မျက်စောင်းထိုးပြီး စူပုပ်ပုပ်နဲ့ဂြိုလ်သားလေးအားကြည့်နေရင်းအသည်းတွေယားလာလို့ ဘေးကဝင်ထိုင်ကာခါးကိုဖက်ရင်း သွေး လို့ခေါ်တော့ ညင်သာစွာပြန်ထူးလေသည် ဘာလဲပြော တဲ့
မင်းကလည်းကွာနည်းနည်းတောင်ကဗျာဆန်လို့မရဘူးလား
ငါအာ့လိုချွဲတာတွေပစ်တာတွေမလုပ်တတ်တာမင်းမသိဘူးလားဟျောင့် ငါအာ့လိုတွေမပြောလို့မင်းသဘောမကျဘူးဆိုလည်းမတတ်နိုင်ဘူး ငါဒီလိုပဲပြောတတ်တာ
ကြိုက်ပါတယ်ကွာ ကိုယ့်မင်းသားလေးကလည်းစိတ်ကြီးပဲ ငါကအဖြစ်ပြောတာပါ ငါက မင်းရဲ့ ဘုဆတ်ဆတ်စကားလေးတွေကိုပဲချစ်တာ ....
မင်းကငါ့အကြောင်းအသိဆုံးနဲ့ငါ့ကိုနားအလည်ပေးနိုင်ဆုံးပါပဲ အာ့ကြောင့်ငါမင်းနဲ့တွဲခဲ့တာ ...
ငါသိပါတယ် မင်းငါ့ကိုတွဲခဲ့တာ မင်းခံစားချက်တွေကိုမင်းလောက်နီးနီးနားလည်ပေးနိုင်ခဲ့လို့ဆိုတာကိုရော မင်းငါ့ကိုရင်ခုန်ရုံပဲမချစ်ဘူးဆိုတာကိုရော ..... ဒါပေမဲ့ မင်းနှလုံးသားထဲမှာဘယ်သူ့အတွတ်မှနေရာမပေးရသေးဘူးလေ အာ့နေရာအတွတ်ငါကြိုးစားခွင့်ရှိတယ်မဟုတ်ဘူးလား သွေးးး....
ငါအဲ့တာတွေမပြောချင်ဘူး ပြောလည်းမပြောတတ်ဘူး ဒီမှာပဲထားလိုက်တော့ ...
အင်းပါ ... ဒီမွာ အခွေတွေဝယ်လာတယ် သရဲကားလည်းပါတယ် ငါမင်းနဲ့တူတူကြည့်ချင်လို့
အင်း ဖွင့်လိုက်လေ ....
သရဲကားတူတူကြည့်နေသော်လည်းကျွန်တော့်အာရုံသည်တီဗီမှာမရှိ သွေး ကိုသာငေးကြည့်နေမိသည် ကျွန်တော်အကြိမ်ကြိမ်ထွေးပွေ့ဖူးသော သွေးရောင်သမ်းနေသည့်နူတ်ခမ်းအစုံ ကြည့်နေရင်းမှဆုံးရူံးရမှာကြောက်လာသည် သွေးရဲ့နှလုံးသားထဲကျွန်တော်မဟုတ်ပဲတခြားသူ ဦးသွားမှာတွေးရင်းနဲ့တင်မျက်လုံးတွေစိုစွတ်လာသည် ...
ကိုယ့်ကိုမချစ်တာသေချာနေသောသူအားနားလည်နိုင်ခြင်းဆိုတဲ့အမည်နာမတစ်ခုကြောင့်သာလက်တွဲခွင့် ရခဲ့သည်မဟုတ်လား .... ကျွန်တော့်လိုပင်နားလည်ပေးနိုင်သည့်ပြိုင်ဖက်သည်လည်းအနီးနားတွင်ရှ်ိနေသည်မို့ကျွန်တော့်ရင်တွေပို၍ပင်ပူရသည်။ ပြောရလျှင်သူသည်သာအများအမြင်မှာလက်ခံထားသည့်တစ်ဦးတည်းသော သွေးရဲ့ချစ်သူကိုဘုန်းပင်....
BẠN ĐANG ĐỌC
ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....
Teen Fictionခင်ဗျား အနား မွာ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နေနေ သ၍သူ ခင်ဗျား အနားကိုဘယ်တော့မှရောက်မလာနိုင်ဘူး Z #သွေး
