Part 41 with Unicode

228 12 0
                                        

တိတ်ဆိတ်ငြိမ်သက်နေသော
အဖြူရောင်သုံးထပ်တိုတ်ရှေ့၌ အလှည့်ကျ ကင်းစောင့်နေကြသည်ထင်ရလောက်အောင်ပင် ကားနောက်တစ်စီးက တိတ်ဆိတ်စွာငြိမ်သက်၍ အမှောင်ရိပ်တစ်နေရာ၌ ရပ္ထားပုံမွာ တစ်ခုတစ်ခုကို ဆွေးမြမြပင်ဖြစ်ပေါ်နေစေသလို... ကားထဲက လွင့်ပျယ်လာသည့် သီချင်းသံ ခပ်အေးအေး ထိုအသံကိုနားထောင်ခြင်းဖြင့် ဤယောကျာ်းတစ်ယောက်၏ ရုပ်ရည်ကို စိတ်ကူးယဉ် မြင်ယောင်ကြည့်ဖို့အတွတ် ဖိတ်ခေါ်နေသလိုပင်... သို့သော် ကားထဲက လူသားကို မြင်ဖူးနေပြီးနေသည့် သက်တန့်ငယ် အဖို့ တော့ရင်ခုန်သံတွေသာ ပို၍ ပို၍ မြန်လာရသည်....

ငယ်တို့ အသစ်ပြောင်းလာသော ထိုအိမ်သည် စိတ်ငြိမ်ရပ်ကွက်တစ်ခု၏ အိမ်ယာဝန်းလမ်းကျယ်တစ်ခုပေါ်၌ရှိသည့် လမ်းသွယ် မှာဖြစ်သောကြောင့် ညဘက်ဆို ပုံမှန်လမ်းမထက် အနည်းငယ်အမှောင်ရိပ်ကျရောက်တတ်သည်...ထို
မှောင်ရိပ်မှာ ကားနှစ်စီး အလှည့်ကျလိုလိုလာရပ်နေသည်ကို သတိထားခဲ့မိတာကြာပြီ.. အစကေတာ့ မိန်းကလေးငယ်တို့၏ သဘာဝအတိုင်းစပ်စု ရုံ အနေအထားသာရှိခဲ့ပေမယ့် ပုံမှန်မဟုတ်သော ထိုဇာတ်လမ်းကို တခုပ္တရ စိတ်ဝင်စားနေမိပြီးနောက် ထိုကားပေါ်က လူသား အား ရင်ခုန်မိသည့်အဖြစ်က နောက်ဆက်တွဲအမူအဖြစ်ပေါ်ပေါက်စေလာခဲ့သည်....
သုံးထပ်ခွဲတိုတ် ခြင်းတူနေသည် မို့ တခါတေလ လမ်းသွယ်ထိပ်ဆုံးမှာရှိနေသည့် ငယ်တို့ တိုက် အပေါ်ဆုံးက လှမ်းကြည့်သည့်အခါ ဟိုဘက်တိုတ် ၏ အနေအထားတစွန်းတစ ကိုမြင်နိုင် သည်.. သို့သော် ...
ထို တိုတ်၌ မိန်းကလေး ( ဒီဇာတ်လမ်း၏ အဓိကဇာတ်ဆောင်ဖြစ်မည်)ဟူ၍ ယူဆနိုင်သည့် တစ်စုံတစ်ယောက်ပင် မရှိခဲ့ပေ......
ထို့သို့ သို့လော သို့လော များကို ကြာလာလေ ရိပ်မိလာပေမယ့်... ငယ် ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံး သဘောကျမိသည့် ထိုယောကျာ်းအား Gay တစ်ယောက်ဖြစ်သည်ဆိုတာကို လက်မခံနိုင်.... ငယ္က ခေတ်ရေစီးကြောင်း များကို မသိ လက်သင့်မခံ နိုင်သည့်မိန်းမ သားတစ်ယောက်မဟုတ်ခဲ့ပေမယ့်ပေါ့ ....
ခြံထဲရှိ ထိုင်ခုံပေါ်မှာ ထိုင်ပြီး ထိုသီချင်းသံ ခပ်ဆွေးဆွေး ကိုနားထောင် နေရင်းသီချင်းသံလေး ပျောက်ကွယ်သွားမှာတောင် စိုးရိမ် မိသည်.... ည ဘက်ဒီလိုအချိန်ရောက်တိုင်း ရောက်လာတတ်သည့် ထိုကားလေး ဆီက သီချင်းသံကိုနားထောင်ဖို့အတွတ် ခြံကိုအမှောင် ချပြီး အပြင်ဘက်နဲ့အနီးကပ်ဆုံးမှာ ထိုင်ခုံချရင်းထိုင်စောင့်မိသည် အထိ ရူးသွပ်နေသည့် ကောင်မလေးတစ်ယောက်ရှိသည်ကို ထိုလူ သတိထားမိပါက ဘယ်လို တုံ့ပြန်မည်ကို စဉ်းစားရင်း မျက်ရည်ဝဲတတ်လာမိသည်... ဝေ့ကျလာသောမျက်ရည်များကို ထိန်းရင်း ခပ်တိုးတိုးကြားနေရသည့် GD ရဲ့ Thatxx ဆိုတဲ့သီချင်းထဲက They say love is blind oh baby u r so blind ဆိုတဲ့စာသားလေးကို ကားပေါ်က တစ်စုံတစ်ယောက်မကြားအောင်တိုးတိုးလေး အပြိုင်လိုက်ညည်းမိသည်......

ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....Where stories live. Discover now