Part - 10 with Unicode

536 23 6
                                        

တီ တီ

အိမ်ရှေ့က ကားဟွန်းတီးသံကြောင့် ကိုဘုန်း ရောက်လာပြီဆိုတာ ကျွန်တော် သိလိုက်တယ်
တွေးနေစအတွေးတွေနဲ့ကျနေတဲ့မျက်ရည်တွေကိုဘေးချိတ်လို့ ကျွန်တော်အောက်ထပ်ကိုဆင်းသွားလိုက်တယ်....

ရှပ်အကျႌ blue skyအရောင် ကိုမှ Skinny အနက်နဲ့တွဲဝတ်ထားသော ကိုဘုန်း စိတ်ဓာတ်ရေးရာမှာရော အရည်အချင်း မှာရော ပြောစရာမရှိလွန်းလှတဲ့ ကိုဘုန်းအနား သားမက်တော်ချင်သူ သမီးရှင်အများအပြားနှင့် မဒီချောချောတွေ ဝိုင်းဝိုင်လည်နေတယ်ဆိုတာလည်းမလွန်ပေ.... မိသားစု ၃ ယောက်သာရှိပေမဲ့ ကိုဘုန်းတို့ မိသားစုလေးဟာ အရမ်းကို နွေးထွေးတဲ့မိသားစုလေးဖြစ်နေတာဟာလည်း... ကျွန်တော် ကိုဘုန်းကိုအားကျရတဲ့အချက်တစ်ချက်ပေါ့

ကြယ်လေး.... တစ်ခုခုစိတ်ညစ်စရာများရှိနေလား....

မရှိပါဘူး... ဘာလို့လဲ

ဘာမှမဟုတ်ပါ ဘူး ကေလး မျက်နှာသိပ်မလန်းလို့ပါ နေမကောင်းတာများလား ဆိုပြီး နဖူး ကိုလက်ဖဝါးတင်ပြီးအပူတပြင်းလာစမ်းရှာတဲ့ ကိုဘူန်း ကိုကြည့်ရင်းကျွန်တော် မျက်ရည်ကျမိလာတယ်...

ဟာ ကေလး ဘာဖြစ်လို့လဲ ကိုကို့ ကိုပြောကွာ ကိုကိုဘာလုပ်ပေးရမလဲ ဘာတွေစိတ်ညစ်နေလဲ ကိုကို့ကလေးလေး ရာ.....

ကျွန်တော် မေမေ့ ကိုလွမ်းတယ် မေမေ သာရှိနေသေးရင် ကျွန်တော့အပေါ်ကောင်းလွန်းတဲ့ ကိုဘုန်းကိုအရမ်းသဘောကျမှာပဲ ...

ဘာများလဲလို့ ကေလးရာ ကိုကို့ ကြယ်လေး ကတကယ့်ကလေးလေးပါကွာ.... ငိုမနေနဲ့တော့ တိတ်တော့နော် မေမေ မရှိတော့ပေမယ့် ဟော ဒီက ကိုကို က မေမေ့အစားရော ပေါင်းပြီး နှစ်ယောက်စာ ပိုအလိုလိုက်ပြီး ပိုချစ်ပေးပါ့မယ် ဟုတ်ပြီလား....

ရင်ခွင်ထဲချွဲ ပြီး ဝင်လာသော ဤကလေးငယ်၏ရင်ထဲတွင် ဘာတွေရှိနေမလဲ ကျွန်တော် သိပ်သိချင်ခဲ့မိသည် ငယ်ရွယ်စဉ်ကတည်းက မိခင် ရင်ခွင်ဍ် ခိုလှူံ၍ မလုံလောက်နိုင်သေးသည့်အချိန်မှစ၍ ဝေးကွာခဲ့ရသော ကလေးငယ်အား နွေးထွေးမူတွေ မေတ္တာ တွေ ကျွန်တော် သူအတွတ်ပိုလျံှနေသည်အထိပေးချင်သည် သူခံစားနေရသည့် အထီးကျန်မူတွေအား ကျွန်တော် လွှဲယူချင်သည် ...
ကျွန်တော် သည် သူ့ကိုမျက်ရည်ကျအောင်လုပ်နိုင်သည့် သူ့ခံစားချက်တွေကိုဖြစ်နိုင်ရင်ဆွဲထိုးမြေမြှပ်ပစ်ချင်သည်.... သူသေဘာ တက် ကြည့်တတ်လွန်းသည့်အရာတွေအား ကျွန်တော် မူပိုင်ခွင့်ယူကာ အပိုင်ပေးပစ်ချင်သည် သူသာစိတ်ချမ်းသာမည်ဆို ကျွန်တော်ပိုင်ဆိုင်သမျှအရာပါးလုံးသာမက ကျွန်တော့အသက်ကိုပါ အဆုံးရူံးခံပေးနိုင်သည် ကျွန်တော် က အရူးတဲ့လေ သူငယ်ချင်းတွေကပြောကြတယ် ရယူလိုခြင်းမရှိဘဲ ပေးဆပ်ခြင်းများနဲ့အချစ်ကိုတောင်းခံ မိတာ ကို ရူးသည်တဲ့လေ....
ဘယ်သူတွေ ဘာတွေပြောကြပါစေ ကြယ်လေး ပျော်နေဖို့ဆို ကျွန်တော့်နှလုံးသား သွေးစိမ်းရှင်ရှင်ထွက်ပြီး ပဲ့ကြွေနေလည်း အဆင်ပြေတယ် အဓိက က ကျွန်တော် ချစ်တဲ့ ကြယ်လေး ပြုံး နေဖို့ပဲ မဟုတ္လား......

ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....Where stories live. Discover now