တကယ်လို့ အတိတ်တွေသာ လှပခဲ့မယ်ဆို လက်ရှိမှာ သွေးအား အခုလိုနာကျင်စေမိမှာမဟုတ်.. အရှေ့မှာအိပ်ပျော်နေတဲ့ သွေးရဲ့ပိန်ကျသွားတဲ့မျက်နှာလေးကို ခပ်ဖွဖွကိုင်ကြည့်ရင်း မိုးစက်ရင်ထဲ အောင့်တတ်ကာ မ်က္လုံးထဲမွ မျက်ရည်တစ်ချို့ ကျဆင်းလာသည်...
ဒီဇာတ်လမ်းမှာ မှားယွင်းနေသူက ကျွန်တော်ပဲ ဖြစ်မှာပါ...
သွေးနဲ့စပက်သက်မိတည်းက ပြင်ဆင် ထားရမှာဖြစ်တဲ့ မိဘတွေကိုမလွန်ဆန်နိုင်ခြင်းအမူကြောင့် အမြဲခပ်ပျော်ပျော်နေတတ်တဲ့ သွေးကိုနာကျင်စေခဲ့တယ် အခုတဖြန် အေးချမ်းနေတဲ့ သူ့နှလုံးသားလေးကို ကိုယ်တိုင်ထပ်ခါထပ်ခါဖျက်စီးမိပြန်သည်... သွေးကိုပိုင်ဆိုင်ချင်တဲ့စိတ်ဖြင့် အနားကိုပြန်ရောက်လာရင် ပျော်ရွှင်မည်ဟုထင်ပြီး လုပ်ခဲ့သမျှ ဟာ အခုလို သွေးတင်မကပဲ ကျွန်တော်ပါ အဆပေါင်းများစွာပိုလို့ နာကျင်နေခဲ့ရသည်...။
ကျွန်တော့်ရဲ့ မှားယွင်းမူတွေကိုရပ်တန့်နိုင်ပါ့မလား.....
အမှောင်ရိပ် တစ်နေရာမှာရပ်ထားရင်း သုံးထပ်တိုတ်အဖြူရောင်လေးဆီသို့ ထုံးစံအတိုင်း လွမ်းမောနေသည့် မျက်လုံးများနှင့်ငေးမောနေသော လူတစ်ယောက်...
ဒေါက် ဒေါက်...
ရုတ်တရက် ကားမှန်ကို လာခေါက်သည်ကြောင့် ဝေ့ကျလာသည့်မျက်ရည်များကိုအရှိန်သတ်ကာ အပြင်ဘက်သို့ ကြည့်လိုက်သည်....
အဓ်ိပ္ပါယ်မဖော်ဆောင်နိုင်သည့် အပြုံးများဖြင့် ကြည့်နေသော နိူင်းခ....
ကိုဘုန်း ကားတံခါးကို ဖွင့်ကာ အပြင်သို့ ခဏထွက်လိုက်သည်.....
ဘာမှမေးမြန်းချင်းမရှိပဲ ရုတ်တရက် ပြောလာသည့်စကားကြောင့် ကျွန်တော်အ့ံသြမိသည်
အတော်ပဲ ကျွန်တော့် ကား ကြယ့်ရောင့်ကြောင့် ကိုဘုန်းတို့ Company အောက်မှာကျန်ခဲ့တယ်
ကျွန်တော့်ကိုလိုက်ပို့
အခုက သူ့ကား ကျွန်တော်ယူသွားလို့ပြန်လာထားပေးတာ
ကိုယ့် Company ဟုတ္လား ဘယ်တုန်းကရောက်ခဲ့ကြတာလဲ
ညေနက ...
ဘာမှမဖြစ်သလို အရေးမကြီးသလို ပြောနေသော နိူင်းခ ရဲ့ အပြုံးနဲ့ ပြောဆိုနေမူတွေဟာ ကြယ့်ရဲ့သူငယ်ချင်းပါလို့ပြောစရာပင်မလို...
YOU ARE READING
ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....
Teen Fictionခင်ဗျား အနား မွာ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နေနေ သ၍သူ ခင်ဗျား အနားကိုဘယ်တော့မှရောက်မလာနိုင်ဘူး Z #သွေး
