Sorry နော် ကျွန်တော် နည်းနည်း စိတ်ပူသွားလို့ပါ...
ခြံစောင့်ဦးလေးကြီး ကေတာ့ ခွင့်လွှတ်သည့်ဝန် ပြုံးပြမှ ကားပေါ်တတ်ကာ အမြန်မောင်းထွက်လာရင်း ဟိုရှာဒီရှာ လိုက်ရှာနေမိတော့သည်....
တစ်ယောက်တည်း ဘယ်လိုမှ အဆင်မပြေတာကြောင့် နိူင်းခ ၏ ဖုန်းအား ခေါ်လိုက်ပြီး အကူအညီ တောင်းဖို့စဉ်းစားလိုက်သည် ကံကောင်းရင် နိူင်းခနဲ့လည်း သွေးတူတူရှိနေနိုင်သည်မဟုတ်လား.....
တစ်ဖက်မှ ဝင်လာသောဖုန်းသံကြောင့် နိူင်း ဘေးတွင်ချထားသောဖုန်းကို ကောက်ယူကြည့်မိလိုက်သည်..
မိုးစက် ဆိုသည့် contact name ကြောင့် အနည်းငယ် အမ်းသွားသည်... ပုံမှန်ဆို မိုးစက်က ကျွန်တော့်ဆီ ဖုန်းဆက်တာ ရှားတယ်မလား....
ဖုန်းကို ကောက်ကိုင်လိုက်ရင်း...
အေး ပြော...
သွေး မင်းနဲ့တူတူရှိနေလား နိူင်းခ...
နိူင်းခ ကိုယ့်ကိုကို လှောင်ပြုံးတစ်ချက်ပြုံးပြီး မိုးစက်ဝ မေးခွန်းအားတုံပြန်လိုက်သည်....
အခုချိန်မှာ သွေးကို တွေ့ချင်ရင် ငါက မင်းကို ရှာရမယ်မှတ်နေတာ...
သွေး အခုပျောက်နေတယ်.. လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်တာကို ကားမောင်းပြီးထွက်သွားတယ်တဲ့....
ဘာ မင်းက မတားဘူးလား...
ငါမရှိလိုက်လို့ အဲ့အချိန်တုန်းက...
သူအခုလို ဖြစ်နေတဲ့အချိန်တောင် သူ့အနားမှာမနေပေးနိုင်လောက်ရအောင် မင်းက ဘာတွေအရေးကြီးနေလို့လဲ ပြောတော့မင်းပဲ သူ့ကိုချစ်လှချည်ရဲ့ဆို.... ကိုဘုန်းရဲ့ လက်ထဲကနေ မတရားယူထားခဲ့တာ သွေးကိုအခုလို ပစ်ထားဖို့လား...
မင်းငါ့ကို ဆူဆဲချင်ရင်လည်း နောက်မှ ဆဲပါကြာ မကျေနပ်ရင်ငါနဲ့တွေ့တဲ့အခါ ထိုးလိုက်ပါ ငါခံပါ့မယ်
အခုတော့ ငါ့ကို သွေးကိုတစ်ချက် ကူရှာပေးပါနော်..
အေး ကေားင်ပြီလေ
မင်းရှာတာလည်းရှာတာပေါ့ ကားကိုတော့ဂရုစိုက်မောင်း တစ်ယောက် ကေန နှစ်ယောက် ငါစိတ်မပူချင်ဘူး....
အေးပါကွာ ကျေးဇူး နိူင်းခ....
မိုးစက် နေရာတော်တော်များများက city mart ရဲ့ Beer တန်းဘက်တွေနဲ့ liquor ဆိုင်တွေတော်တော်များများ ရောက်ခဲ့ပြီးပေမယ့် အခုချိန်ထိ မတွေ့သေးသော ကြောင့် ရင်ထဲ ဗလောင်ဆူပြီး ကိုယ့်ကိုကို အပြစ်တင်နေမိသည်... ညနေလည်းဆောင်းနေပြီဖြစ်လို့ သွေးအတွတ်ပိုစိတ်ပူမိသည် တစ်နေရာရာမှာကားရပ်ထားရင်း မကောင်းတဲ့ကောင်တွေနဲ့တွေ့ရင် မူးနေတဲ့သွေး ဘာမှပြန်လုပ်နိုင်မှာမဟုတ်သောကြောင့်ပိုလို့ စိုးရိမ်မိသည်....
နိူင်း.... တခြားနေရာတွေကို ရှာရန်ထက် ကိုဘုန်းနဲ့ ပက်သက်တဲ့ပတ်ဝန်းကျင် ကိုရှာရန်ပဲ စိတ်ကူးမိတာကြောင့် အလုပ္က Daddy ဆီမွ ခွင့်တောင်းကာ ကိုဘုန်းတို့ Company သို့ ဦးတည် မောင်းနှင်လာခဲ့သည်.....
ထင်တဲ့အတိုင်း car packing ရောက်တော့ ရှာရင်းနဲ့ကြယ်ရောင့်ကားကို တွေ့တာကြောင့် စိတ္သက္သာရာ ရခဲ့သည်... ကြယ်ရောင့် စိတ်အခြေအနေနဲ့ နှလုံးသားကို နားလည်နေသောကြောင့် သူ့ကားနှင့်မနီးမဝေးမှာ ကားကို packing ထိုးထားရင်း အေဝးကပဲ စောင့်နေပေးဖို့စဉ်းစားကာ အခုချိန် မမောမပန်းအရူးတစ်ယောက်လို ရှာဖွေနေဦးမည့် မိုက်မိုက်မဲမဲအချစ်ရူးကြီးထံသို့ စိတ်မပူရန် msg ပို့လိုက်သည်....
--------------------
မူးမူးနဲ့ မောင်းလာရင်း အနီးစပ်ဆုံးဆိုင်က Beer ဝင်ဝယ်ကာ အိမ်ပြန်မည်အလုပ် နှလုံးသားက လက်မခံ
ထို့ကြောင့် စိတ်၏အလိုကို လိုက်ရင်း မောင်းနှင်သွားမိသည်က မိမိကို ပစ်စက်လခတ် ထားခဲ့သော တစ်ချက်လေးတောင် လှည့်မကြည့်တော့တဲ့ ချစ်သူဟောင်းရဲ့ အလုပ္က ကား packing ဆီသို့ ....
ဝယ်လာသော Beer များသောက်ရင်း သူ့မျက်နှာများ မြင်ရမလားဆိုတဲ့ စိတ်နဲ့ စောင့်ကြည့်နေမိခဲ့တာ ရုံးဆင်းချိန်တောင်ရောက်တော့မှာပဲ.......
😁😁
KAMU SEDANG MEMBACA
ကိုကို က ကျွန်တော့်ကိုချစ်သည်တဲ့လား....
Fiksi Remajaခင်ဗျား အနား မွာ သူမရှိလည်း ဖြစ်တယ်ဆိုတဲ့ပုံစံနဲ့ နေနေ သ၍သူ ခင်ဗျား အနားကိုဘယ်တော့မှရောက်မလာနိုင်ဘူး Z #သွေး
Part 37 with Unicode
Mulai dari awal
