Part 15 with unicode

188 13 0
                                        

စားချင်တာတွေ လျှောက်စားရလို့ပျော်နေတဲ့ ကလေးလေး.... ခဏကြာတော့ ကားပေါ်တတ်ကြပြီး အိမ်ပြန်လမ်းမဟုတ်တဲ့ လမ်းကိုချိုးကွေ့လေတော့ ကျွန်တော် နာရီကို ကြည့်မိသည်... ၄ နာရီတောင်ထိုးတော့မယ် ကေလး အိပ်ရေးတွေပျက်လို့ပင်ပန်းနေတော့မှာပဲ...ဘိုတစ်ထောင်ကမ်းနားဘက်ရောက်တော့ ရပ်သွားတဲ့ကား ပေါ်ကဆင်းလာတဲ့ ကလေးနဲ့မိုးစက်... သူတို့ကြည့်ရတာ သိပ်ပျော်နေတဲ့ပုံ စကားတွေပြောနေကြရင်း ရယ်နေကြရင်း မျက်လုံးတွေထဲမှာ အပျော်ငွေ့တွေနဲ့ရယ်ပေါ့...

ကျွန်တော်နဲ့ဆိုရင်ရော ကေလး ဒီလိုပျော်နေပါ့မလား..

-----=====-==============------------
မိုးစက် ကားမောင်းနေရင်း နောက်က ကားတစ္စီး
ဆက်တိုတ်လိုက်နေတာသတိထားမိတာကြာပြီ
အစကေတာ့ စိတ်ပူမိသွားပေမယ့် နောက် ကားနံပါတ်ကိုသတိထားမိကာ မိုးစက် နူတ်ခမ်းတစ်ဖတ်ရွဲ့ကာခပ်ညစ်ညစ်ပြုံး
လိုက်မိသည် ထို့နောက် အိပ်ချင်နေတဲ့သွေး ကို ကမ်းနားဘက် မွာ လေညှင်းသွားခံမယ်လို့ ပြောလေတော့

သွားချင်လည်းသွားလေ ငါလည်း အဲ့လောက်မအိပ်ချင်သေးပါဘူး... ပြီးတော့ ငါဒီနေ့မင်းကိုနည်းနည်းကြည်နေတယ်...

ကျေးဇူးပါဗျာ ဒီနေ့တစ်နေ့တည်းမဟုတ်ပဲ အမြဲကည်ပေးပါ ကိုယ့်ရဲ့အိပ်ပုတ်လေးရာ

ကမ်းနားဘက်ရောက်တော့ လက္တြဲကာ တူတူလမ်းလျှောက်နေရင်း

သွေး ငါ က မင်း ထက်ပိုချောတယ်နော်
ဒါပေမယ့် ဘာလို့ ငါက မင်းလိုရုပ်ဆိုးကိုသေအောင်ချစ်မိနေလည်းစဉ်းစားမရဘူးကွာ...

ဒါဆိုမင်း ဆေးသောက်သင့်ပြီ Z လို့ဆိုတော့

နှစ်ယောက်သားအပြိုင်ရီမိကြသည် ဟုတ်သည် ကျွန်တော် တို့နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက်စနောက်ရင်းပွင့်လင်းစွာပြောဆိုခဲ့ကြဖူးတဲ့ ချစ်သူနှစ်ဦး...ကျွန်တော် အခု ပစ္စုန်ပန်ကနေ့ရက်တွေထဲမှာ ဒီည လေးကို အမြတ်နိုးဆုံးပဲ
သွေး... ငါတို့အတိတ်တွေထဲ ပြန်ရောက်နေတယ်လို့မခံစားရဘူးလား.... ငါတော့ဒီနေ့ည သိပ်ပျော်တာပဲမင်းသိလား....

ငါလည်းပျော်ပါတယ်....

ကိုယ် မင်းကို သိပ်ချစ်တယ် သွေး.....သူ့ရဲ့
နူတ်ခမ်းပါးကို နယ်ချဲ့မိလေတော့ မရုန်းကန်ပဲ ငြိမ်နေတယ့်သွေး ... ကျွန်တော် ဒီနူတ်ခမ်းတွေကိုလွမ်းနေရတာ ကျွန်တော်မပိုင်တော့တဲ့ ဒီချိုမြိန်တဲ့နူတ်ခမ်းတွေကို ကျွန်တော် ပြန်ပိုင်ဆိုင်ချင်တာ ပြီးတော့ ကျွန်တော့် ရဲ့ အသည်း တစ်ဝက်ရှိနေတဲ့ သူ့ရဲ့ဘယ်ဘက်ရင်ဘတ်တစ်နေရာ.... ဟုတ်တယ် ကျွန်တော့် သိပ်ချစ်လွန်းလို့ ဒီလောကကြီးထဲကထွက်သွားမှာစိုးလို့ ကျွန်တော် ပေးခဲ့တဲ့ ဒီအသည်းတစ်ခြမ်း နဲ့ သွေးကအသက်ဆက်ရှင်နေခဲ့တာလေ တကယ်တော့ကျွန်တော်ဟာ သွေးကိုပိုင်တယ်.... ကျွန်တော်ပိုင်တဲ့ အရာကိုကျွန်တော် ပြန်ယူတာ တရားတယ်လို့ကျွန်တော်ထင်တယ် ချိုမြိန်မူကိုခံစားနေရင်း
မလှမ်းမကမ်းက ရပ်ထားတဲ့ကားပေါ်က အရိပ်ကို
မသိမသာအကဲခတ်ကြည့်လေတော့ သေချာတယ် သူမြင်မှာပါ...
နူတ်ခမ်းပါးရဲ့ချိုမြိန်မူကိုယစ်မူးနေတုန်း သွေးက ကျွန်တော့်ခါးတွေကိုသူ့လက်လေးနဲ့တွန်း ဖယ်လေတော့ အချိန်ရနိုင်သလောက်ဆွဲထားဖို့ကို ကျွန်တော် ကြိုးစားမိသည်...
သိပ်ချစ်တယ် သွေး.... ခဏလောက်ပဲ ကိုယ် တကယ်လွမ်းနေခဲ့ရလို့ပါကွာ...နော် ခဏေလးပါပဲ လို့ဆိုတော့ ငြိမ်သက်သွားသော သွေး ရဲ့လက်တွေကြောင့် ကျွန်တော် ချိုု မြိန်မူကို မက်မောစွာနမ်းရိူက်မိပြန်သည်....

ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....Donde viven las historias. Descúbrelo ahora