Ring Ring Ring..... ကြယ်ရောင်သွေး ဖုန်းကိုကောက်ကိုင်လိုက်သည်...
Hello ! ငါရောက်တော့မယ် လာနေပြီ
အေးပါကွာ ကြယ်ရောင်မင်းလာနေတယ်ပြောနေတာလွန်ခဲ့တဲ့၄၈နာရီလောက်တည်းကနော် ဒီတစ်သက်ကောရောက်ဦးမှာလား
Hrrr ... မိုးစက်မင်း ငါတကယ်လာနေတာကွ လမ်းမှာမင်းကြီးတော်ကားတွေကပိတ်နေလွန်းလို့
Lol အခန်းထဲကနေတောင်မထွက်ရသေးဘဲကားတွေပိတ်တယ်ဆိုပဲဟေ့ဟုထအော်သောနိူင်းခကို အားလက်သီးဖြင့်ကြယ်ရောင် ရွယ်ပြလိုက်သည်။
နိူင်းခကို နိူင်းခကို သည်ကား ကြယ်ရောင်၏အချစ်ဆုံးသူငယ်ချင်းဖြစ်ပြီးသူတို့နှစ်ယောက်သည်အူဝဲဟုစအော်တတ်စတည်းကရန်ဖြစ်လာသောမတည့်အတူနေကြောင်နဲ့ခွေးးဖြစ်ကြသည်
ဟျောင့် ကြယ်ရောင် မင်းကို ဟိုကောင်တွေပြောတာလည်းမလွန်ဘူး မင်းဆိုတာကအမြဲတမ်းနောက်ကျမှရောက် မင်းနာမည်ကိုကြယ်ရောင်သွေးကနောက်ကျသွေးလို့ပြောင်းလိုက်တော့ နိူင်းခကိုအပြောကိုကြယ်ရောင်စိတ်မဆိုးမိ အဘယ်ကြောင့်ဆိုသော်မိမိသည်အမှန်တကယ်နောက်ကျမြဲ နောက်ကျဖြစ်နေသောကြောင့်ဖြစ်သည် နောက်ကျရခြင်း reason ပေးပါဆိုရင်လည်းသူ့မှာ reason မည်မည်ရရမရှိ ဒါပေမဲ့လည်းမည်သူနဲ့ချိန်းချိန်းနောက်ကျမှအမြဲရောက်သည့်သူတစ်ဦးကတော့ကြယ်ရောင်သွေးဆိုသည့်သူမှတစ်ပါးအခြားမရှိ.......
Ring Ring Ring....
နိူင်းခသူ့ ဖုန်းမှပေါ်လာသော contacts name အားကြည့်ပြီးသည်နှင့်တပြိုင်နက်ကြယ်ရောင့်အားအနားရှိခေါင်းအုံးနှင့်ပစ်ပေါက်လိုက်သည်...
ဟာ ဟောျင့်ဘာလဲကွ ဘလိုင်းကြီး
ဘာဘလိုင်းကြီးလဲ ဒီမှာမင်းကိစ္စမင်းရှင်းဆိုပြီးဖုန်းကိုပစ်ပေးလိုက်တော့ ဖုန်းမှပေါ်နေသော(ကိုဘုန်း)ဆိုသည့်နာမည်အားကြည့်ပြီးကြယ်ရောင် ကျစ် တစ်ချက်စုတ်သက်လိုက်ကာ ငါမင်းနဲ့အတူမရှိဘူးပြောလိုက် ပြီးရင်တခါတည်းမင်းဖုန်းပါပိတ်ထားလိုက်ကွာ ဟုဆိုကာဖုန်းအား ပြန်ပစ်ပေးလိုက်သည်..
နိူင်းခလည်းဖုန်းကိုကိုင်၍ ဟဲလို ကိုဘုန်း ....
တစ်ဖက်မှကိုဘုန်း ထုံးစံအတိုင်းအားမရှိတဲ့အသံဖြင့် ကိုယ်ကြယ်ရောင့်ဖုန်းကိုဆက်တာမရလို့ ညီ့ကိုဆက်လိုက်တာ ကြယ်ရောင်ဘေးမှာရှိလားညီ
မရှိဘူး ကိုဘုန်းကျွန်တော်ကဟိုကောင်တွေနဲ့တွေ့နေပြီ
ဪ ကိုယ်ကညီနဲ့ကြယ်ရောင်တူတူသွားမယ်ထင်လို့ဆက်လိုက်တာ ကိုယ့်ဖုန်းကိုကြယ်ရောင်က blacklist ထဲထည့်ထားလို့ညီ သူနဲ့တွေ့ရင်ပြန်ထုတ်ပေးဖို့ပြောပေးပါဦးကွာ....
Haha ဘာလဲကိုဘုန်းတို့ထုံးစံအတိုင်းစကားများကြပြန်ပြီလား စိတ်မပူပါနဲ ့ ကျွန်တော်ပြောလိုက်ပါ့မယ်
ကျေးဇူးညီ အာ့ဆိုဒါပဲနော် ကိုယ်အလုပ်မှာမို့
ဟုတ်ကိုဘုန်း see ya ...
ဖုန်းချပြီးသည်နှင့်နိူင်းခ ဘေးမှ ဆံပင်ကိုကျကျနနရွိူင်းနေသော ကြယ်ရောင့်အားဆောင့်ကန်လိုက်ပြီး ဟျောင့်မင်းနဲ့ ကိုဘုန်းသတ်ကြပြန်ပြီလား ဒီတစ်ခါရောဘာကိစ္စလဲ
နေပါကွာ သူ့အကြောင်းလာမပြောနဲ့အာရုံနောက်လို့ လာသွားကြမယ်ဆိုပြီးရှေ့ကထွက်သွားသည့်ဘုဂလန့်လူ့ဂွစာကြယ်ရောင်အားကြည့်ရင်းနိူင်းခ တရားတွေတောင်ရမိပါ၏ .....
နိူင်းခရေ မင်းမလာတော့ဘူးလားဆိုသည့်ကြယ်ရောင့်အော်သံကြားမှ နိူင်းခအောက်သို့ပြေးဆင်းသွားသည် ကြယ်ရောင်ကတော့ကားပေါ်မှာအဆင်သင့်စက်တောင်နိူးပြီးနေပြီ ကျွန်တော်သာနောက်နှစ်မိလောက်မှမရောက်လျှင်သူ့ဘာသူမောင်းထွက်သွားမည့်ဆိုက်....
နိူင်းခ ဘေးကကားမောင်းနေသောနှာတံချွန်ချွန် ကြယ်လေးနဲ့တူတဲ့မျက်လုံးလေးတွေ ရယ်လိုက်တိုင်းတွန့်ချိုးသွားတဲ့အသည်းပုံနူတ်ခမ်းရဲရဲလေးတွေ ပုံဖော်ထားခြင်းမရှိပေမဲ့သပ်ရပ်လွန်းသောမျက်ခုံးလေးတွေနှင့်ပြည့်စုံလွန်းလှသောကြယ်ရောင်ဆိုသည့်. ဤ
အနှီလူသားချောချောလေးအားကြည့်ရင်းတွေးမိသည် ကြယ်ရောင်ဆိုသည့်ကိုယ်တော်ချောအကြောင်းပြောရမည်ဆိုရင်ရည်းစားရူပ်သည့်အကြောင်း ရည်းစားရူပ်တယ်လို့လည်းပြော၍မရသေး ဘာလို့လဲဆိုတော့ဒီကောင်ကတစ်ယောက်နဲ့ပြတ်မှတစ်ယောက်ထားတာဆိုတော့ရည်းစားများတယ် ဟုတ်တယ်ရည်းစားများတယ်ပဲဆိုကြပါတော့...ကြယ်ရောင်ဆိုသည့်ကိုယ်တော်ချောကရည်းစားတစ်ယောက်ကိုတစ်လပြည့်အောင်တွဲဖူးသည်ဟူ၍မရှိ အားလုံးကိုသူကစဖြတ်ခဲ့တာချည်း သူကပစ္စည်းတစ်ခုခု ဒါမူတ် လူတစ်ယောက်ကိုသဘောကျမိရင်သေမလိုပဲ အေးဒါပေမဲ့အာ့အရာကိုသူပိုင်ပြီးပြီဆိုရင်တော့သောက်ဖတ်တောင်လှည့်မလုပ်တတ်သည့်မျောက်စိတ်နဲ့လူသား ပြီးတော့ဘယ်အရာကိုမှအလေးအနက်မထားတတ်သူဗျ ဒါပေမဲ့ သူ့စိတ်ကနူးညံ့ပြီးအထိအခိုက်လွယ်တယ်ဆိုတာကိုတော့သူနဲ့ငယ်ငယ်တည်းကပေါင်းလာတဲ့ကျွန်တော်လောက်ပဲသိတာဗျ သူကအမြဲတမ်းမာကြောအေးစက်ပြီး မာနအပြည့်နဲ့နေတတ်သူမို့ သူ့ကိုနှလုံးသားမရှိသူဟုသူ့ရည်းစားဟောင်းများကကင်ပွန်းတတ်ပေး
ကြသေးသည် ... ဒါပေမဲ့ သူလည်းအသွေးအသားနဲ့လူပါပဲဆိုတာသူနဲ့အနီးကပ်အမြဲလိုလိုရှိနေသည့်ကျွန်တော်ကပဲသူ့အစားပြောပေးပါရစေ.. ဘာလို့ဆိုရင်သူကိုယ်တိုင်ကတော့သူ့မှာခံစားချက်ရှိကြောင်းဝမ်းနည်းတတ်ကြောင်းကိုဘယ်တော့မှထုတ်ပြောမှာမဟုတ်လို့လေ သူကမွေးတည်းက ကိုက်ဖော်ကိုက်ဖက်
ကျွန်တော့်ကိုတောင်တစ်ခါတစ်ခါလျှိထားပြီးဘသူမှမသိအောင် ဝမ်းနည်းတတ်တာဗျအာ့လိုခေါင်းမာတဲ့လူစားမျိုးပါ ဒါပေမဲ့ကျွန်တော့်လိိုစိတ်ထားအလွန်ကောင်းသူလေးကတော့နားလည်ပေးနိုင်ပါတယ်လေ
YOU ARE READING
ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....
Teen Fictionခင်ဗျား အနား မွာ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နေနေ သ၍သူ ခင်ဗျား အနားကိုဘယ်တော့မှရောက်မလာနိုင်ဘူး Z #သွေး
