ထွက်နေသော ဒေါသနဲ့အတူ လျှံကျလာသောမျက်ရည်များအား လက်ဖြင့်သုတ်ဖယ်ရင်းပင် ထပ်ထပ်ကျလာသောကြောင့် လမ်းဘေးသို့ကားကို သွေး ရပ်ချလိုက်မိသည်။
ကိုကို ကျွန်တော့်ကို ကလဲ့စားပြန်ချေနေတာ လား ကိုကို ကျွန်တော့်ကိုတကယ်ပဲ မေ့ပစ်လိုက်တာလား သူ့ကိုတကယ်ပဲစိတ်ကုန်သွားခဲ့ရင် ဆိုသည့်အတွေးဖြင့် ရင်ထဲပြောမပြတတ်အောင် နာကျင်ရသည်။
အရင်ကဆို သူဘာလုပ်ချင်ချင် ကိုကို က ငြင်းခဲ့ဖူးသည်မရှိ မဟုတ်ပါလား...
သွေး လမ်းဘေးမှာတွေးရင်းငိုရင်း ၀င်လာသည့် ဖုန်းသံကြောင့် ဖုန်းကိုထုတ်ကြည့်လိုက်တော့ နိူင်းခ
ပြော
မင်းဘယ်မှာလဲ ကြယ်ရောင်
အေး ငါမင်းကို လိုအပ်နေတာနဲ့ အတော်ပဲ မင်းငါ့ဆီလာခဲ့နိူင်း
ငါအခုမရသေးဘူး ညနေမှ လာခဲ့လို့အဆင်ပြေမလား
အေး ရတယ် မလာနဲ့ မင်းတို့တွေအကုန် ငါ့ကိုဥပေက္ခာ ပြုနေလိုက်
နှိူင်း ငြင်းပြီးမှ စိတ်ထဲ မကောင်း တစ်ဖက်က ချ သွားသောဖုန်းကို ရပ်ကြည့်နေရင်း ဝေခွဲရခက်နေသည်။
ရုတ်တရက် မိုးစက်နဲ့တူတူရှိနေတုန်း ကိုဘုန်းဆီမှ ၀င်လာသည့် msg ကြောင့် ကြယ်ရောင့်
ကို ဖုန်းဆက်ပေမယ့် တကယ်တော့ သူလည်း မိုးစက်ဘေးမှာ နေချင်သေးသည်ဖြစ်သည် သူငယ်ချင်းဖြစ်သူ၏ အသံကြောင့်လည်း ပြစ်တော့မထားနိုင် ဧည့်ခန်းထဲတွင်ဘာမှ မသိပဲ ထိုင်နေသော သူ့အားဒီကိစ္စတွေလည်း မသိစေချင်
သူသေလောက်အောင်ချစ်ပါသည်ဆိုသူက ကိုဘုန်းရဲ့စကားလေးတစ်ခွန်းကြောင့် ရိူက်ကြီးတစ်ငင်ငင်ငိုနေသည့်အကြောင်း သူသာသိရင် ရင်ထဲ သံမှိူ စိုက်မိသလို ခံစားရနိုင်သည်။ ဥပမာ ကျွန်တော်ခံစားရသလိုပေါ့ ။
နိူင်း တကယ်ကို အတွေး တွေနယ်မချဲ့ချင် အတွေးတိုင်းက သူ့ကိုအသက်ပင်သေစေနိုင်သည် နာကျင်မူအား ဖော်မပြတတ် ကိုယ့်ကိုကို ယောကျာ်းတစ်ယောက်အား မြင်မြင်ချင်း သဘောကျစိတ်၀င်စားမိမည်ဟုဘယ်တုန်းကမှ မထင်ခဲ့ ကြယ်ရောင် come out လုပ်တုန်းကပင် ကိုယ့်ကိုကို တွေးကြည့်မိသေးတယ် တကယ်ကို တွေးမရခဲ့ ငယ်သေးလို့ သဘောကျစရာလူမရှိသေးတာဖြစ်မည် ဟုသာတွေးခဲ့မိတာ။ အတွေးတွေရပ်တန့်ရင်း ၀ရံတာသို့ ထကာ လှမ်းကြည့်နေသည့် မိုးစက် ဆီ လျှောက်သွားလိုက်သည်။
ညနေထိ နေမလို့ပဲ baby လေးရာ
ကိုယ့်အလုပ်ကိစ္စပေါ်လာလို့ အခုသွားမှရမယ် ဘယ်လိုလဲ ရင်ထဲဟာတာတာဖြစ်သွားပြီမလား ။
ချီးတောင်မဖြစ်ဘူး မြန်မြန်လစ် အိမ်ရူပ်တာသက်သာသေး မင်းက တကယ့်မျက်နှာရူး
နိူင်း အားရပါးရ ရယ်လိုက်ရင်း ပစ္စည်းများသိမ်းနေလိုက်သည်။
ကော်ဖီအတွက် ကျေးဇူး မိုးစက်
ငါနောက်နေ့တွေလည်းလာခဲ့လို့ရတယ်မလား
ငါ့အိမ်ကိုဧည့်သည်မခေါ်ဘူး
ဒါဆို ငါ့ကို ဧည့်သည်လို့သဘောမထားနဲ့ အိမ်ထောင်ဦးစီးလို့သဘောထားလိုက်
ချီးရူလိုက် ဟေ့ရောင်
ကိုယ်သွားပြီနော် ဟု ခေါင်းကိုဖွကာနူတ်ဆက်သွားသော နိူင်းအားကြည့်ရင်း မိုးစက် တစ်အံ့တစ်ဩဖြစ်မိသည် သည်ကောင်တကယ်မျက်နှာရူး
CZYTASZ
ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....
Dla nastolatkówခင်ဗျား အနား မွာ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နေနေ သ၍သူ ခင်ဗျား အနားကိုဘယ်တော့မှရောက်မလာနိုင်ဘူး Z #သွေး
