Part 41 with Unicode

Comenzar desde el principio
                                        

သွေး....
ကုတင်ပေါ်မှာ အခုချိန်ထိ အိပ်စက်လို့ကောင်းနေတုန်း သွေးအား ကြည့်ရင်း ရင်ထဲ၌ တကယ်ကိုအဆင်မပြေ...
တိုးတိုးလေး လှူပ်ကာ နိူးတော့ မျက်လုံးများကို အားယူကာဖွင့်ကြည့်သည်...ပွင့်လာသည့် မျက်လုံးနှင့်အတူ အဖော်ပါလာသော မျက်ရည်စ တစ်ချိူ့... ညေနက ဘယ်တွေသွားပြီး ဘာတွေ ဖြစ်လာလဲဆိုတာ ကျွန်တော် မမေးချင်တော့ သွေးရင်ထဲက ဒဏ်ရာကို ဆားထပ်မသိပ်လိုပါ...
ထ ဦးလေ သွေးရဲ့... ငါမင်းအတွတ် ကြက်သားစွပ်ပြုတ်လေးလုပ်ထားတယ် မင်းအစားမစားတာ တော်တော်ကြာနေပြီ... မင်း တအားပိန်သွားတယ်...
ကျန်းမာရေးကို ဂရုစိုက်လေ ကွာနော် ဒါမွ မင်းဖြစ်ချင်တာ မင်းလုပ်ချင်တာတွေ လုပ်နိုင်မှာလေ...

ထိုစကားသံကြားတော့သွေးဆီမှ ခပ်ရွဲ့ရွဲ့အပြုံးတစ်ခုနဲ့အတူ
ငါဖြစ်ချင်တာ ငါလုပ်ချင်တာ ဟုတ္လား...
ငါက ဘာဖြစ်ချင်ပြီး ဘာလုပ်ချင်ရမှာလဲ ...
အေး ငါလတ္တေလာ လုပ်ချင်နေတာကတော့ လူသတ်ချင်နေတာပဲ မင်းနဲ့ ဟို ကိုဘုန်းဆိုတဲ့ ကောင်ကို ပါ သတ်ပြီး ထောင်ထဲ ပဲ ဝင်နေချင်တော့တယ်.....

အင်း ငါ့ကိုသတ်ချင်ရင် မင်းအရင်အားရှိအောင်လုပ်ဖို့လိုသေးတယ်... ထ မျက်နှာသစ်ပြီး ရေလေးဘာလေးချိူးလိုက်နော် ငါ မင်းစားဖို့အတွတ် ကြက်သားစွပ်ပြုတ်လေး သွားနွှေးလိုက်ဦးမယ်....

မင်းမပြန်သေးဘူးလား...
အင်း မင်းစားပြီးမှ ငါပြန်မယ်...
ညေနက ငါဘယ္သြားတာလဲ မင်းသိလား...
အင်း ငါသိတယ်... အခု မင်းရေချိူးတော့..
ငါ သူ့ကိုမမေ့နိုင်သေးဘူး...
အင်း အဲ့ဒါလည်းငါသိတယ်...
မင်းဘာမှမခံစားရဘူးလား...
မင်း ငါ့အနားမှာရှိနေသေးတာပဲ လေ...
ဒါပေမယ့် မင်းကိုမှ ငါမချစ်တော့တာ..
ငါကေတာ့ မင်းကိုရူးမတတ်ချစ်တယ် သွေး...
ငါ မင်းအနားကနေ ထွက်သွားမယ်ဆိုရင်ရော...
အစတည်းက မင်းက ငါ့အနားမှာမရှိခဲ့ပါဘူး ငါကသာမင်းနဲ့ အနီးဆုံးနေရာကိုရောက်အောင်လာခဲ့ရတာပါ..ပြီးတော့ တစ်ချိန်ကျရင် ပြန်ဖယ်ပေးရမယ်ဆိုတာကိုလည်း သိပြီးသားပါ...

ငါ မင်းအပေါ် မတရားဘူးလို့ မင်းတွေးဖြစ်လား Z..
မင်းငါ့အပေါ် မတရားဘူးဆိုတာထက် ငါတို့ကို အခ်စ္နတ္သမီးက မှားယွင်းပြီးတွေ့ဆုံပေးလိုက်တယ်လို့ပဲ ငါတွေးတယ်... မင်းနဲ့စတွေ့တည်းက အခုချိန်ထိ မင်းအပေါ် အသိစိတ်ထဲကရော မသိစိတ္ကပါ မက အိမ်မက်ထဲမှာပါ အပြစ်မတင်ခဲ့ဘူးဘူး...
ငါကသာ မင်းအပေါ်မှားခဲ့တာ ငါ့ရဲ့ခဏတာ ဆုံးဖြတ်ချက်မှားယွင်းမူကြောင့် မင်းကို အခု လို နာကျဉ်ထိခိုက်စေခဲ့မိတာ ငါတောင်းပန်ပါတယ်...

Z မင်းငါ့ကို လက်လွှတ်တော့မှာလား...

မင်း ပြန်ပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်မယ်ဆိုရင် ကျန်းမာရေးကို ဂရုစိုက်မယ်ဆိုရင် မင်းကို မနှောက်ယှက်မိအောင် နေ သွားနိုင်အောင်ငါကြိုးစားမှာပါ....

Aww..... တွန့်ဆုတ်ချင်း မရှိ ဖြေ လာတဲ့ Z ၏အဖြေအား
ကြယ်ရောင် ဘဝင်မကျ...
အခု ကျွန်တော်က ဝမ်းနည်းရမှာလား ဝမ်းသာရမှာလား....

သွေး ရေချိူးခန်းထဲ က ပြန်ထွက်လာသည်အထိ ကျွန်တော်တို့ စကားမပြောဖြစ်ကြတော့....
စားရန် ထည့်ပေးထားသော ကြက်စွပ်ပြုတ်ကိုသာ အရင်ကနဲ့မတူ စားပါဟု ချော့ကျေွးနေရန်မလိုပဲ သူ့ဘာသူခပ်ကာစားနေသော သွေးအား ငေးကြည့်နေမိသည်...
ကျွန်တော် လက်လွှတ်ပေးမည်ဆိုသည့်စကားက သူ့ကိုသာမန်လူတစ်ယောက်လို ပြန်အဆင်ပြေစေနိုင်နေပါက ကျွန်တော်သာ သူ့အနားက ထွက်သွားပြီးလျှင် သွေး အရင်ကထက်အများကြီးပို ပျော်ရွှင်လာနိုင်မည်ထင်သည်....

သွေး စားသောက်ပြီးတော့ သိမ်းစရာရှိတာတွေ သိမ်းဆည်းခဲ့ပေးရင်း ပြန်တော့မည် ဟု နူတ်ဆက်မိသည်....

ခါတိုင်းနဲ့မတူ...သွေး ဆီမွ ကျေးဇူး ပဲဆိုသည့်စကားသံ...
Ahhh ကျွန်တော် ထွက်သွားမည့်အချိန်ကို သွေးက အာ့လောက်တောင် မျှော်လင့် နေခဲ့မှန်း ကျွန်တော်မသိခဲ့...
ကျွန်တော်က အချစ်မှာရူးသွပ်သွားပြီး ချစ်ရသူရဲ့ ဆန္ဒကိုမမြင်နိုင်လောက်အောင်ပင် အထပ်ထပ်အခါခါ မှားယွင်းနေခဲ့မိသည်လား......

သွေးအား တုံ့ပြန်ပြုံး တစ္ခုသာ ပြုံးပြနိုင်ခဲ့ ရင်း ဆင်းလာလိုက်မိသည်....

အချိန်ကိုကြည့်တော့ ဆယ့်တစ်နာရီခန့်....

ကားပေါ်ရောက်တော့ ခဏငြိမ်သက်စွာ ထိုင်နေမိသည်...ဘာရယ်တော့မဟုတ် ကျွန်တော်မှအဆင်မပြေတာ...ချစ်ရတဲ့တစ်စုံတစ်ယောက်ကို အသက်ရှင်လျှက် လက်လွှတ်ပေးရမယ်ဆိုတာကြီးက ကျွန်တော့အတွတ်မှ အဆင်မပြေခဲ့တာ...
မျက်ရည် များကျမလာအောင် ထိန်းရင်း ကားကို သာ အပြစ်ပုံချရင်း တရကြမ်းမှောင်းနှင်မိသည်...ကျွန်တော် မငို လိုတော့ပါ......

-------------
တရကြမ်းမှောင်းထွက်သွားသည့်ကားတစ်စီး ၏ နောက်မှ ထက်ကြပ်မကွာ လိုက်ကာမှောင်းနှင် သွားသော ကားလေးကိုသက်တန့်ငယ် ဘုရားတရင်း ငေးကြည့်နေမိသည်... ထိုလူကြီး အန္တာရာယ်ကင်းပါစေ....

ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....Donde viven las historias. Descúbrelo ahora