်လား အဓိပ္ပါယ်မရှိတာတွေမလုပ်နဲ့ ငါ့အိမ်ကို နိူင်းခအမြဲဝင်ထွက်နေတာကွ "

ဒါဆိုမင်းဘာလို့ငါ့ကိုရှောင်နေလဲ အရင်တပတ်ကငါတို့တွေ့ရမယ့်ရက်ကိုမင်းအပြင်မထွက်ချင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့တင်ဖျက်တယ် ငါ့ဘက်ကခံစားချက်ကိုလည်းနည်းနည်းကြည့်ပေးပါကြယ်ရောင်ရာ ငါမင်းနဲ့စကားလေးတွေပြောချင်လို့ပါ ငါမင်းမျက်နှာလေးအေးအေးဆေးဆေးကြည့်ချင်လို့ပါ
မင်းနူတ်ခမ်းလေးနဲ့ငါ့ကိုကြည့်ပြီးပြောမယ့်စကားလေးတွေငါကြားချင်လို့ပါကွာ...

" ဒီနေ့ကငါတို့ကြိုမချိန်းထားဘူးလေ "

ညက ငါပြောနေတာမပြီးသေးပဲမင်းလိုင်းအောက်သွားတာလေ....

" ညကငါအရမ်းအိပ်ချင်နေလို့ sry ကြာ"
"ဒီတပတ်အတွတ်တွေ့မယ့်ရက်ကိုဒီနေ့သတ်မှတ်လိုက်တာပေါ့ "
ဟာ မင်းကလည်းဟိုတပတ်ကလည်းမတွေ့ရဘူးလေကွာ ဒီနေ့ကဟိုတပတ်ရဲ့အစားထိုးလုပ်လိုက်ကွာနော်ကြယ်ရောင်နော် ...

"မရဘူး မကျေနပ်ရင်အခုပြန် ဒီတပတ်လည်းမတွေ့နဲ့တော့ "

မင်းကလည်းကွာစိတ်မဆိုးပါနဲ့ မင်းပြောသလိုပဲလုပ်ကြမယ်နော် ...ဒါနဲ့လေ တစိတ်ငါမင်းကိုသိပ်ချစ်မှန်းသိတော့မင်းအနိုင်ယူလွန်းတယ်ကွာ...

"."ဘာလဲမရဘူးလား"

ရပါတယ္ဗ် စိတ်တော့မဆိုးလိုက်ပါနဲ့ဗျ ...
ဒီကို လာပါဦးကြာ အလွမ်းလေးဖြေချင်လို့ ဟုဆိုကာ အခန်းထဲကထိုင်ခုံပေါ်မှာထိုင်ကာခါးထောက်ပြီးရန်တွေ့နေသော ဆူပုတ်လေးအားခေါ်တော့ ...

ဘာလဲ မလာပါဘူး လာချင်မင်းသာငါ့ဆီလာ .....တဲ့ဗ်ာ

အာ့လိုလူ့ဂွစာလေးပါဆို ဒါပေမဲ့လည်းချစ်သည်ပေါ့ဗျာ သူထမလာတော့ကျွန်တော်ကပဲလူ့ဂွစာလေးဆီသွားကာ ရွှတ်ထနဲ အလစ်ချောင်းပြီးနမ်းလိုက်တော့နဂါးမျက်စောင်းလေးတစ်ခုလက်ဆောင်ရလိုက်တယ်လေ.....

......


ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....Where stories live. Discover now