ကားမောင်းနေသည့် သူ့ပုံစံကို ကျွန်တော်ခဏခဏလိုကြည့်မိသည် ဟာ ဒီကဂျောင်ကိုငါဘာလို့ခဏခဏကြည့်နေမိပါလိမ့် ငါ့လောက်လည်းမချောပဲနဲ့
ဟိတ် ဘာတွေဖြစ်နေတာလဲတစ်ယောက်တည်းခေါင်းတွေငြိမ့်လိုက် ခေါင်းတွေခါလိုက် နဲ့
ဟင် ဘာလဲ ဘာမှမဖြစ်ပါဘူး မောင်းစရာရှိတာသာမောင်းပါ ဘာလို့လူကိုကြည့်နေတာလဲ
ဟောဗျာ မီးပွိုင့်ကြီးလေကွာ ကိုယ်ဖြတ်မောင်းလိုက်ရင် ကော်ဖီဆိုင်မရောက်ပဲ ယာဉ်ထိန်းရဲနဲ့နှစ်ပါးသွားနေရမှာပေါ့
အာ့ဆိုလည်းရှေ့ကိုကြည့်နေလေ ဒီကိုကြည့်မနေနဲ့
ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ
အင်းယားကန်ဘောင်နားက beyound Cafe ဆိုတဲ့ ကော်ဖီဆိုင်လေးရောက်တော့ အထဲဝင်မထိုင်ဖြစ်ပဲ မြက်ခင်းပေါ်က စားပွဲခုံလေးကိုပဲရွေးပြီးသူကဦးဆောင်ခေါ်သွားသည်
ကော်ဖီသောက်ရင်း ခင်ဗျားလေးအသက်ကဘယ်လောက်ရှိပြီလဲတဲ့
ဘာလဲဟ နာမည်ကိုအရင်မေးပြီးမှ အသက်မေးကြတာထုံးစံမလား ဒီဘဲအရူးလားမသိဘူး
ဟိတ် ဒီမှာမေးနေတယ်လေ
ဪ အင်းကျွန်တော်က ၁၈ ကျော်ပြီ ခင်ဗျားကရော
ကိုယ်က မင်းထက်နည်းနည်းပိုအသက်ကြီးတယ် ဒါပေမဲ့အဆင်ပြေသလိုပြောပါ
ပြီးရောလေ ပြီးမှရိုင်းတယ်မပြောကြေးနော်ဘရို
Okei okei မင်းနာမည်ကရော
ကြယ်ရောင်သွေး
ဪ ဒါဆိုကိုယ်မင်းကိုသွေးလို့ပဲခေါ်မယ် အဆင်ပြေတယ်မလား
နာမည်ဆိုတာခေါ်ဖို့ပဲဗျ ကြိုက်သလိုခေါ်
သွေး မင်းက ကလေးနဲ့တူတယ်နော် ပွင့်လင်းပြီးပေါ့ပါးတယ်မင်းကိုကြည့်ရတာ အာ့ကြောင့်စတွေ့တည်းကကိုယ်မင်းကို ခင်ခဲ့တာ
ကိုယ့်ကိုရော မင်းဘယ်လိုထင်လဲ
ဟမ် ဘာကိုဘယ်လိုထင်ရမှာလဲ
မဟုတ်ဘူးလေကွာ ကိုယ်မေးတာက ကိုယ့်ကိုစတွေ့တုန်းကဘယ်လိုထင်လဲလို့မေးတာ
YOU ARE READING
ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....
Teen Fictionခင်ဗျား အနား မွာ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နေနေ သ၍သူ ခင်ဗျား အနားကိုဘယ်တော့မှရောက်မလာနိုင်ဘူး Z #သွေး
