ဘုန်းရတုမျိုး တစ်ယောက် နိုးသည်နဲ့ဖုန်းကိုကောက်ကိုင်ကာ" Morning ကေလး "ဆိုသည့် msg လေးအားကြယ်ရောင့်ကိုပို့လိုက်ပြီးသည်နဲ့ပြုံးမိသည်ဘာရယ်မဟုတ်သူကိုယ်တိုင်ကိုကဒါမျိုးလေးလုပ်နေရသည်ကိုပင်ကျေနပ်နေသည်လေ ...
ပြီးတာနဲ့ online ကိုဖွင့်ပြီး ကြယ်လေးလိုင်းပေါ်ကဘယ်အချိန်ဆင်းလဲကြည့်မိသည် ထုံးစံအတိုင်းပါပဲညနက်သည်ထိလိုင်းပေါ်မှာရှိခဲ့သည့်ကြယ်ရောင့်အားသူနည်းနည်းလေးတောင်စိတ်မဆိုးမိဒါပေမယ့်အိပ်ရေးပျက်ပြီးကျန်မာရေးထိခိုက်မည်ကိုစိုးရိမ်သည် ထို့ကြောင့်အိပ်ချိန်မှန်အောင်အိပ်ဖို့အမြဲမှာသော်လည်းဂရုမစိုက်သည့်ကိုယ့်ရဲ့ချစ်သူအားအစားအသောက်နဲ့သာကျန်းမာရေးအတွတ်ကိုယ်တိုင်အချိန်ရရင်ရသလိုဂရုစိုက်ကာကျွေးမိသည်....
မနက်နိုးသည်နှင့်ဤသည်ကားဘုန်းရတုမျိုး၏မည်သူစေခိုင်းချက်မှမပါပဲရှိနေသည့်တာဝန်နဲ့ဝတ္တရားပင် ...
ပြီးသည်နှင့်ရေချိုးခန်းထဲဝင်ကာအလုပ်သွားဖို့အမြန်ပြင်ဆင်ရသည် ... ပြင်ဆင်ပြီးသည်နှင့် taxi ဌားကာ နန္ဒတို့အိမ်ကိုအရင်ပြေးရသည် မနေ့ကသူ့ကြောင့် ကြယ်လေးရဲ့ကားနန္ဒအိမ်မှာထားခဲ့ရသည်မဟုတ်လား ...
မနက်အစောကြီးသူများအိမ်လာရတာအားနာပင်မယ့်လည်းမတတ်နိုင်
အခုလိုစောစောလာယူထားမှသာကြယ်လေးနိုးလာသည့်အခါအပြင်သွားချင်အလွယ်တကူသွားလို့ရမှာမလား မဟုတ်ရင်ရွှေစိတ်တော်လေးငြိုငြင်သွားမှာ ကျွန်တော်အသားနာသည်ထက်ပို၍ကြောက်မိသည်
ကားဝင်ယူပြီးသည်နှင့် တော်ဝင်နှင်းဆီ သို့သွားကာ ကြယ်လေးကြိုက်တတ်သည့်ရှမ်းခေါက်ဆွဲ မလိုင်နံပြားနှင့် ကဗ္ဗလာဖျော်ရည်တို့ကိုဝယ်ယူကာ ကြယ်လေးအိမ်သို့ခြေဦးသုတ်ရသည် နာရီကိုကြည့်တော့မနက်၈နာရီတောင်ထိုးနေပြီ ကြယ်လေးမနိုးလောက်သေးပေမယ့် မတော်တဆနိုးခဲ့ရင်ဗိုက်ဆာနေတော့မှာစိုးရိမ်၍ကားကိုအမြန်မောင်းမိသည် ....
ကိုယ်တော်ချောလေးအိမ်ရောက်တော့ထင်သည့်အတိုင်းမနိုးသေး တအိမ်လုံးမှအဒေါ်နဲ့တူဝရီးနှစ်ဦး အပြင် ခြံစောင့်ဦးလေးကြီးနဲ့အိမ်အကူအဒေါ်ကြီးပါ ပေါင်းမှ ၄ ဦးသာရှိသောအိမ်ခြံဝင်းအကျယ်ကြီးထဲ အဒေါ်ဖြစ်သူဆိုင်သွားသည့်အခါတိုင်းတစ်ယောက်တည်းကျန်ခဲ့သည့်ကြယ်ရောင်အိမ်မကပ်သည် မှာလည်းအပြစ်မဟုတ်သလို ဖခင်တစ်ဦးသာရှိတော့ပြီးနိုင်ငံခြားမှာအခြေချကာ လိုအပ်သည့်ပိုက်ဆံပို့ပေးရုံ လောက် နှစ်နှစ်တစ်ခါလောက်လာတွေ့ရုံ ခေါ်တွေ့ရုံလောက်နှင့်ဖခင်တာဝန်ကျေပြီထင်နေသော အေဖ ...
ထို့ကြောင့်နွေးထွေးမူမေတ္တာလိုအပ်နေသောကြယ်လေး ပွေရူပ်ရခြင်းအားသူအပြစ်မမြင်မိတဲ့အပြင် ကြင်နာချင်သည်ယုယပြချင်သည် ဘဝတစ်ခုလုံးပုံပေးကာအသုံးတော်ခံချင်သည် ...
YOU ARE READING
ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....
Teen Fictionခင်ဗျား အနား မွာ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နေနေ သ၍သူ ခင်ဗျား အနားကိုဘယ်တော့မှရောက်မလာနိုင်ဘူး Z #သွေး
