Part - 7 with Unicode

253 13 0
                                        

ဝင်လာသော msg အား ကျွန်တော်ကြောင်ကြည့်နေရင်း ခေါင်းထဲတွင်လည်း မေးခွန်းများစွာရယ် သူကျွန်တော့်ဖုန်းနံပါတ်ကိုဘယ်လိုရတာလဲ ပြီးတော့သူဘာလို့ msg တွေပို့နေရတာလဲ ....?

မေးခွန်းများပင်အဖြေရှာမရသေး ဖုန်း Ringtone သံကြောင့်ကြည့်လိုက်မိတော့ ထိုနံပါတ် msg တွေပို့နေသော နံပါတ်ဖြင့်ဝင်လာသောဖုန်း သိချင်စိတ်တွေကြောင့်ဖုန်းကိုင်လိုက်မိသည် ဖုန်းကိုင်ပြီးသည်နှင့်
ကျွန်တော်ကပင် ဟဲလိုပင်မပြောရသေး
နိုးနေပြီလား ဘာလို့ msg ပြန်မပို့တာလဲ
ကိုယ့်ကိုမမှတ်မိတော့တာလား cock tail တခွက်သောက်ပြီး အတိတ်မေ့တယ်လို့လည်းမကြားဘူးသေးပါဘူး ...

"ဟာဗ်ာ ဘာတွေပြောနေတာလဲ အတိတ်လည်းမမေ့ဘူး ရွှေလည်းမပျောက်ဘူး ဘယ်သူမှန်းမသိလို့ပြန်မပို့တာ
နေပါဦး ကျွန်တော့်ဖုန်းနံပါတ်ကိုအဲ့ဘက်ကလူ ဘယ်လိုသိတာလဲ :

ဪ မနေ့က ကားပေါ်မှာအိပ်နေရင်း ခင်ဗျားလေး ဘာလို့နိုးလာတာလဲ ...

"သီချင်းသံကြားလိုက်လို့လေ ဘာဖြစ်လို့လဲ"

အဲ့သီချင်းသံကကိုယ့်ဖုန်းက Ringtone လေ

ခင်ဗျားလေးအိပ်နေတုန်း ဖုန်းကိုကြည့်လိုက်တော့ lock မခတ်ထားတာနဲ့ ကြုံရင်အကြွေးဆပ်ခိုင်းဖို့ယူခါးလိုက်တာဖုန်းနံပါတ်ကို

"ဘာအကြွေးလဲ သံပုရာရည် ဖိုးလား အာ့မ်ား ညတည်းကပြောပေါ့ တခါတည်းပေးလိုက်မှာပေါ့ ပိုက်ဆံလေး နည်းနည်းလေးများအလုပ်ရူပ်ခံနေဦးမယ် "

ဟာကြာ ကျူပ်ရုပ်ကအာ့ပိုက်ဆံလေးလောက်နဲ့မွဲသေတော့မယ်ရုပ်ပေါ်နေလို့လား

"မသိဘူးလေ ... ခင်ဗျားပဲအကြွေးဆို "

ကားမောင်းပို့ပြီးဂရုတစိုက်အိမ်ထိလိုက်ပို့ပေးထားတဲ့အကြွေးကိုပြောတာ

"ငှါယ် ကျွန်တော် ကအာ့ကိုဘယ်လိုပြန်ဆပ်ရမှာတုန်း"

လွယ်ပါတယ် ဒီနေ့ကိုယ်လာကြိုမယ် မုန့်တစ်ခုခုလိုက်ကျွေး ပြီးရင်ကိုယ်ပဲပြန်လိုက်ပို့ပေးမယ် ဘယ်လိုလဲ....

"Okayy လေ ပြီးတာပဲ ဘယ်အချိန်လောက်လဲ ကျွန်တော်က ညေန လောက်မှအပြင်ထွက်ချင်တာ "

ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....Opowieści tętniące życiem. Odkryj je teraz