သီချင်းသံတစ်ခုကြောင့်ကျွန်တော်နိုးလာတော့ကျွန်တော့်အိမ်၏ခြံထဲသို့ပင်ရောက်နေလေသည် ..
ကျွန်တော်နိုးလာသည်ကိုမြင်မှထိုလူက နိုးလာပြီလားကိုယ့်လူ မင်းအိပ်နေတာမနိူးချင်တာနဲ့ထိုင်စောင့်ပေးနေတာ ခုနိုးလာပြီဆိုတော့အိမ်ထဲဝင်တော့နော် ကိုယ်လည်းပြန်တော့မယ်
အိမ်ထဲရောက်ရင်တခုခုစားပြီးအိပ်လိုက်နော် ဪ ပြီးတော့ ဒီမှာမင်းအတွတ်
ခေါင်းနောက်နေသေးတယ်မလားသောက်လိုက်ဟုပေးလာသောသူ့လက်ထဲ၌ဘယ်အချိန်ကဝယ်လိုက်မှန်းမသိလိုက်သော သံပုရာရည်
ဟင် ဘယ်လိုရောက်လာတာလဲအာ့သံပုရာရည်က
မင်းအိပ်ယာကနိုးလာရင် ခေါင်းကိုက်ပြေအောင်သောက်ဖို့
ကိုယ်လမ်းကဝင်ဝယ်ခဲ့တာလေ
မင်းကအိပ်နေတော့ဘယ်သိမလဲ
ဒါနဲ့ခြံတခါးကရောဘယ်သူဖွင့်ပေးတာလဲ
ခြံတခါးလာဖွင့်ဖို့ကို်ယ် ဟွန်းတီးခဲ့တာတောင်ခင်ဗျားလေးကနိုးမလာဘူးလေကိုင်း
နောက်ဆိုသတိလေးထားပြီးအိပ်ကွာ
အခုကိုယ့်နေရာမှာတခြားသူသာဆိုရင်ပါသမျှကုန်သွားမှာမကြောက်ဘူးလား ...
ပြီးတော့အခုမှတွေ့တဲ့ကိုယ့်ကိုရောယုံကြည်ခဲ့တာလား နောက်ဆိုခုမှတွေ့တဲ့လူတွေအပေါ်လွယ်လွယ်မယုံနဲ့ကြားလား ...
ဒီမွာ ခင်ဗျားဟာလေလျှာကိုသိပ်ရှည်တယ်ကျူပ်ကလူကဲခတ်တော့မာ့လောက်မညံ့သေးပါဘူးဗျ စိတ်ချရလို့အိပ်နေတာပါ
ပုံမှန်ဆို ဘေးကပုရွတ်ဆိတ်တစ်ကောင်လမ်းဖြတ်လျှောက်သွားရင်တောင်နိုးလာတတ်တဲ့လူမျိုးဗျ ဘာမှလည်းမသိပဲနဲ့ ...
ဟားဟား ဟုတ်ပါပြီဗျာ အာ့ဆိုနောက်မှတွေ့မယ်နော်ကိုယ်အအိပ်ဆတ်လေး
...ဟုဆိုကာဆံပင်ကိုဖွရင်းကားထဲမှထွက်သွားသောသူ့အား မေးလိုက်ချင်ပါသည် နောက်မှတွေ့မယ်ဆိုရအောင်ကျွန်တော့်နာမည်တောင်သိပါရဲ့လားလို့လေ.....
သူထွက်သွားပြီးတာနဲ့ကျွန်တော်လညး်အိမ်ထဲကိုဝင်ခဲ့တော့တိတ်ဆိတ်လွန်းလှသောအိမ်ကြီးကခြံစောင့်ဦးလေးရယ်အိပ်နေပြီဖြစ်သောအဒေါ်ဖြစ်သူရယ်အိမ်မှကူလုပ်ပေးတဲ့ထမင်းချက်အန်တီရယ်ကလွဲ၍တခြားအပိုလူမရှိပါဘူးအရင်အတိုင်းပါပဲဟုပြောနေသည့်နှယ် .....
YOU ARE READING
ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....
Teen Fictionခင်ဗျား အနား မွာ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နေနေ သ၍သူ ခင်ဗျား အနားကိုဘယ်တော့မှရောက်မလာနိုင်ဘူး Z #သွေး
