တီ တီ...အိမ်ရှေ့ရောက်လို့ ဟွန်းတီတော့ ခြံစောင့်ဦးလေးကြီးမဟုတ်ပဲ ဒယ္ဒီ ကိုယ်တိုင်ခြံတံခါးကိုလာဖွင့်ပေး၍ ကျွန်တော် အနည်းငယ်ကြောင်အမ်းမိသည်.....
သားဘုန်း ဒယ္ဒီ ဧည့်ခန်းထဲမှာစောင့်နေမယ် သားနဲ့ပြောစရာရှိလို့...
ဟုတ် ဒယ္ဒီ
ဧည့်ခန်းထဲရောက် တော့ ဒယ်ဒီနှင့်တူတူ ထိုင်နေသော မာမီ့ ကိုတွေ့တော့ မာမီ မအိပ်သေးဘူးလား....
သားဘုန်း ဒီရက်ပိုင်း တွေ အိမ်ပြန်နောက်ကျလွန်းတယ်မထင်ဘူးလား......
Sorry ပါ daddy နဲ့ Mommy...
မလိုပါဘူး သားဘုန်းရယ် မာမီ က သားကို သား သတိမထားမိမှာစိုးလို့ သတိပေးတာပါ....
နောက်ထပ်မဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပါ့မယ် မာမီ......
ဟုတ်ပြီသား... အခု ခဏထိုင်ပါဦး သား daddy က ပြောစရာရှိလို့တဲ့.....
ပြောပါ Daddy....
သား အိမ့်ဆည်းလည်းနဲ့တွေ့ပါ....
တွေ့ပြီး သားဘာလုပ်ရမလဲ ဒယ္ဒီ......
အိမ်ထောင်ဖက် တစ်ယောက်အနေနဲ့ပြောနေတာ သား.....
Sorry Daddy ဒါ သားကို သစ္စာမဲ့ ခိုင်းနေတာပဲ... ကျွန်တော်မလုပ်နိုင်ဘူး ဒယ္ဒီ...
စိတ်မချမ်းသာရမယ့် Relationship တစ်ခုကို မင်းဘယ်အချိန်ထိ တစ်ယောက်တည်း ခံစားနေပြီး ရှေ့ဆက်ဖို့စဉ်းစားထားလဲ ငါတို့ က မင်းစိတ်ချမ်းသာမယ်ဆိုလို့ ငါတို့ ဂုဏ်သိက္ခာ တွေထည့်မတွတ်ပဲ ခွင့်ပြုခဲ့တာ ကြ ငါ့သား စိတ်ချမ်းသာစေဖို့တစ်ခုတည်းနဲ့...အခု မင်းဟာ က ဘယ်နှယ့် အမြဲတမ်း ငိုနေရတာ ငါတို့မိဘတွေ ဘယ်စိတ်ချမ်းသာနိုင်မလဲ.....သားဘုန်း ဒယ်ဒီတို့ စိတ်ချမ်းသာ ချင်တယ်သား....
ကျွန်တော် ပျော်နေတာပဲ ဒယ္ဒီ....ကျွန်တော် ဘယ်လောက်ပဲ ခံစားနေရပါစေ သူ့အနားမှာနေ နေရ ရုံနဲ့ တင်ကျွန်တော် ပျော်တယ်...
သားဘုန်း မာမီ့ ကိုကြည့်ပါဦး သားရယ် မာမီ လေ သား ကိုစိတ်ချမ်းသာစေချင်တယ် သားမျက်ရည်တွေ ကိုမာမီ မခံစားနိုင်ဘူး မာမီ တို့မှာ သားတစ်ယောက်ပဲ ရှိတယ်ဆိုတာ သားသိတယ္မလား.... အိမ့်ဆည်းလည်း က သား ကိုတော်တော် သဘောကျနေတာ သား... သား သူ့ကို စိတ်မဝင်စားရင်တောင် တွေ့ကြည့်သင့်တယ်လို့တော့ မာမီ ထင်တယ်....သားကိုမာမီ တို့ လိုက်လျော ခဲ့သလို သားလည်း မာမီ တို့ကို စိတ်ချမ်းသာစေချင်ရင် ဒီတစ်ခုတော့ လိုက်လျောပေးပါ နော် သား ဘုန်း....
BINABASA MO ANG
ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....
Teen Fictionခင်ဗျား အနား မွာ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နေနေ သ၍သူ ခင်ဗျား အနားကိုဘယ်တော့မှရောက်မလာနိုင်ဘူး Z #သွေး
