ကိုဘုန်း ထွက်သွားတော့မှ ကျွန်တော့် ကိုတွန်းထုတ် ကာ
ကြမ်းပြင်ပေါ် ထိုင်ကျ သွားတဲ့ သွေး...
. သွေးလုပ်ရပ်တွေ မှားနေတယ်ဆိုတာ
ကျွန်တော် သိပေမယ့် အခုဆို ပြိုင်ဘက်မရှိတော့သည့် အတွတ်
ကျွန်တော့် မှာ အခွင့်အရေး ပိုများလာတော့မှာကို တွေးရင်း ကျွန်တော် ကျေနပ်မိသည်...
ကြမ်းပြင်ပေါ်မှာ ငိုနေသည့် သွေးကို မြင်ပြန်တော့လည်း ကျွန်တော့် နှလုံးသားက နာကျင် ရပြန်တယ်...
သွေး ကိုဘုန်းအပေါ် သိပ်ချစ်တာသိသာနေသည့် အတွတ် ကျွန်တော် နာကျင် ရသလို...
ကျွန်တော် ချစ်တဲ့ သွေး နာကျင် နေရသည်မို့ ပိုလို့ နာကျင် မိသည်....
အချစ်နတ္်သမီး က ကျွန်တော့ တို့ သုံးယောက်အပေါ် ဘာကြောင့် အခု လို ရက်စက်လွန်းရတာလဲ......
Z....
သွေးရဲ့ ခေါ်သံ ကြောင့် ကျွန်တော် သူ့ ဘေးမှာ ဝင်ထိုင်ချလိုက် သည်...
ပြောလေ သွေး.... Z မင်းက ရော ဘာလို့ ငိုနေတာလဲ မင်း ဖြစ်စေချင်သလို ဖြစ်နေတာလေ မင်းက ပျော်ရမှာ...
ငါ မင်းကို မချစ်ဘူး ဒါပေမယ့် မင်းအနားမှာငါနေမယ် Z.. ဒါမှ ဟိုလူလိမ်ကောင် ပိုခံစားရမှာ.....
သွေး ကျေးဇူးပြုပြီးကွာ ငါ့ကို မချစ်ဘူး ဆိုတဲ့အကြောင်းကို ခဏခဏ မပြောပါနဲ့လား ကွာ ...
ငါ သိနေပြီးသား ပေမယ့် မင်းပါးစပ် က တစ်ခွန်းထွက်လာတိုင်း ငါ့ ရင်ဘတ်ကတခါ အောင့် အောင့်တတ် သွားတာမို့လို့
ငါတောင်းပန်တာပါ...
Hk Hk မင်းတို့များ တရားလိုက်ကြတာ မင်းတို့ မဆိုသလောက်လေး နာကျင် ရတာက် သိတတ်လိုက်ကြတာ ငါခံစားရတုန်းက တော့
မင်းနာကျင်နေလား မေးမယ့်သူမရှိဘူး...
ငါပြောထားတယ်လေ ကွာ...သုံးယောက်လုံးတူတူ နာကျင်ကြပါမယ်ဆု်ိ...
------------------------------------
ကလေး အိမ်က ထွက်လာတည်းက ကျွန်တော်
ဆောက်တည်ရာမရတော့ပါ
YOU ARE READING
ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....
Teen Fictionခင်ဗျား အနား မွာ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နေနေ သ၍သူ ခင်ဗျား အနားကိုဘယ်တော့မှရောက်မလာနိုင်ဘူး Z #သွေး
